လက်ပံတောင်းတောင် အရေး ပြေလည်မှု ရစေရန် ဒေါ်အောင်ဆန်းစုကြည် ကြားဝင် ဆောင်ရွက်ပေးလို |
အခြားဆက်စပ်မှုရှိသောသတင်းများ
» မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ |
Comments
ဒီလောက် ကလေးတောင် မပြောတာဟာ ညဏ်ပညာ အမြော်အမြင်ကြောင့် ဆိုရင်ဆိုရင်. အခုအစိုးရကို ဝေဖန်နေတဲ့.ဦးဝင်းတင်. ကိုမင်းကိုနိုင်တို့ အားလုံးဟာ ညဏ်မ၇ှိလို့လား..ပြည့်သူအကြိုက် လိုက်မပြောဘူးဆိုပေမဲ့ အမှန်တ၇ား အပေါအခြေခံတဲ့ပြည်သူ့အကြီုက်တော့ ပြောသင့်တယ်ထင်တယ်... အခုလိုပြောတာ အမေစုကိုမုန်းလို့မဟုတ်ဘူး. ခင်ဗျားတို့ထက်တောင် ပိုချစ်သေးတယ်.....
လက်ပံတောင်းတောင် စီမံကိန်းသစ် အုတ်မြစ်ချ အခမ်းအနား။
အခု လက်ပံတောင်းတောင်စီမံကိန်းကိုတော့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့ အဲဒီ Wanbao Mining Industry Co., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။ အများသိတဲ့ ၀မ်ပေါင်း ကုမဏီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအခမ်းအနားမှာ စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ တရုတ်ကုမဏီ သတင်းတွေထဲမှာ မတွေ့ရပါဘူး။
အဲဒီ ၀မ်ပေါင်းကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။
အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။
ဖတ်လို့မရရင်အောက်ပါလင့်ကို ကော်ပီကူးပြီ သုံးပါ..။
http://chinamcc8.com/en/disp.asp?id=169&fid=&lid=22
သုံးသပ်ချက်.။
အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.
အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ၀မ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့ MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။
Norinco's VT1A MBT 2000, Main Battle Tank
Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။
အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် လွှတ်တော်အတွင်း/အပြင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကပါ ၀ိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။
သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။
အဲဒီကိစ္စကို The Voice ဂျာနယ်က ”၀န်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။
the voice journal တရားစွဲခံရသော သတင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။
Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို အောက်ပါလင့်မှာ ပြန်လည်ဖတ်နိုင်ပါတယ်။
Eleven Media Group
ဖတ်လို့မရရင် အောက်ပါလင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12736:2012-03-11-06-46-05&catid=42:2009-11-10-07-36-59&Itemid=167
ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားရှာပါတယ်.။
the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။
ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China North Industries Corp) လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။
အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့ the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို ပြန်လေ့လာကြည့်မိပါတယ်.။
အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင်း ပေါ့ဗျာ..။
တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်းက ငွေချေခဲ့တာပါ..။ ၀မ်ပေါင်း ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမ္ပဏီပါ။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့ ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။
အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP
China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.
The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.
The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.
The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."
