Thursday, November 29, 2012

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်


အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်   PDF Print
Thursday, 29 November 2012 20:29
AddThis Social Bookmark Button

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။
မူလထုတ်ပြန်ခဲ့သော အချက် (၆)ချက်ပါ ထုတ်ပြန်ချက်တွင် "ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။" ဟု ဖေါ်ပြပါရှိခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ရှိနေကြောင်း စုံစမ်း သိရှိရပါသည်။
အစိုရသတင်း ထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်ကို ယနေ့ နိုဝင်ဘာလ (၂၉)ရက် ညနေ ၄နာရီတွင် အစိုရ ရုပ်မြင်သံကြား (MRTV) မှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ပြီး ကြေညာချက်ထုတ်ပြန်အပြီး နာရီပိုင်းအကြာ ည (၈) နာရီခန့်တွင် ယင်းထုတ်ပြန်ချက်အား ပြန်လည် ပယ်ဖျက်ကြောင်း သမ္မတရုံးဝဘ်ဆိုက်တွင် ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ပယ်ဖျက်သည်ကိုမူ မသိရှိရသေးပါ။
 

Comments 

-1 #34 thuya 2012-11-30 09:32
ကျွန်တော်အမြင်ပြောရရင် ဒီကိစ္စက commercial issue ဘဲရှိတယ်လိုမြင်တယ်။
၁။      ဝမ်ပေါင်းရဲ့ share တွေကို third party တခုကနေဝယ်လိုက်ပါ။ တကမ္ဘာလုံး အဲလိုဘဲ share တွေရောင်းဝယ်နေတာဘဲ။ ပြီးမှ ဦးပိုင်က ပြန်လှည့်ဝယ်ပြီး။ ဒေသခံတွေကိုခွဲဝေပေးလိုက်ပါ။ သူတိုလဲ အကျိုးခံစားခွင့်ရှိသင်ပါတယ်။ ဝမ်းပေါင်းရဲ့ အိုင်ဗင်ဟိုးကိုပေးချေရတာ၊ ထပ်မံတိုးချဲရင်နှီးတာထက်တော့ အများကြီးအမြတ်မပေးနိုင်ပါဘူး။ အဲတာတွေအားလုံးက countable figure တွေပါ။
၂။      refinery process ကိုလဲ ပြင်သင့်ရင် ပြင်ပရပါမယ်။ ပါတ်ဝန်းကျင်ကို အန္တ ရယ်မဖြစ်မယ့်နည်းလမ်းကိုသုံးရပါမယ်။
၃။      လယ်ယာမြေတွေကိုဖယ်ရှားမယ်ဆိုရင် ဦးပိုင်အနေ နဲ မြေလွတ်မြေရိုင်တွေမှာ လယ်ယာမြေတွေဖေါ်ထုတ်ပြီးပေးရပါမယ်။
၎။      project ပွင်လင်းမြင်သာမှုရှိရပါမယ်။
 
+7 #33 Rain 2012-11-30 09:27
နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း
လုပ်ပြန်ပြီ..ဒီနိုင်ငံတော်ရဲ့ အကျိုးစီးပွားနဲ့ အများပြည်သူတို့ ရဲ့ အကျိုးစီးပွား ဆိုတဲ့စကားတွေ...
ဒါပေမဲ့ပြည်သူတွေနားလည်နေကြတာက..
ခင်ဗျားတို့ ကာကွယ်နေတဲ့နိုင်ငံတော်အကျိုးစီးပွားဆိုတာက
တရုတ်နိုင်ငံတော်ရဲ့ အကျိုးစီးပွား..
အများပြည်သူတွေရဲ့ အကျိုးစီးပွားဆိုတာက...စစ်တပ်ကပိုင်တဲ့
ဦးပိုင် ရဲ့ အကျိုးစီးပွား..
တကယ်တမ်းတော့..မြန်မာ့အဖိုးတန်သယံဇာတတွေကိုတရုတ်
တွေကသူခိုးဈေးနဲ့ (သူခိုးတွေနဲ့ စာချုပ်ချုပ်ခဲ့ ကြလို့ )ထုတ်ယူ
နေတဲ့ အတွက် တကယ့်နိုင်ငံတော်အစစ်ကအလွန်နစ်နာပါတယ်
ဒီအတိုင်းပဲ ဦးပိုင် ဆိုတာကြီးကလဲ တကယ့်ပြည်သူအစစ်တွေရဲ့ 
လယ်တွေ မြေတွေကို သူတို့ ပထွေးချန်ထားတဲ့အမွေတွေလို့ သ
ဘောထားပြီးလုပ်ချင်သလိုလုပ်နေတဲ့အတွက် တကယ့်ပြည်သူအစစ်တွေကတော့ ဘဝပျက်သွားတဲ့အထိ နစ်နာ
နေကြတာပါ...
 
+16 #32 myanmarlion 2012-11-30 09:02
ပြောင်းလဲလာပြီဆိုတာကို လက်ခံတဲ့ ဦးလေး အဒေါ် ညီအစ်ကိုမောင်နှမတွေ အားလုံး စဉ်းစားဗျာ...... တစ်နိုင်ငံလုံးက ပြည်သူတွေက ရဟန်းတွေဒဏ်ရာရတာကို မကျေနပ်လို့ အုံကြွရင် စစ်တပ်က အာဏာပြန်သိမ်းမယ်........မှတ်ထား ခွေးနဲ့ စပ်ပြီးမွေးထားတဲ့ စစ်ခေါင်းဆောင်အဆက်ဆက် အုပ်ချုပ်ခဲ့တာ တိုင်းပြည် ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ အသိပဲ... အခု လဲ ခွေးမျိုးဆက်နဲ့ ခွေးစိတ်က မြန်မာနိုင်ငံမှာ စစ်တပ် ရဲ ၀န်ထမ်းနေရာတိုင်းမှာရှိတယ်...သမ္မတကစလို့ပေါ့..... ဒီကြားထဲ ပြည့်သူထောက်ခံမှ အပြည့်ရနေတဲ့ ဒေါ်စုတောင် နိုင်ငံတကာရယ်... စစ်သမ္မတအစိုးရရယ် ပြည်သူရယ်ကြားမှာ ပဲကြီးလှော် ကြား ဆားညှပ်မယ့်ကိန်းမြင်နေတယ်........ ရှင်းရှင်းပြောရရင် မြန်မာပြည်ကိုက မင်းစိုးရာဇာ ကပ်စိုက်နေတာ... မြန်မာလူမျိုးဖြစ်ရတာ ရိုဟင်ဂျာ ကုလားလောက်တောင် လုံခြုံမှုမရဘူးဖြစ်နေတယ်........
 
+13 #31 pstmynt 2012-11-30 08:52
"ထိုသို့ဆောင်ရွက်ရခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီဆောင်ရွက်ရခြင်း ဖြစ်ကြောင်း''
ေ..ွးမသားတယုတ်ကျွှန်တွေ........
 
+44 #30 aung naing oo 2012-11-30 05:48
၂၀၁၅ ရွှေးကောက်ပွဲအတွက်ရလဒ်ကတော့ရှင်းရှင်းကြီးမြင်သွားရပါ ပြီလေ... :lol:
 
+2 #29 myo kyaw 2012-11-30 05:25
[youtube]https://www.youtube.com/watch?feature=player_embedded&v=HfzlS-QWgqk[/youtube]
 
