လယ်ယာရေနစ်မြုပ်မှု အဆိုးဆုံး ကြုံနေရသည့် ဒေသများမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ် ဖြစ်ပြီး မိုးခေါင်၍ စိုက်ပျိုးရန် အခက်ခဲဆုံး ဒေသများမှာ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်းသိရ |
|
|
Sunday, 12 August 2012 10:35 |
လက်ရှိတွင် ရေကြီးနစ်မြုပ်သည့် ဧရိယာများအား စာရင်းကောက်ယူ ပြုစုလျှက်ရှိကြောင်း မကြာမီ မိုးများ ၍ရေနစ်မြုပ်ခဲ့သည့် စာရင်းရရှိမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာ ၀န်ရှိသူများက ပြောကြားခဲ့သည်။ “စာရင်းကတော့ ပြုစုနေတယ်။ အခု ရေနစ်မြုပ်မှုအများဆုံး ဖြစ်ပေါ်နေတာက ဧရာဝတီနဲ့ ကရင်ပြည်နယ်ပါ။ မိုးခေါင်တာကတော့ စစ်ကိုင်းနဲ့ မန္တလေးက အခေါင်ဆုံးပါ”ဟု လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပုသိမ်ခရိုင် သာပေါင်းမြို့နယ်အတွင်း၌ လယ်ဧကများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို သြဂုတ်လ ဒုတိယအပတ်က တွေ့ရစဉ်
“ရေက နေရာအနှံ့နစ်နေတာပဲ။ ဘယ်လောက်နစ်မြုပ်မှု ရှိသလဲ ဆိုရင် ဥပမာ-လေးမျက်နှာမြို့နယ် ဆိုပါတော့။ လက်ရှိမှာ စိုက်ဧက ၅၀၀၀၀ ကျော်ရှိတယ်။ ကျေးရွာအုပ် စု ၄၁ အုပ်စုရှိတာ အုပ်စု ၂၀ လောက် က လယ်မြေတွေ ရေမြုပ်တယ်။ ဒီလို ပဲ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်းနဲ့ တခြားမြို့နယ် အများစုက လယ်တွေရေနစ်၊ ကားလမ်းပေါ်ကျော် တဲ့အထိနစ်တာဆိုတော့ စပါးခင်းကတော့ ပြောမနေနဲ့။ ဒီနှစ်တော့ တောင်သူတွေ နှစ်ခါပဲပြန်စိုက်ရမလား။ ဒီ လိုပဲနစ်နေရင်တော့ ၀မ်းစာတောင် မမျှော်နဲ့တော့”ဟု လေးမျက်နှာမြို့ နယ်နှင့် ပုသိမ်မြို့နယ်အတွင်း လယ်မြေလုပ်ကိုင်နေသည့် တောင်သူကြီး တစ်ဦးက ပြောပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ညောင်လေးပင်၊ က၀မြို့နယ်များမှ လယ်ယာများ အများဆုံး ရေနစ်မြုပ်ခဲ့ကြောင်း၊ ဝေါမြို့နယ်တွင်လည်း ရေကြီးနစ်မြုပ်မှုကြောင့် တောင်သူများ ဆုံးရှုံးမှု ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ဒဂုံအရှေ့၊ ထန်းတပင်စသည်ဖြင့် မိုးစပါးစိုက်ဒေသများ ရေနစ်မြုပ်မှု အများဆုံးဖြစ်ပွားခဲ့ပြီး တောင်သူများဆုံးရှုံးမှု အချို့ရှိကြောင်းလည်း သိရသည်။ “ဧရာဝတီနဲ့ကရင်မှာ အများဆုံးနစ်မြုပ်တယ်။ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးမှာလည်း နစ်မြုပ်တာပဲ။ ဒီတော့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်း ဒေသကြီးသုံးခုကမြန်မာနိုင်ငံရဲ့အဓိက