ဆိုတဲ့ သတင်းလေးပါ..။
မူရင်းလင့်ကိုလေ့လာကြည့်ပါ။
The World Street Journal
ဖတ်လို့မရရင် အောက်ပါ လင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://online.wsj.com/article/SB10001424052748703900004575324420133952674.html
(၄) က လူထုခေါင်းဆောင်ကို confrontation လမ်းကြောင်းပေါ် ပြန်တွန်းပို့နေသလို မြင်ရတယ်။
(၅) ကို ရခိုင် တိုင်းရင်းသားတွေကတော့ သဘောတွေ့မယ့်ပုံ မရှိဘူး။
(၆) က (၄) ထက် ဆိုးတယ် ထင်ရတယ်၊ ပွဲဆူစေချင်တာမျိုး၊ သူက နောက်ပြန်လှည့်သွားချင်တဲ့ ပုံစံ ဖြစ်သွားတယ်။
(၇) က ပွဲထိန်းတဲ့ ဒိုင်လူကြီး ဖြစ်သွားနေတာကိုက ... စဉ်းစားစရာ ဖြစ်သွားပြီ။
ကျွန်တော်မျိုးကိုလည်း မယုံကြည်ထိုက်ကြောင်းပါ ခင်ဗျား။
နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဘာထုတ်ထုတ် လူတွေက မယုံဘူးဆိုတာကို သိနေပြီးသားမို့လို့ ထုတ်တယ်ကွာ၊ အေး ဖျက်လိုက်ကွာ၊ နေပါစေတော့ ကိုယ် ကြေနပ်တယ် ... လို့ လုပ်နေမယ့်ပုံပဲ။
- စီပွားဥစ္စာနဲ့ရာထူးအာဏာအတွက်
(သိပင်သိငြားသော်လည်း) မဟုတ်တာကို
မပြောရဘူး။
- ရာဂကြောင့်လည်းပဲ လောဘနဲ့ပဲလည်း
မဟုတ်တာကို မပြောရဘူး။
- ဒေါသကြောင့်လည်းပဲ မဟုတ်တာကို
မပြောပါနဲ့။
- ကြောက်လို့လည်းပဲ မဟုတ်တာကို
မပြောပါနဲ့။
- မသိသဖြင့် မောဟ လွှမ်းပြီးတော့လည်း
မဟုတ်တာကို မပြောပါနဲ့။
- မှန်ကန်စွာ ပြောဆိုတဲ့ အလေ့အကျင့်ကို
အားလုံး စနစ်တကျ တည်ဆောက်ကြပါ။
- စကားထဲမှာ နှစ်ခွန်းမရှိပါစေနဲ့၊ နှစ်မျိုး(နှစ်ခွ)
မရှိပါနဲ့။
မှန်ကန်သော လမ်းကြောင်းက အားလုံး
လျှောက်ကြပါ။ "
- ( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး )
Jame Mine ရေ့
အကိုရဲ့ သုံးသပ်ချက်တွေဟာ ကြောင်းကျိုးမဆီလျော်ပါ ဘူး။ ဆန္ဒပြနေကြတဲ့သူတွေသည် တောင်းဆိုနေတာ ယခုလမှ မဟုတ်ပါဘူး။ တောင်းဆိုဆန္ဒပြနေတာက တော်တော် ကြာလှပါပြီ။
သူ့တို့တွေ(မုံရွာနယ်ခံ)များဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ့်လို့ ကြိုဆိုကြလဲဆိုတာ ဒီနေ့ မမြင်ရသေးဘူးထင်တယ် ကို
Jame Mine ရေ့။ အဓိကက ဆန္ဒပြလူစုလူဝေးဟာ ဘာတွေ
အကြမ်းဖက်မှုရှိနေလဲဆိုတဲ့ မေးခွန်းပါ။ အကို Jame Mine ကို
မေးခွန်းတစ်ခုပဲ ကျွန်တော်က မေးချင်တယ်။ အကို Jame Mine ပိုင် အိမ်(မြေအောက်ခြေရင်း)တွင် ရွှေထွက်တဲ့ဆိုပါစို့။ ဒါကိုနိုင်ငံတော်ပိုင်ဆိုပြီး အိမ်ကို လာသိမ်းပိုက်ရင် အကို Jame Mine လက်ခံနိုင်သလား ဆိုတဲ့ မေးခွန်းပါပဲ။
ကျနော်ကိုယ်တိုင်လဲ ဒီကလိမ်ကကျစ် အစိုးရဲ့ ယုတ်မာရိုင်းစားမှုကို အရမ်းဒေါသထွက်ပါတယ်...
ဒါပေမယ့် .... လူထုကိုကိုယ်စားပြုမယ့် ခေါင်းဆောင် ပြည်သူတွေကို ချမ်းသာသုခဆောင်ကျဉ်းပေးဖို့ ဦးဆောင်ရမယ့် သူတယောက်အနေနဲ့က ဖြစ်ရပ်တွေအပေါ် စိတ်လိုလိုက် ခံစားချက်ဦးစားပေးပြီး တုန့်ပြန်နေလို့မဖြစ်ပါဘူး.... အဖြစ်အပျက်တွေကို အခြေအနေအမှန်အတိုင်းသုံးသပ်ပြီး ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့နေရာမှာ စိတ်ခံစားချက် ဦးစားပေးနေရင် ဒေါသကလွဲပြီး ဘာမှတွေ့မှာ မဟုတ်ပါဘူး.. ဒီတော့ အမေစု ဒေါသတကြီးမတုန့်ပြန်တာကို အထင်မလွဲကြပါနဲ့... စိတ်ဓာတ်ရင့်ကျက်ပြီး အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်ကောင်းတွေပဲ ဒီလို လုပ်နိုင်တာကပါ.... ဒါဟာ အင်မတန်ကို ရှားပါးတဲ့ လူတိုင်း မလုပ်နိုင်တဲ့ အရည်အချင်းတခုပါ.... ဒီလို ခေါင်းဆောင်မျိုး၇ှိလို့သာ ကျနော်တို့ ကမ္ဘာက သိနေတာပါ... မြန်မာနိုင်ငံသားတွေအပေါ်ထားတဲ့ အမေစုရဲ့ စေတနာကို လက်ရှိသူပြောနေတဲ့စကား သူလုပ်နေတဲ့နေတဲ့ အလုပ်တွေကို ကြည့်ပြီး သိနိုင်ပါတယ်...
ဒေါသထွက်တယ်ဆိုတာ လွယ်ပါတယ်.... မိုက်မိုက်ရိုင်းရိုင်း ဆဲရေးတိုင်းထွာတယ်ဆိုတာလဲ လွယ်ပါတယ်... ဒါပေမယ့် အဲဒီနည်းလမ်းတွေက အကောင်းဆုံးဖြေရှုင်းတဲ့နည်းလမ်းတွေ မဟုတ်ဘူးဆိုတာ လက်ခံနိုင်မယ်ထင်ပါတယ်...
အမေစုဆီကနေ ကျနော်တို့သာမန်လူတွေ တုန့်ပြန်သလိုမျိုး တုံ့ပြန်လာလိမ့်မယ်လို့ မမျှော်လင့်ကြပါနဲ့... သူဟာ ကျနော်တို့လို သာမန်လူမဟုတ်ပါဘူး...
သူခေါင်းဆောင်ရမယ့် နိုင်ငံက ပြည်သူတွေအများစုကလဲ (နှိမ်တာတော့မဟုတ်ပါ) စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုနဲ့ စာရိတ္တပိုင်းဆိုင်ရာ တွေမှာ အကြီးအကျယ် ချို့ယွင်းနေတာပါ...
ဒီတော့ ဒီစိတ်ရိုင်းတွေနဲ့ လူတွေကို နားဝင်အောင်ပြောဖို့ ဖြောင်းဖြဖို့ စည်းစည်းလုံးလုံးဖြစ်လာဖို့ ရိုးသားကြိုးစားကြဖို့ စည်းရုံးရမယ့် ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်လောက်ကြီးလေးတဲ့တာဝန်လဲ ဆိုတာ ကိုယ်ချင်းစာ နားလည်ပြီး စောင့်ကြည့်ပေးကြပါ...
အခက်အခဲတွေကိုလဲ စာနာပေးကြပါ... အသက်ကြီးနေတာတောင်မှ မိသားစုနဲ့ အေးအေးချမ်းချမ်းမနေနိုင်ဘဲ မြန်မာပြည်သူတွေအတွက် စတေးထားတဲ့ အမေစုရဲ့ စေတနာကို မြင်ပေးကြပါ...
အချိန်တန်ရင် ဘယ်သူက ဘာဆိုတာ ပိုပြီး ကွဲကွဲပြားပြား သိလာကြမှာပါ...
ခေါင်းဆောင်တယောက်အနေနဲ့ (ဒါပေမယ့် လောလောဆယ် ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိသေးတာကို သတိထားကြပါ) ခေါင်းဆောင်လိုကျင့်မှ ခေါင်းဆောင်ကောင်း ဖြစ်မှာပါ ...
