ဒုတိယသမ္မတဦးဉာဏ်ထွန်း ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ်ဟောင်းနှင့် ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌ Mr.Hideo WATANABE ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Wed, 10/17/2012 - 14:20
နေပြည်တော် အောက်တိုဘာ ၁၇
ထိုသို့တွေ့ဆုံရာ၌ ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်အတူ
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်ယော်နှင့်
ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော်
ဂျပန်နိုင်ငံအထက်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်- မြန်မာ အသင်းဥက္ကဋ္ဌ
Mr.Hideo WATANABEနှင့်အတူဂျပန်နိုင်ငံအထက် လွှတ်တော်အမတ် Mr.Yoshito
SENGOKU၊ Marubeni Corporation၊ Mitsubishi Corporation၊ Sumitomo
Corporation NTT Communications Ltd နှင့် AEON Group တို့မှ အကြီးအကဲများ
တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံးမှ
တာဝန်ရှိသူများတက်ရောက် ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် စစ်မှန်မှုရှိပြီး အပြန်အလှန်
လေးစားမှုရှိသော နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှု
ပိုမိုတိုးမြှင့် တည်ဆောက်နိုင်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့်
အခြားနယ်ပယ်ကဏ္ဍ အသီးသီးတို့တွင် ပိုမိုပူးပေါင်းမြှင့်တင် ဆောင်ရွက်ရေး၊
စီးပွားရေးပညာရပ်ဆိုင်ရာများနှင့် အခြားသော လူ့စွမ်းအားအရင်းအမြစ်များ
ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းဆိုင်ရာ
ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
No comments:
Post a Comment