-75 #28 bothant51 2012-11-30 05:15
သေကြကွာာာာ နားးးးးအေးတယ်
 
+51 #27 smart_grid 2012-11-30 01:06
(၁)      အဲဒီ နယ်မြေက သတင်း တော်တော်များများက ပျောက်ကွက်ပုံစံ ဖြစ်နေခဲ့ပါတယ်။
(၂)      အထူးသဖြင့် ပုဒ်မ ၁၄၄ ထုတ်ထားခဲ့တာကို အခြား မီဒီယာများတွင်လည်း အမှတ်မထင် သာသာ ဖြစ်နေခဲ့ပါတယ်။
(၃)      အန်န်အယ်လ်ဒီက တင်သွင်းတဲ့ အရေးကြီးအဆိုကို ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ရှင်းလင်းခဲ့သည့်တိုင်အောင်၊ လွှတ်တော်က အမြော်အမြင် တစ်ခု အနေနဲ့ လက်ခံလိုက်တဲ့အခါမှာ အဲဒီ ဒေသ၊ နယ်မြေကို အညိုရောင်နယ်မြေ တစ်ခုလို့ သတ်မှတ်လိုက်မယ့်သူတွေ ရှိလာပါတယ်။
(၄)      ဒေါ်အောင်ဆန်းစုကြည်လို နှစ်ပေါင်းများစွာအတွင်း တစ်ဦးတည်းသော လူထုခေါင်းဆောင်က အဲဒီ ပြသနာကို သွားရောက်ကုစားဖို့ လက်ခံခဲ့ပါတယ်။
(၅)       ရောက်မလာခင် သပိတ်စခန်းတွေကို ဖြိုခွဲလိုက်ပါတယ်။ 
           (က)      ပထမ အခြေအနေက သပိတ်စခန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်စရာ မရှိဘူးလို့ တာဝန်ယူမယ့်သူ မရှိခြင်း၊ 
           (ခ)        ဒုတိယက သူပြောရင် ပြီးမယ့်အတူတူ၊ ကြိုရှင်းထားပြီး သူ ပြောလို့ ပြီးသွားလည်း အရင်းပဲလို့ လူပြိန်းလို တွေးနိုင်ခြင်း။
(၆)      နိုင်ငံတော်ရဲ့ အဆင့် အမြင့်ဆုံး သတင်း ထုတ်ပြန်ရေး အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း မပြောမီမှာ ကြေညာချက် ထုတ်တယ်။
(၇)      အမေစု မိန့်ခွန်း ပြောပြီးချိန်မှာ ပြန်ပယ်ဖျက်တယ်။
(၈)      အဲဒီ မိန့်ခွန်းကို နားထောင်ပြီးမှ ဆုံးဖြတ်တာလား၊ အမေစုကပဲ အဲဒီ ကြေညာချက်ကို ပြန် ကန့်ကွက်ခဲ့လို့လား။
“လှုပ်ရှားမှုတိုင်းမှာ ပါဝင်ခဲ့တဲ့ ကျွန်တော်တို့ ပြည်သူနဲ့ သံဃာတွေဟာ ဒီမြေ၊ ဒီရေ၊ ဒီလေကို ချစ်တဲ့စိတ်တော့ သူများရှေ့တန်းမှာ ရှိနေမှာပါ။ နိုင်ငံရေး ရေချိန်မှာတော့ ဒီထက်ပို မြင့်နေဖို့ လိုပါတယ်။”
တစ်ချိန်တုန်းက အတိုက်အခံ အားလုံးအတွက် အစိုးရ တစ်ခုပဲ ရှိတယ်။
အခု အချိန်မျိုးကျတော့ ဥပမာ ရခိုင်ကိစ္စလိုမျိုးဆိုရင် Mr. President (Air Force One) ကို အတိုက်အခံ ပြုလိုတာမျိုးရှိလာရတယ်။
ကေအိုင်အေဟာ ကေအိုင်အို ကိုဆန့်ကျင်ပြီး၊ တရုတ်ကို ကျောထောက်နောက်ခံပြုထားတာမျိုးကို
မြင်အောင် ကြည့်လိုတာမျိုး တွေ့လာရတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုသာ မျိုးဆက် မပြတ်ပဲ၊ နိုင်ငံရေးရေချိန်မြင့်မြင့် ဝန်းရံနိုင်ခဲ့ရင်၊ အခု သွားချင်နေကြတဲ့ ဒီမိုကရေစီ စံနှုန်းတွေကို ဖော်ဆောင်နိုင်မယ့် နိုင်ငံရေး အခင်းအကျင်းတွေ သေချာပေါက် အားကောင်းလာမှာ ဖြစ်ပါတယ်။
 
+11 #26 Ta Pyay Thu Ma Shwe Hta 2012-11-30 00:09
Quoting Revolution to crony:
EMG ကလဲနော်။အတဲ့နေရာကျတော့လည်းတယ်အတာကိုး။ဘာကြောင့်သတင်းထုတ်ပြန်ချက်ကိုပယ်ဖျက် လဲဆိုတာကတော့ဗျာ ပြောစရာကိုမလိုဘူး။လူတိုင်းသိပြီးသားကြီးဟာကို။မီးလောင်ဗုံးတွေပစ်သွင်းပြီး လူမဆန်စွာအကြမ်းဖက်တဲ့လုပ်ရပ်ကို ဒီမိုကရေစီကျင့်စဉ်ပါလို့ ပြောတဲ့ သောက်ရှက်မရှိတဲ့သတင်းထုတ်ပြန်ရေးကကောင်တွေ စကားကိုဗျာ ဘာကြောင့်ပယ်ဖျက်လဲမသိရ လို့ ပြောတာကြီးကတော့ နည်းနည်းအူကြောင်ကြောင်နိုင်သလားလို့ ပါ။
EMG is being sacarstic.
 
+112 #25 Spider Orchid 2012-11-29 23:21
မနက်က ဖြစ်ပေါ်ခဲ့တဲ့ လက်ပံတောင်းတောင်မှ ကြေးနီစီမံကိန်း ဆန္ဒပြ သပိတ်စခန်း အား အငြင်းပွားဖွယ် .. မီးလောင်စေသာလက်နက်ဖြင့် အအင်ားသုံးဖြိုခွင်းသော ကိစ္စရပ်တွင်.....
အမှတ်မထင် ကြည့်လျှင် .... လက်ပံတောင်းတောင်မှ ဆန္ဒပြ ရဟန်းရှလင်ူများ ရှူံးနိမ့်ဆုတ်ခွာခဲ့သည်ဟု အလွယ်တွေးတောနိုင်သော်လည်း....။
တကယ်တမ်းတွင် ရှုံးနိမ့်သည်များထဲမှ အချို့ကို ကောက်နှုတ်သော်....။
(၁)       ဦးသိန်းစိန် အစိုးရ၏ တစ်နှစ်ခွဲကျော်ကြာ တည်ဆောက်ထားခဲ့ရသော ပြည်သူတို့၏ ယုံကြည်ကိုးစားမှု ... လုံဝနီးပါး .. ပျက်ယွင်းသွားပါသည်...။

(၂)      အမျိုးသားရေးကိစ္စဖြစ်သော ..ဘင်္ဂလီကိစ္စတွင် ယခအင်စိုးရလက်ထက် အထုတ်အရှုပ်များ ပေါ်မည်စိုးသဖြင့် ..အအင်ားသုံးနှိမ်နင်းနည်းဖြင့် ..ထိရောက်စွာအစွမ်းမပြေသ်ာလည်း မိမိပြည်သူ(နိုင်ငံသားများ) အေပ်ါတွင် အအင်ားသုံးကာ ..စွာတတ်သော .. ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုငင်ံရဲတပ်ဖွဲ့ နှင့် အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများအား ပြည်သူတို့၏ ယုံကြည်ကိုးစားမှု လုံးဝပျက်ယွင်းသွားပါသည်..။