ဒီကိစ္စကြောင့် ကျုပ်တို့တိုင်းပြည်ကို အစိုးရအာဏာပိုင်များနှင့် နာမည်ပျက်ရင်းနှီးမြှပ်နှံနေတဲ့ ကုမ္မဏီများ အရင်လို လုပ်စားလို့မရတော့တဲ့ အခြေအနေမျိုးဖြစ်လာ တော့ မှာ ပါ။ ပွင့်လင်းမြင်သာမှု ဘယ့်လောက်အရေးကြီးလဲဆိုတာ ဒီစီမံကိန်းက သမိုင်းသင်ခန်းစာ သက်သေတစ်ခုဖြစ်လာမှာပါ။ တာဝန်ယူမှုရှိတဲ့
ပြည်တွင်းပြည်ပကုမ္မဏီများ ပေါ်ပေါက်လာစေမယ့် အခွင့်အလမ်း
တစ်ခုပါ။ နာမည်ပျက်ရှိတဲ့ ကုမ္မဏီများကို တပ်လှန့်လိုက်တဲ့
အဖြစ်အပျက်တစ်ခုပါပဲ။ တရုတ်ပြည်က ကုမ္မဏီများ မြန်မာပြည်ကို
လာမမြှပ်နှံရင်လည်း လာပြီး ရင်းနှီးမြှပ်နှံကြမယ့် ကုမ္မဏီများကို
အများကြီးပါပဲ။ ပြီးတော့ အနောက်တိုင်းကုမ္မဏီများက တရုတ်
ထက်သာတဲ့ နည်းပညာတွေ တစ်ပုံကြီးရှိပါတယ်။ ကျုပ်တို့က
ရွှေကြာပင်ပေါ်ကပါ။ ရွှေကြာပင်ပေါ်လို့ မထင်တဲ့ တရုတ်ပုဆိန်
ရိုးငကြောက်များကတော့ လူထုအကျိုးစီးပွားကို မျက်ကွယ်ပြုပြီး
သူ့တို့ကိုယ်တိုင် ဥပဒေမဲ့လုပ်ရပ်များကတော့ တိုင်းပြည်ကို နောက်ပြန်လှည့်စေတဲ့ ခြေလှမ်းတွေကို တစ်လှမ်းပြီးတစ်လှမ်း
အမိန့်အာဏာဖြင့် လျှောက်လှမ်းနေကြဦးမှာပဲဆိုတာ အသေအချာပါပဲ။
ဒီကိစ္စမှာ အစိုးရဘက် ထုံးစံအတိုင်း ရွှေဖော့ရိုးနဲ့ ရှင်းခိုင်းတာကို ၀ါးရင်းတုတ်နဲ့ ရှင်းထုတ်လိုက်လို့ ရွှေဖျဉ်းညီနောင် အနိစ္စရောက်တဲ့ ကိန်းမျိုးပါပဲ...... နဂိုက လက်နက်ကျွမ်းကျင် အခံမရှိ၊ ကိုယ်သုံးတဲ့ဟာ ဘယ်လောက် တာသွားမှန်း အနှိုင်းအဆမသိ မလုပ်သင့်တဲ့အချိန်မှာ လုပ်တော့ မဖြစ်သင့်တာတွေ ဖြစ်လာတာပါပဲ...... ဒီလိုပဲ ဆန္ဒပြသူတွေဖက်မှာကော သွေးထိုးသူတွေ မရှိနေဘူးလားဆိုတာ ကျွန်တော် အပေါ်ကပြောတဲ့ အချက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ပါတယ်..... ဒီကိစ္စမှာ ခဲ တစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်မက ပစ်သွားတာပါ.....
အစိုးရလည်း သိက္ခာချလိုက်သလို ဒေါ်စုကိုလည်း အကျပ်အတည်းနဲ့ ပြဿနာ မတက်တက်အောင် ထိုးပေးလိုက်တာပါပဲ...... မြန်မာနိုင်ငံရေး မအေးလေ၊ ဆူပူနေလေ ဘယ်သူတွေ လုပ်စားရ လွယ်လေ၊ ဘယ်သူတွေ ခိုးဝင်ရလွယ်လေ ဆိုတာလည်း မျက်စိရှင်ရှင် ထားကြည့်စေချင်ပါတယ်.... ဒါတွေကို မြင်အောင်ကြည့်နိုင်ဖို့လိုတယ်..... ဒီအဆိုးထဲက အကောင်းအနေနဲ့ ဦးပိုင်ကို သေခြာကြပ်မတ်ဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်....
ကျွန်တော်သိပါတယ် ဒီလိုကိစ္စတွေ ဖြစ်တိုင်းမှာ အစိုးရကို အားလုံး ၀ိုင်းအပြစ်တင်သလို ကျွန်တော့ကို အပြစ်တင်စေချင်တယ်.... ကျွန်တော်ကလည်း ကျွန်တော့ညဉ်အတိုင်း ၀ါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းဘူး အခြေအနေကို စောင့်ကြည့်တယ်.... သူတို့ဖြစ်စေချင်သလို မဖြစ်ကြတော့ ဒီအတွက် လူခွာပီး တံဆိပ်ကပ်ကြတယ်...... အရင် NLD ကိစ္စတွေ ဖြစ်တယ်.... ထုံးစံအတိုင်း မဖြစ်သင့်ဘူးဆိုပီး ထောက်ပြတယ်.... ဒေါ်စုနဲ့ ပြဿနာဖြစ်ရခြင်းတေါနဲ့ ခွဲခြားပြတယ်.... အဲ့ဒိအချိန်တွေမှာတော့ တံဆိပ်တွေခွာ လူတွေပြန်လာကပ်ကြတယ်...... ဒီအတွက်တော့ သူတို့ဖြစ်စေချင်သလို ရေးစေချင်သလို မရေးတဲ့အပေါ် ဝေဖန်လာမှာကို ပြင်ထားပီးသားပါပဲ.....
ကျွန်တောတို့ လူမျိုးက ကောက်ရိုးမီးလို အတောက်လွယ်တယ် အငြိမ်းလွယ်တယ်၊ အညှာသိသူတွေက ထစ်ခနဲရှိတိုင်း ကိုယ့်လူမျိုးတွေရဲ့ အသည်းညှာကို ဆွဲကိုင်လှုပ်နိုင်မယ့် ဟာတွေနဲ့ပဲ လုပ်သွားလေ့ ရှိတယ်.... အခုအချိန်မှာ အရေးကြီးတာက ခံစားချက်ကို ရှေ့တန်းတင်တာထက် Facts & Figures တွေများများစုပါ၊ နှိုင်းယှဉ်ကြည့်ပါ..... သတင်းကို စိတ်ခံစားချက်ထက် သတင်းလိုဖတ်ပီး သုံးသပ်ပါ...... ဒေါ်စုလို လူကြီးတွေ ဘယ်လိုစကားလုံးတွေ သုံးသွားသလဲ လေ့လာကြည့်ပါ.. အမှန်အမှား အဖြေသဲသဲကွဲကွဲ ထွက်လာပါလိမ့်မယ်...
လက်ပန်းတောင်းတောင် အပါအ၀င် တစ်ခြားကိစ္စတွေ အများကြီး စဖြစ်ကတည်းက အကုန်လုံးကို ခြုံပြောရခက်ပေမယ့် မရိုးသားမှုကတော့ တွေ့နေရတာပါပဲ.... ကိုမင်းကိုနိုင်တို့၊ ဒေါ်စုတို့ အစပိုင်းကတည်းက ၀င်မပါဘူးဆိုကတည်းက တစ်ခုခုတော့ မှားနေတယ်ဆိုတာ စဉ်းစားဖို့ လိုပါတယ်....... သူတို့ ကိုယ့်ထက် မျက်စိကြီး နားကြီးကြပါတယ်....
အခု လက်ပန်းတောင်းတောင် ကိစ္စမှာ ဒေါ်စု (ဗိုလ်ချုပ်သမီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အိုင်ကွန်၊ လက်ရှိ တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဌ) ကိုယ်တိုင် လာစစ်ဆေးမယ်..... အစောကြီးကတည်းက သတင်းတွေ သိထားကြပြီးသားပါ..... နောက်ပီး အစိုးရက အစောကြီးကတည်းက သပိတ်စခန်းကို ဖျက်ဖို့ ကြိုပီး Notice ထုတ်ထားတယ်...... ဆန္ဒပြသူတွေ အနေနဲ့ အစိုးရလည်း ဂရုမစိုက် ဒေါ်စု လာဖြေရှင်းပေးမှာလည်း ဂရုမစိုက်ဆိုတဲ့ ပုံစံလို ဖြစ်မသွားဘူးလား.... ဒေါ်စုလုပ်ပေးမှာကို မယုံလို့လား... သူဆက်ပီးတော့ လုပ်ပေးမှာတွေကို ဆန္ဒပြသူတွေက လက်မခံနိုင်ဘူးလား...... လားပေါင်းများစွာ ထွက်လာပါတယ်.... သေခြာတာတော့ ဒေါ်စုကိုလည်း လုပ်ရကိုင်ရ ကြပ်သွားအောင် လုပ်လိုက်တာနဲ့ မတူဘူးလား...... စဉ်းစားကြည့်ရင် အများကြီးပါ......
ဒေါ်စုဟာ တရားဥပဒေစိုးမိုးမှု ကော်မတီမှာ ဥက္ကဌပါ..... သူဘာလို့ အစောကြီးကတည်းက မ၀င်လည်း..... သူဘာကြောင့် အခုပြောတဲ့ စကားထဲမှာ ဒေါသတွေ ဟုန်းဟုန်းထနေတဲ့ ပါတ်ဝန်းကျင်မှာ မနေချင်ဘူးလို့ ဘာလို့ပြောလည်း.... စဉ်းစားဖို့တော့ လိုမယ်.... အခုကိစ္စမှာ ဒေါ်စုဟာ အေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်လို့ ပြောခဲ့ပါတယ်.... အခု ဒေါ်စုပြောတဲ့ စကားဟာ တရားနည်းလမ်းကျတယ် ဒါပေမယ့် လူတွေ ဘာလို့ လက်မခံနိုင်ကြသလဲ.... သေခြာတာ အခုလက်ရှိမှာ ခံစားချက်ကို ရှေ့တန်းတင်နေကြတာပဲ..... စစ်တကောင်း ဘင်္ဂါလီတုန်းက ဒေါ်စုရဲ့ ဘက်နှစ်ဘက် စကားကို မှန်ကန်ပါတယ်၊ နားလည်ပေးရမယ်၊ တရားနည်းလမ်းကျပါတယ်လို့ ထောက်ခံခဲ့တဲ့လူတွေဟာ အခုဒီစကားကိုကော ဘာလို့ မထောက်ခံနိုင်တာလဲ..... စဉ်းစားစရာတွေ ထွက်လာတာပါပဲ...
ဘာပဲဖြစ်ဖြစ် ထစ်ခနဲရှိ ဘုန်းကြီးတွေ ရှေ့တန်းတင်ပီး ဖြစ်လိုက်တိုင်း ဘုန်းကြီးတွေ တန်းစီခံရတာကိုလည်း ကျွန်တော် အရင်ကတည်းက ခဏခဏရေးဖူးပါတယ်.... ရှေ့တန်းတင်တဲ့၊ ဘုန်းကြီးကိုလုပ်တဲ့ လူတွေလည်း ငရဲပဲ လားမှာ ဖြစ်သလို ခုတုံးလုပ်တဲ့လူတွေလည်းတော့ ငရဲပါပဲ.... ဒါပေမယ့် တမင် မလုပ်လုပ်အောင် လုပ်နေတယ် ဆိုရင်ကော ဘယ်လိုစဉ်းစားကြမလဲ...... နောက်တစ်ခုက စစ်တပ်က အာဏာသိမ်းသွားမယ်နော်နဲ့ စစ်တကောင်း ဘင်္ဂါလီကိစ္စတုန်းက ဟန့်ခဲ့သူတွေ ဒီကိစ္စမှာ ဘယ်ရောက်သွားလဲ မေးစရာတွေ ရှိပါတယ်.....
ဒီလိုပြောလိုက်လို့ဒို့အန်တီစုကို လုံဝမထောက်ခံတာမဟုတ်ဘူး ဒါပေမယ့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ အမှန်တရာဘက်မှာရပ်တည်ရဲတဲ့ဟာကိုလိုချင်တာ...
