နိုင်ငံတော်သမ္မတဦးသိန်းစိန် စင်ကာပူသမ္မတနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lieutenant General Neo KianHong ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
Wed, 10/17/2012 - 15:43
နေပြည်တော် အောက်တိုဘာ ၁၇
ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
ကာကွယ်ရေး ဦးစီးချုပ်(ရုံး) မှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ
ဗိုလ်ချုပ်ကြီးဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊
ဦးသိန်းညွန့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော်
စင်ကာပူသမ္မနိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်
အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E.
Mr.ChuaHian Kong Robert လည်း တက်ရောက်သည်။
ရှေးဦးစွာနိုင်ငံတော်သမ္မတဦးသိန်းစိန်က
ပြည်သူများ၏ တူညီသော ဆန္ဒ (၂) ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့်
စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတို့ ပြည့်ဝစေရေးအတွက် နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး၊ အမျိုးသား ပြန်လည်ပေါင်းစည်းညီညွတ်ရေး
ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် နိုင်ငံတော် သမ္မတနှင့် စင်ကာပူသမ္မတနိုင်ငံ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့သည် နှစ်နိုင်ငံ တပ်မတော်များအကြား
ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment