ပဋိပက္ခများကြောင့် ငပလီ ခရီးသွား လုပ်ငန်းတွင် ဂယက်ရိုက်မှုရှိ
မြန်မာပြည် အလယ်ပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ခရီးသွားလာမှု သတိပြုရန် အမေရိကန် သံရုံးက ၎င်းတို့၏ နိုင်ငံသားများကို သတိပေးစာ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေသို့ အမေရိကန်နှင့် ဗြိတိန်နိုင်ငံသားများ လာရောက် လည်ပတ်မှုနှုန်း လျော့ကျသွားကြောင်း ငပလီကမ်းခြေ ဟိုတယ်ဇုန်ဥက္ကဋ္ဌက ပြောသည်။“အမေရိကန်နဲ့ ဗြိတိန်တွေ အလာနည်းသွားပေမယ့် ကျန်တဲ့ နိုင်ငံသားတွေကတော့ ပုံမှန်ရှိပါတယ်။ အဓိကတော့ ဂျာမန် နိုင်ငံသားတွေ များတယ်” ဟု ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကျော်စွာမောင်မောင်က ဧရာဝတီသို့ ပြောသည်။
ငပလီကမ်းခြေ ဟိုတယ်ဇုန်များတွင် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်န၀ါရီလများသည် ကမ္ဘာလှည့်ခရီးသွားများ အများဆုံး လာရောက်အပမ်းဖြေသည့် ကာလဖြစ်ပြီး ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများသည့် ပြည်တွင်း ဧည့်သည်များ လာရောက် လည်ပတ်လေ့ရှိသည့် ကာလများဖြစ်ကြောင်း သိရသည်။
မြန်မာပြည်အလယ်ပိုင်းနှင့် ပဲခူးတိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခ ဂယက်များကြောင့် ယခုနှစ် ငပလီ ကမ်းခြေ သင်္ကြန်သို့ ဧည့်သည်ဝင်ရောက်မှုနှုန်း ကျဆင်းနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနှင့် ဆက်စပ်နေသူများက ခန့်မှန်းပြောဆိုသည်။
“နှစ်တိုင်း ဒီချိန်ဆိုရင် ပြည်တွင်းဧည့်သည်တွေ ရောက်နေပြီ။ ဒီချိန်က ကလေးတွေ စားမေးပွဲပြီးလို့ ကျောင်းတွေလည်း ပိတ်တဲ့အချိန်။ ဒီနှစ် လုံးဝ မလာကြဘူး။ သိသိသာသာကို နည်းနေတယ်။ ဒီမှာတော့ အခြေအနေတွေ အားလုံးက ကောင်းပါတယ်” ဟု Boat Trip ၀န်ဆောင်မှု အသင်းမှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုကျော်စိုးထွန်းက ပြောသည်။
ငပလီကမ်းခြေရှိ ပုဂ္ဂလိက လေကြောင်းများ လက်မှတ်အရောင်း ကောင်တာမှ တာဝန်ရှိသူတဦးကလည်း “ဒီနှစ်မှာ မိတ္ထီလာ ဂယက်ကြောင့် ကမ်းခြေသင်္ကြန် လူနည်းမယ်ထင်တယ်” ဟု ပုံမှန်အခြေအနေနှင့် နိုင်းယှဉ်၍ ခန့်မှန်းပြော ဆိုသည်။
ယမန်နှစ် နှစ်လယ်ပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်း ခရီးသွားလုပ်ငန်းကို ထိခိုက်မှုများရှိခဲ့ကြောင်း ငပလီကမ်းခြေမှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
ငပလီကမ်းခြေသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှုမှာ နိုင်ငံစုံမှ ဖြစ်လာကြောင်း ကိုကျော်စိုးထွန်းက ပြောသည်။
“အစိုးရ အပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်ပိုင်း ဒီနှစ်မှာ မလာဖူးတဲ့ တိုင်းပြည်တွေက ဧည့်သည်တွေ အ၀င်များလာတယ်။ နော်ဝေ၊ ချက်ဇ်နဲ့ စလိုဘေးနီးယားလို နိုင်ငံမျိုးတွေက အုပ်စုလိုက် ရောက်လာကြတယ်” ဟု ကိုကျော်စိုးထွန်းက ဆိုသည်။
သို့သော် ကမ်းခြေတခုလုံး အနေဖြင့် ခြုံကြည့်လျှင် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား နည်းပါးလေ့ရှိသည့် ယခုလတွင် ပုံမှန်ထက် များနေဆဲဖြစ်ကြောင်း ကိုကျော်စိုးထွန်းက ပြောသည်။
ငပလီကမ်းခြေတွင် ယခုလက်ရှိတွင် ထပ်မံဖွင့်လှစ်မည့် ဟိုတယ်အသစ် နှစ်လုံး အပါအ၀င် ဟိုတယ်စုစုပေါင်း ၁၆ လုံးရှိကြောင်း သိရှိရသည်။
အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီဖွဲ့
Saturday, March 30, 2013
သမ္မတ ဦးသိန်းစိန်ဟာ
လတ်တလောဖြစ်နေတဲ့ မတည်ငြိမ်မှု၊ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင် တွယ်
ဆောင်ရွက်ဖို့အတွက် အရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်း
တာဝန်ပေးလိုက်ပါ တယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ် ၊ ၃၄ /၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်
(၂၀၁၃ ခုနှစ်၊မတ်လ ၃၀ ရက်)
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်းခြင်း
၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင် တွယ် ဆောင်ရွက်နိုင်ရန် အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(က) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို - ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - ဥက္ကဋ္ဌ
(ခ) ဦးအောင်မင်း- ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၄) - ဒုတိယဥက္ကဋ္ဌ
(ဂ) ဦးအုန်းမြင့်- ပြည်ထောင်စုဝန်ကြီး မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန - အဖွဲ့ဝင်
(ဃ) ဦးခင်ရီ - ပြည်ထောင်စုဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန - အဖွဲ့ဝင်
(င) ဦးဝင်းမြင့် - ပြည်ထောင်စုဝန်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(စ) ဗိုလ်မှူးချုပ်အောင်သော်- ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(ဆ) ဗိုလ်ချုပ် ဇော်ဝင်း - ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန - အဖွဲ့ဝင်
(ဇ) ဦးရဲထွဋ် - ဒုတိယဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန - အဖွဲ့ဝင်
(ဈ) ဦးဘုန်းဆွေ - ဒုတိယဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန - အဖွဲ့ဝင်
(ည) ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း - ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန - အတွင်းရေးမှူး
၂။ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ -
(က) အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်။
(ခ) ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင် မြန်မြန် သွားရောက် နှိမ်နင်း နိုင်ရေး (Rapid Response) စီမံပေးရန်။
(ဂ) လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန်။ (ဃ) နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရန် အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီး ထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူ နိုင်ရန်။
(င) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်း စနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားရန်။
(စ) လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားရန်။
၃။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်း ဆောင်ရွက် သွားရန် ဖြစ်ပါသည်။
ပုံ
(သိန်းစိန်)
နိုင်ငံတော်သမ္မတ

No comments:
Post a Comment