အကြမ်းဖက်တာကို ထည့်မပြောတာကို ဘယ်အားရပါ့မလဲဗျာ ။
ဒါပေမဲ့ ဒီလောက်အန္တရာယ်များတဲ့ကြားက၊ အားလုံးလဲ ဝိုင်းတားကြတဲ့ကြားက ဒေသခံတွေဆီ ရောက်အောင်သွားအားပေး ဆုံးမတဲ့ ဒေါ်အောင်ဆန်စုကြည်ရဲ့ သတ္တိနဲ့စိတ်ဓာတ်က လေးစားချီးကျူးစရာပါ ။
အများကြိုက်လိုက်မပြောတဲ့ ပင်ကိုဗီဇကလဲ ပေါ်လွင်လှပါတယ်။ အများကြိုက်လိုက်ပြောတာက အရမ်းလွယ်တာပေါ့။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့ မထင်နဲ့နော် တဲ့
ဒီအချိန်မှာ သူ့ကို လူတိုင်းက ဘာပြောစေချင်မှန်း သူမသိပဲ နေပါ့မလား။
ဒါပေမဲ့ သူဟာ တိုင်းပြည်အနာဂတ်အတွက် ပြောချင်တာတွေ မျိုသိပ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလိုမျိုသိပ်နိုင်တာဟာလဲ သူမတူတဲ့ အရည်အချင်းပါ။
အကြမ်းဖက်မှုကို ဘယ်လိုမြင်လဲလို့သာ သူ့ကို မေးကြည့်ပါ ။ သူလဲ ရှုံ့ချပါလိမ့်မယ်။
ဒီလိုအချိန်မှာ အုတ်နံရံကို ခေါင်းနဲ့ တိုက်မဲ့အစား ပွင့်ပွင့်လင်းလင်း ထုခွဲဖို့ ကိရိယာရှာရမယ် အချိန်ကောင်းစောင့်ရမယ်ဆိုတာ သူကောင်းကောင်းသဘောပေါက်ထားပါပြီ ။
သူဘာဆက်လုပ်မလဲဆိုတာသာ ကျနော်တို့ ယုံကြည်စိတ်ရှည်စွာနဲ့ ဆက်စောင့်ကြည့်ရင် မမှားဘူးထင်ပါတယ်။
သူ့ကို ဝေဖန်ပါလို့ သူပြောပြီးသား ၊ ဒါပေမဲ့ စကားပေါ်မှာ ဝေဖန်တာထက် လုပ်ရပ်ပေါ်မှာ ဝေဖန်တာက ပိုမျှတ အဓိပ္ပါယ်ရှိမယ် ထင်ပါတယ်။ သူဟာ အပြောသမားမဟုတ်ပဲ လက်တွေ့သမားဆိုတာ လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတွေ ကြည့်ရင် သိနိုင်ပါတယ်။
ပြေလည်မှုတွေမဟုတ်ဘူး..အဆုံးစွန်ထိစော်ကားအနိုင်ကျင့်ခဲ့
သူတွေအတွက်ထိုက်တန်တဲ့စကားလုံးတွေအမေ့နုတ်ကထွက်လာ
တာကိုပဲကြားချင်နေကြတာပါ..ကျနော်တို့ပြည်သူအများစုက
ပညာမတတ်ကြတော့ပညာရှိတွေလိုမတွေးခေါ်တတ်ဘူး..ပညာရှိ
စကားကိုလဲတခါတလေနားမ၀င်တတ်ကြဘူး..အမေနဲ့ပြည်သူနဲ့
လွဲနေတာတခုရှိတယ်..အမေကဟိုးအဝေးကြီးကိုကြည်.တတ်ပေမဲ့ပြည်သူတွေကတော့မကြည့်တတ်ဘူး..စိတ်ခံစားမှုကိုလဲဦးစား
ပေးတတ်တယ်..တခါတလေတော့လည်းလူပြန်းကြိုက်စကား
လေးတော့ကြားချင်တယ်..အထူးသဖြင့်အခုလိုအချိန်မျိုးမှာပေါ့
အမေရယ်...
ကာလုံ အလိုကျ
ကြံ့ဖွံ့ အလိုကျ
ဦးပိုင် အလိုကျ
တရုတ်တွေကို န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေလို ကြောက်ချေးပါပီး
တရုတ်တွေကို ဒူးထောက် အညံ့ခံ အလျှော့ပေးရမှာလား... ဒေါ်အောင်ဆန်းစုကြည်
ကျုပ်တို့ဗမာတွေရဲ့ လည်ချောင်းသွေးကို စတေးပီး
တရုတ်တွေကို န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေလို
ဒူးထောက် အညံ့ခံ အလျှော့ပေး လိုက်ရင် အေးအေးချမ်းချမ်း ဖြစ်သွားမယ်ဆိုတာ
ဒေါ်အောင်ဆန်းစုကြည် ပြောမှ မဟုတ်ပါဘူး.. ကျုပ်တို့လဲ သိပါတယ်...
