Wednesday, October 17, 2012

ယခုနှစ် မြန်မာ့မိုးကုတ်ကျောက်မျက် ဈေးကွက်ပိုကောင်းမည်၊ စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းခြင်းများကြောင့် ပြည်ပ၀ယ်လိုအား မြင့်တက်လာနိုင်


ယခုနှစ် မြန်မာ့မိုးကုတ်ကျောက်မျက် ဈေးကွက်ပိုကောင်းမည်၊ စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းခြင်းများကြောင့် ပြည်ပ၀ယ်လိုအား မြင့်တက်လာနိုင်  PDF Print
Wednesday, 17 October 2012 13:18
AddThis Social Bookmark Button
thn-10-17-3
မိုးကုတ်ရှိ ပတ္တမြားလုပ်ကွက်တစ်ခုအား တွေ့မြင်ရစဉ်

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ထားခြင်းကိုရုပ်သိမ်းပေးခြင်း၊ အာဖရိကတွင် ကျောက်မျက်
ထွက်ရှိမှုမှာ ယခင်ကထက် လျော့ကျလာခြင်းများကြောင့် မြန်မာ့ မိုးကုတ်ကျောက်မျက်များ ၏ ပြည်ပ     ၀ယ်လိုအား ပိုမိုမြင့်တက်လာပြီး ဈေး ကွက်ပိုကောင်းလာမည်ဟု ကျောက်မျက်လုပ်ငန်း ရှင်များက သုံးသပ်လျှက် ရှိသည်။

မိုးကုတ်ကျောက်မျက်ဟုဆိုရာတွင်အရည်အသွေးမြင့်ကျောက်မျက်များ၏ ဈေးကွက်သာပိုမိုကောင်း
မွန်မည်ဖြစ်ပြီး ပြည်တွင်းကျောက် မျက်ဈေးကွက်အတွင်း ရောင်းဝယ်မှုများနေသည့် အလယ်လတ်စားအရည်အသွေးရှိ ကျောက်မျက်များမှာမူ  ပြည်ပဈေးကွက် ပိုကောင်းလာရန် အခြေအနေမရှိသေးကြောင်း လုပ်ငန်းရှင်များကဆိုသည်။မြန်မာနိုင်ငံ၏ ကျောက်မျက်ထွက်ရှိမှုမှာလည်း လွန်ခဲ့သည့် ငါးနှစ်နှင့် နှိုင်းယှဉ်လျှင် များစွာလျော့ကျလာခဲ့သည်ဟု သိရသည်။
''မြန်မာကို စီးပွားရေးပိတ်ဆို့မှုက ဖယ်ရှားပေးလာတယ်။ အဲဒီအတွက် မိုးကုတ်ကျောက်မျက်ဈေးကွက် ကတော့ ပိုကောင်းလာမှာပဲ။ ဒါပေမဲ့အရည်အသွေးမြင့်တဲ့ ကျောက်မျက်ဈေးကွက်ပဲ ပိုကောင်းမှာ။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းဈေးကွက်မှာသုံးတဲ့ အလယ်အလတ်စား အရည်အသွေးရှိတဲ့ကျောက်တွေကတော့ ပြည်တွင်းမှာတင် ပြည်ပဈေးထက်ပိုများနေတဲ့ အနေအထားရှိတော့ ဈေးကွက်ကောင်းမှာ မဟုတ်ဘူး''ဟု မိုးကုတ်တွင် ကျောက်မျက်တူးဖော်သူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
''မိုးကုတ်မှာ ကျောက်မျက်လုပ်ကွက်ချထားပေးတဲ့ပုံစံအရ ၀န်ကြီးဌာနတချို့နဲ့ လုပ်ငန်းရှင်လူနည်းတစ်စုပဲ ရထားတဲ့အတွက်ဈေးကွက်ကို ထိန်းချုပ်ပြီးလိုသလို ကစားတဲ့ ဈေးကွက်ဖြစ်နေတယ်။  တကယ်အထွက်ကောင်းတဲ့ နေရာအားလုံးကို လုပ်ငန်းရှင် ၁၀ ဦးလောက်ကပဲ ယူထားတာ။ ဥပမာ-မိုးကုတ်မှာ ကျောက်မျက်အထွက်ကောင်းတဲ့ ဧက ၂၀၀ လောက်လုပ်ကွက်ကို တစ်ဦးတည်းရထားတာမျိုးပေါ့။ အရင်လို ဒေသခံတွေ အပါအ၀င် လူအများစုက တစ်ဦးကိုဧရိယာနည်းနည်းနဲ့ မျှလုပ်ခွင့်ရမယ်ဆိုရင်တော့ ဈေးကွက်လက်ဝါးကြီးအုပ်လို့ ဘယ်ရတော့မလဲ။ လုပ်ကွက်ချထားပေးတဲ့ပုံစံကို ပြောင်းလဲသင့်ပြီ။ အခုက လူနည်းစုက ကျောက်မျက်ထုတ်ပြီးအရည်အ ရမ်းကောင်းတဲ့ ကျောက်ရရင် ထိန်းထားတယ်။ တရုတ်ကိုပဲသယ်တယ်။ ဒီတော့ ဈေးကွက်ထဲမှာ အရည်ကောင်းတဲ့ကျောက်ကရှားပြီး မိုးကုတ်မှာကျောက်ထွက်တာနည်းသွားပြီလို့ ဖြစ်ကုန်တာပေါ့။ ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်တွေ   ရောင်း ၀ယ်တာများတဲ့ အရည်အသွေးအလယ်အလတ်စားကျောက်မျက်တွေကိုလည်း ဒီလိုပဲ ဈေးကိုမြှင့်ထားတဲ့အတွက် ပြည်ပဈေးထက်တောင် များနေတယ်။ ဒီပုံစံ ဒီစနစ်နဲ့ကတော့ ဈေးကွက်ကောင်းလည်း လူနည်းစုပဲ အကျိုးဖြစ်မှာပဲ''ဟု ပြောပြခဲ့သည်။
ဘဏ္ဍာနှစ်အလိုက် ကျောက်မျက်ထုတ်လုပ်မှုအချို့(ကာရက်)
ဘဏ္ဍာနှစ် ပတ္တမြား နီလာ ပြောင်ခေါင်းစိမ်း Spinel
၂၀၀၆-၂၀၀၇ ၁၅၅၅၅၉၆ ၇၁၅၁၆၀ ၃၄၄၄၇၁ ၈၃၃၂၁၈
၂၀၀၇-၂၀၀၈ ၁၅၁၈၈၅၄ ၃၀၈၆၄၂ ၇၃၂၄၄၂ ၉၂၅၀၃၀
၂၀၀၈-၂၀၀၉ ၁၈၂၁၀၈၅ ၁၂၃၄၅၉၆ ၅၈၃၂၁၅ ၃၆၃၂၆၀
၂၀၀၉-၂၀၁၀ ၁၆၉၂၅၈၇ ၁၀၅၁၇၇၃ ၂၁၁၉၆၀ ၄၂၉၃၁၂
၂၀၁၀-၂၀၁၁ ၁၄၃၇၁၀၃ ၁၄၂၆၄၃၁ ၁၃၁၉၉၄ ၇၆၀၄၄၂
၂၀၁၁-၂၀၁၂ ၁၀၆၈၇၂၁ ၁၄၅၂၅၉၅ ၃၁၀၂၃၉ ၄၇၅၄၁၃
Comments 
 
+2 #1 Aung Zeya 2012-10-17 14:51
နောင်ဆို မိုးကုတ်ကလမ်းခင်းကျောက်ပဲထွက်တော့မှာ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။