Thursday, November 29, 2012

ဒေါ်စု ၀မ်ပေါင်ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးလျက် ရှိနေသေး


ဒေါ်စု ၀မ်ပေါင်ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးလျက် ရှိနေသေး

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ရောက်ရှိလာစဉ်မြင်ကွင်း(Popular News)
Messenger News Journal, 29 November 2012  —  လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကိစ္စနှင့်ပတ်သက်ပြီးမုံရွာမြို့သို့ရောက်ရှိနေသောဒေါ်အောင်ဆန်း
စုကြည်ကိုဒေသခံပြည်သူငါးထောင်ကျော်ကကြိုဆိုခဲ့ကြပြီးယခုလက်ရှိတွင်ဒေါ်အောင်ဆန်းစုကြည်သည် ၀မ်ပေါင်ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးနေကြောင်းအဆိုပါနေရာသို့သွားရောက်သတင်းရ
ယူနေသော The Messeenger ဂျာနယ်မှအကြီးတန်းသတင်းသမား တစ်ဦးကတိုက်ရိုက် သတင်းပေး ပို့သည်။

ဆွေးနွေးသည့်အောကာင်းအရာကိစ္စနှင့်ပတ်သက်၍နှစ်ဖက်လုံးမှထုတ်ပြန်ပြောကြားခြင်းမရှိသေးကြောင်း
သိရသည်။
Yangon Media Group,29 November 2012  —    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၀မ်ပေါင်ကုမ္ပဏီ ရုံးခန်း အတွင်း ဆွေးနွေးမှုများပြုလုပ်နေသည်မှာ တစ်နာရီနီးပါးခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။

7 Day News Journal, 29 November 2012  —-  ဒေါ်အောင်ဆန်းစုကြည်သည် လက်ပန်းတောင်းတောင်ဒေသခံများကို မိန့်ခွန်းမပြောကြားမီ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ၄ နာရီ ၁၅ မိနစ်မှ ယခုအချိန်ထိ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ပြောကြားမည့်မိန့်ခွန်းကို နားထောင်ရန် ကံကုန်းကျေးရွာ ကွင်းပြင်တွင် စောင့်ဆိုင်းနေသော ဒေသခံလူအင်အားမှာ နှစ်သောင်းကျော်မှ သုံးသောင်းအတွင်းရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည်ကို စောင့်ဆိုင်းနေသော လက်ပန်းတောင်းတောင်ဒေသခံမျာ
—————–
ဒေါ်အောင်ဆန်းစုကြည် ကိုလာရောက်ကြိုဆိုသည့် မြင်ကွင်းများ Photo by: Ko Thit Sar
Yangon Media Group, 29 November 2012  —-  ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နေရာသို့ လူပရိတ်သတ်များစွာရောက်ရှိနေပြီ ဖြစ်ကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၀မ်ပေါင်ကုမ္ပဏီနှင့် ဆွေးနွေးလျက်သာရှိနေသေးကြောင်း ရန်ကုန်မီဒီယာဂရုပ် သတင်းထောက်မှ သတင်းပေးပို့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။