ဒီလို နည်းနဲ့တော့
တရုတ် ချေးစားခွေးတွေကို အလျှော့ မပေးနိုင်ပါ လူထုခေါင်းဆောင် ခင်ဗျား...
သတင်းထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက်လိုက်ပါကြောင်း
တဲ့.....
ဘယ်လိုလဲ သမ္မတရုံး ရေ့...
ဒေါ်အောင်ဆန်းစုကြည် ဟာ ကလိန်ကကျစ် သမား တစ်ယောက်မဟုတ်ဘူး။မဟုတ်တာကို မဟုတ်ကြောင်း ၀န်ခံရဲတဲ့သူ။
နိုင်ငံရေး အမြတ်ထုတ်ဘို့ သူမမှာ မရှိဘူး။ဗီဇပါမလာဘူး။
ပြည်သူကို ရိုးသားစွာ ပြောသွားတယ်။ဒီလောက် ဒေါသဖြစ်နေတဲ့
ပြည်သူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုက်တာနဲ့ ငြိမ်းချမ်းသွား
ကြတယ်။အာဏာရှင် အယောင်ဆောင် အစိုးရအနေနဲ့ ရှေ့ဆက်
ပြီး နိုင်ငံရေးအမြတ် ထုတ်ဘို့ မကြိုးစားပါနဲ့။
နိုင်ငံတကာမှာ မြန်မာ တန်ဘိုးကျသွားတာဘဲ အဖတ်တင်လိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်က အကုန်လုံးစွန့်လွှတ်ပြီးသွားဘီ။ခွေးတစ်ကောင်နဲ့ အ၀တ်တစ်ထည်ကိုယ်တစ်ခုဘဲ ကျန်တော့ တယ်။ခိုးဖွတ်ထားတာ တစ်ခုမှ မရှိဘူး။ရောင်းစားထားတာ မရှိဘူး။ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ နိုင်ငံတကာက ပိုက်ဆံတွေ ၀င်လာ
အောင် လုပ်နိုင်တယ်။စစ်အစိုးရမှာ ဒီလို အရည်အချင်းမရှိဘူး။
အန်တီစုကလည်းလုပ်ပြန်ပြီ....ရခိုင်ကိတ်စတုန်းကလည်းဒီအတိုင်းဘဲအမှန်တရားဘက်ကမရပ်ရဲဘူး..နောက်ကျမှဘဲ ရခိုင်အရေးမှာဘင်င်္ဂလားဒေ့နိုင်ငံပါတာဝန်ရှိတယ်လို့ပြောတော့ ဖြစ်ပြီးတာကဖြစ်ပြီးသွားပြီ...ဘာမှမထူးတဲ့အပြင်ဘင်င်္ဂလာကကုလားမကတောင်ပြန်တုပ်လိုက်သေးတယ်လေ...အခုလည်းနောက်ကျမှတရုတ်လွန်တယ်လို့ပြောလို့ဘာမှထူးတော့မှာမဟုတ်တော့ပါဘူး အန်တီစု......ခံရတဲ့သူကခံနေရပြီ....အန်တီစုကလက်ရှိအစိုးရကိုမယုံပေမယ့် ဦးသိန်းစိန်ကိုယုံကြည်တဲ့လူဆိုတော့ မြန်မာတမျိုးသားလုံးကိုကိုယ်စားပြုမယ့်ခေါင်းဆောင်တစ်ယောက်အနေနဲ့တခါတေလေမှာတစ်မျိုးကြီဘဲလို့ခံစားမိတယ်.. အန်တီစုလဲ ဘာမှတ်ချက်မှမပေးတာ Reason တော့ရှိမှပါ....ဒါပေမယ့် အဲဒီ Reason တွေက မလိုတော့တဲ့အချိန်ကျမှပေးလို့ဘာမှထူးမှာမဟုတ်ဘူး
အမေ့ရဲ. လုံခြုံရေးအတွက်လည်း စိုးရိမ်တယ် အမေရေ။ အစစအရာရာ ဂရုစိုက်ပါ။