တန်ဖိုးငယ် ငွေစက္ကူများ ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု ဗဟိုဘဏ်ရှင်းလင်း

Thursday, October 18, 2012
၁၉၅၂ ခုနှစ်မှစ၍ ယနေ့ကာလအထိ တရားမ ဝင်ကြေညာ ထားပြီးဖြစ်သောငွေ စက္ကူ များမှအပ ကျန်ငွေ စက္ကူများဖြစ်သည့်(၁)ကျပ်တန် မှ ကျပ် တစ်သောင်း တန်အထိ ငွေစက္ကူအားလုံးကို တရား ဝင်လှည့်လည် သုံး စွဲနိုင်ကြောင်း နိုင်ငံတော်ဗ ဟိုဘဏ်မှ ထုတ်ပြန်ကြေညာသည်။ တန်ဖိုးငယ်ငွေ စက္ကူငယ် စက္ကူများ ပြန်လည်ရုပ် သိမ်းမည် ဆိုသည့် ကောလာဟာလ များမှာ မဟုတ် မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ တရားဝင်ထုတ်ပြန်ကြေညာ ခဲ့ကြောင်းကိုလည်း သိရသည်။ "ဒီလို မသေ ချာပဲနဲ့ ပြောတဲ့စ ကားတွေကြောင့် ပြည်သူလူထုတွေကို အလကား သက်သက် စိုးရိမ်သောက ဖြစ်စေတယ်။ နောက်ဆုံး ရုပ်သိမ်းမယ်ဆိုရင်တောင် စည်းမျဉ်းတွေအရ အစိုးရခွင့်ပြုချက်နဲ့ ပြည်သူလူထုကို တရားဝင်ထုတ်ပြန်ကြေညာပြီးမှ ရုပ်သိမ်းလို့ရမှာ" ဟု နိုင်ငံတော် ဗဟိုဘဏ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောကြားသည်။အောက်တိုဘာလ ဒုတိယအ ပတ်အတွင်းက တန်ဖိုးငယ်ငွေစက္ကူများဖြစ်သော(၅) ကျပ်၊ (၁၀) ကျပ်၊ (၂၀) ကျပ်၊ (၅၀) ကျပ်တန်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြန်လည်ရုပ်သိမ်းမည်ဆိုသည့် ကောလာဟလများ ပြည်သူလူ

ထုကြားထဲ၌
ပြန့်နှံနေသည့်အပေါ်တွင်ဗဟိုဘဏ်မှမဟုတ်မှန်ကြောင်းအောက်တို ဘာလ (၁၇) ရက်နေ
့တွင်ယ ခုကဲ့သို့ ပြန်လည်၍
ရှင်းလင်းချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။“အခုရက်ပိုင်း လူတွေကြားမှာ
အကြွေတွေကို ပြန်ရုပ် သိမ်းမယ်ဆိုပြီး သတင်းတွေ ထွက်နေတော့ ကျွန်တော်တို့
လို မုန့်အေးဂျင့်လုပ်ငန်းတွေဆို ဘယ်အချိန်ထပြီး ရုပ်သိမ်းမလဲဆိုပြီး
ရင်တမမနဲ့ ဖြစ်နေကြတာ။ ပြီးတော့ ဒီငွေအကြွေ လေးတွေက အောက်ခြေ
လူတန်းစားတွေထဲမှာ အများဆုံး သုံးနေတာ”ဟု ဒဂုံမြို့ သစ်မြောက်ပိုင်း မှ
မုန့်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းလုပ် ကိုင်နေသော ကိုစိုးစံက ပြောသည်
။မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ
သုံးစွဲထုတ်ဝေခြင်း အခန်း(၆) အပိုဒ်(၄၅)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်
လှည့်လည်သုံးစွဲနေသော မည်သည့် ငွေစက္ကူများ (သို့) ဒင်္ဂါးများကိုမဆို
ရုပ်သိမ်းရန်လိုအပ်ပါက အစိုးရ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူသို့ ကြေညာ
ချက်ထုတ်ပြန်၍ ကြိုတင်အသိပေးပြီး ယင်းငွေစက္ကူများ (သို့) ဒင်္ဂါးများအတွက်
တန်ဖိုးအလိုက် လဲလှယ်ပေး၍ ရုပ်သိမ်းနိုင်သည်ဟု ပါဝင်ကြောင်း
နိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။လွန်ခဲ့သော သြဂုတ်လအတွင်းက
နိုင်ငံခြားငွေလဲလှယ်နိုင်သောလက်မှတ် (FEC) ကိုလာမည့် ၂၀၁၂-၂၀၁၃
ဘဏ္ဏာနှစ်အကုန်တွင် ရုပ်သိမ်းမည်ဟုမြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဌမှ
မီဒီယာတစ်ခုသို့ တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည်။
No comments:
Post a Comment