စပါးထွက်တဲ့ တိုင်းဒေသကြီးတွေ ဖြစ်နေတယ်။ ဒီရာသီဥတုအတိုင်း ဆက်သွားမယ်ဆိုရင် အထွက်လျော့မှာ သေချာတယ်။ တောင်သူတွေလည်း ၀မ်းစာလောက်ရဖို့တောင် တော်တော်လုပ်ယူရမယ့် ပုံစံဖြစ်နေတယ်။ ဒါပေမယ့် မိုးပါးသွားရင်တော့ လည်း အထွက်က သိပ်မထိခိုက်နိုင်ဘူး။ ဒါပေမယ့် တောင်သူတွေကတော့ တကယ်လို့ စပါးတွေပျက်သွားရင် ပြန်စိုက်ရမယ့်အတွက်တော့ ကြဲပြီး သွားသူတွေ၊ စိုက်ပြီးသားသူတွေကတော့ နှစ်ခါပြန်ကုန်မယ်။ သေချာ တာကတော့ တောင်သူတွေ ထိခိုက်နေတာပဲ”ဟု စပါးအထွက်လျော့ကျ နိုင်သည့်အပေါ် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ဟင်္သာတမြို့နယ် တလုတ္ထော်တိုက်နယ် အင်းခ၀ါကျေးရွာတွင် လယ်ဧကများ ရေနစ်မြုပ်နေစဉ်
“စစ်ကိုင်း၊ မန္တလေးဒေသတွေ မှာ မုတ်သုံဝင်ဝင်ချင်း စိုက်ထားတဲ့ဟာတွေ နောက်မိုးကို မျှော်စိုက်ထားတဲ့ သီးနှံတွေမဖြစ်ထွန်းဘူး။ မိုးက ဆက်မရွာတော့လို့။ အခုမိုးမရွာလို့ လယ်ယာလုပ်ငန်းထဲလည်း မ၀င်နိုင်သေးဘူး။ ဒီအချိန်ဆို စစ်ကိုင်း မန္တလေး က ပုံမှန်အတိုင်းဆိုရင် မိုးရေတော်တော်ရနေပြီ။ လယ်ထဲဝင်ဖို့ ထွန်ဖို့ လုံလောက်နေပြီ။ အခုကတော့ ရေရအောင်ကို မရွာလို့ စိုက်ပျိုးဖို့ ခက်ခဲနေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူကြီးတစ်ဦးကလည်း ပြောပြခဲ့ပါသည်။ “မိုးက ရွာတဲ့နေရာ တအားရွာတယ်။ မရွာတဲ့နေရာ လုံးဝနီးပါးမရွာဘူး။ ဒီရာသီဥတုနဲ့ကတော့ ဒီနှစ် ကောက်ပဲသီးနှံအထွက်က စိုးရိမ်ရတယ်”ဟု မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မိုးဆက်တိုက်ရွာသွန်းမှု မပြတ်ဘဲ လယ်ယာများရေလွှမ်းခံရသည့် ရက်ကြာရှည်မည်ဆိုပါက တောင်သူများမှာနှစ်ကြိမ် ပြန်စိုက်ရမည်ဖြစ်ပြီး စိုက်ပျိုးစရိတ်မှာ ပိုမိုကုန်ကျမည်ဖြစ်ကြောင်း၊ ထိုသို့ဆိုပါက တောင်သူ များအနေဖြင့် စိုက်ပျိုးစရိတ် မလုံလောက်သည့် အခက်အခဲ ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်း၊ ယခုအတိုင်း မိုး မပြတ်ဘဲ ဆက်တိုက် ရက်ရှည်ဆက်လက်ရွာသွန်းပါက ပိုမိုဆိုးရွားဖွယ်ရှိကြောင်း တောင်သူများက သုံးသပ်လျှက်ရှိသည်။ |
ကျေးလက်နေတောင်သူတွေရဲ့ဘ၀တွေကို တစ်ချက်လောက်ငဲ့ကြည့်ကြပါအုံးဗျာ....သမ္မတကြီးနဲ့တကွ တာဝန်ရှိ တာဝန်သိ လူကြီးမင်းများခင်ဗျား....
လျှပ်စစ်မီးဆိုတာ အိပ်မက်ထဲတောင် ထည့်မမက်ရဲ..လမ်းပန်းဆက်သွယ်ရေးကလဲ စုတ်ပြတ်...မိုးကခေါင်.... စားရတော့ ငါးပိချက်နဲ့ ပဲပြုတ်နေ့တိုင်းနီးပါးပါပဲဗျာ...
This is a symptom of servere climate change & spoiled ecology.