လက်ပံတောင်းအရေး နဲ့ တိတ်ဆိတ်နေတဲ့ အစိုးရမီဒီယာ
~အကြမ်းဖက် ဖြိုခွင်းခံရတဲ့ သပိတ်စခန်းတွေကို မုံရွာမြို့ တဘက်ကမ်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသမှာ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - google map) |
အစိုးရ ရုပ်မြင်သံကြား/ရေဒီယိုတို့က သတင်းထူးတွေကို ချက်ချင်း ထုတ်လွှင့်တတ်ပါတယ်။
လတ်လော ပေါ်ပေါက်နေတဲ့၊ လူအများသိချင်နေတဲ့ လက်ပံတောင်းတောင် ဖြစ်ရပ်များကိုတော့ အစိုးရမီဒီယာများက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။အွန်လိုင်းသုံးတဲ့ အစိုးရ အရာရှိများလည်း ကိုယ်ရောင်ဖျောက်နေကြပါတယ်။
အခုချိန်မှာ အများ သိချင်နေကြတဲ့ - ဆန္ဒပြသူတွေကို ဘာကြောင့် ဘယ်လို ဟန့်တားလိုက်သလဲ၊ ထိခိုက်ဒဏ်ရာရမှု ဘယ်လိုအခြေအနေရှိသလဲ၊ ဆန္ဒပြ ရဟန်းတချို့ ဒေသခံအရပ်သားတချို့ ဘာကြောင့် မီးလောင်ဒဏ်ရာ ရသွားသလဲ ဆိုတာတွေပါပဲ။
သပိတ်စခန်းတွေ မဖွင့်ခင် ကနဦး ဆန္ဒပြမှုတွေ ပေါ်ပေါက်ကတည်းက အာဏာပိုင်တို့ရဲ့ ကိုင်တွယ်မှုက လုပ်ရိုးလုပ်စဉ်ထက် ပိုမိုကြမ်းတမ်းခဲ့တယ်လို့ ဆန္ဒပြသူ ဒေသခံတို့က ပြောပါတယ်။
လက်ရှိအခြေအနေများအတွက် အစိုးရချုပ်ကိုင်ထားတဲ့ ရုပ်မြင်သံကြား/ရေဒီယိုတို့ရဲ့ အထူးသတင်းထုတ်ပြန်ချက်တွေကို အများပြည်သူက စောင့်ဆိုင်းနေပါတယ်။
သတင်းထုတ်ပြန်ခြင်း မရှိရင်တော့ သတင်းအမှောင်ချထားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment