ဒီပဲယင်းခရီးစဉ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန် လိုက်ပါဆောင်ရွက်ခဲ့သော ကိုမြတ်ကိုနိုင် ကွယ်လွန်
ကိုမြတ်ကိုနိုင်သည် ထိုစဉ်က လူငယ်တာဝန်ခံ (မြောင်မြို့နယ်၊ တွင်းကြီးကျေးရွာ) ဖြစ်ပြီး အန်တီအား အသက်ဘေးမှ ကာကွယ်စောင့်ရှောက် ခဲ့သူတစ်ဦး အပါအ၀င်ဖြစ်ကာ သူ့အား စွမ်းအားရှင် လူတစ်စုမှ ခါးရိုးကို ရိုက်နှက်ခဲ့သော ဒါဏ်ရာကြောင့် အရိုးတီဘီဖြစ်ခဲ့ရသည်။ နောက်ပိုင်းကာလများတွင် အောက်ပိုင်းသေသွားခဲ့ရသည်။ ထိုစဉ်က ကိုမြတ်ကိုနိုင်၏ အသက်သည် ၂၂ နှစ်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားကိုးရသော လူငယ်တစ်ယောက် ဖြစ်ပါ သည်။ သေဆုံး ခဲ့ခြင်းမှာ တိုင်းပြည်၏ဘဏ္ဍာ လူငယ်တစ်ယောက် ဆုံးရှုံးနစ်နာမှုဖြစ်ရတဲ့အတွက် ကျန်ရစ်သူများအနေဖြင့် ၀မ်းနည်းမဆုံး ဖြစ်ရပါသည်။ လူစဉ်မမှီဘ၀နဲ့ ဖြတ်သန်းခဲ့ရပြီး သူသေဆုံးချိန်မှာ အသက် ၃၁ နှစ်ရှိနေ ခဲ့ပါသည်။
ကိုမြတ်ကိုနိုင်အား ဂုဏ်ပြုသောအားဖြင့် လေးစားစွာဖြင့် အလေးပြုလိုက်ပါသည်။
ကောင်းရာဘုံဘ၀ရောက်ပါစေ ...........။
အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်
No comments:
Post a Comment