(၃)      တပ်မတ်ာနှင့် တပ်မတ်ာသားများအတွက် ဟုသော ခေါင်းစဉ်တပ်ထားသော ပြည်ထောစင်ုမြန် မာနိုငင်ံ စီးပွားရေးဦးပိုလင်ီမိတက် ဟုသော .. နယ်မြေခံတ်ရပင်းမှူးအဆင့်လောက်ထံတွပင်င် စာရင်းရှင်းတမ်း၊ ခံစားခွင့်မရှိသော စီးပွားရေးလုပ်ငန်းစုကြီးအား ပြည်သူအများ ယခကင်ထက် ပိုမို ရွံ့မုန်းသွားပါသည်..။

(၄)      ၄င်းကိစ္စအား အောက်ခြေတပ်ေမတ်ာသားများမှ တကယ်အကျိုးခံစားခွင့်မရခဲ့မှန်း သိသိချည်းနှင့် လွှတ်တော်တွင် နှပ်ချေးထွက်မတတ် ရေသာက်ကာ တပ်ေမတ်ာအတွက်ဟု ..နတ်သံနှောပြော ဆိုကာ ၄င်းတို့၏ ကိုယ်ပိုအင်ကျိုးစီးပွားကဲ့သို့ ..အကာအကွယ်ပေးခဲ့သော တပ်ေမတ်ာအမည်ခံ ကာကွယ်ရေးဝန်ကြီးအား ပြည်သူက .. မုန်းတီးရွံရှာသွားပါသည်..။

(၅)       ၂၀၀၈ နာဂစ်အတွင်းက နိုငင်ံစုံတပ်များ၏ တိုရကိုက်အကူအညီအား မဟာဗျူဟာအမြင်ဖြင့် ကြည့်ကာ UN တွင် ကန့်ကွက်ခဲ့သော အကျိုးဆက်ကြောင့် ဒေသတွင်းသို့ တိုရကိုက် နိုငင်ံတကာအကူအညီ မရခဲ့ခြင်းဖြင့် ကယ်သူဝေးကာ လူ သိန်းသောင်းနဲ့ချီကာ ပိုမိုသေဆုံးစေခဲ့သော တရုတ်နိုငင်ံ၏ ကန့်ကွက်ခဲ့အား သတိမရဘဲ ကျေးဇူးရှအင်ဖြစ် မြင်စေသာ သမ္မတရုံးမှ ယခအင်စိုးရနှင့် ဆွေမျိုးပေါက်ဖော်ကြီး၏ သမိုင်းအမည်းစက်ကို နာမည်ကောင်းပြန်ယူချသင်ူ ၀န်ဂျီးများအားလည်း ပြည်သူက ရွံမုန်းအော့နှလုံးနာလာပါသည်..။
အစရှိသဖြင့် နိုငင်ံရေးသိက္ခာ....။ ဒီမိုကေရစီဖော်ဆောင်ခြင်း၊ တရားဥပေဒစိုးမိုးရေး အစရှိသော အစိုးရတ်ရစပ်ပေါ် ...ယုံကြည်ကိုးစားမှု ကိစ္စရပ်များတွင် များစွာ ရှုံးနိမ့်ခဲ့ပြီဆိုတာကို ....
အားလုံး သေဘာပေါက်သင့်ပါကြောင်း...။


credit ငရဲသား
 
+66 #24 rockyknight007 2012-11-29 23:15
Quoting Zawtika:
မီးလောင်ဗုံး နဲ့ မီးလောင်တိုက် သွင်းတာ ကို ဥပဒေ နဲ့ ညီညွတ်အောင်လုပ်တာပါလို့ ပြောထွက်သေးတယ်နော်..
အဲဒါကြောင့်လဲ မင်းတို့တွေ ရန်သူမျိုး ငါးပါးထဲ ပါနေတာပေါ့
ရှေးထုံးနဲ့ ညီညွတ် ပါပေတယ်...............
ရန်သူမျိုး ၅ ပါး မဟုတ်တော.ဘူးဗျ. လက်ရှိ မြန်မာပြည်မှာ ရန်သူမျိုး ၃ ပါးပဲရှိတော.တယ်..
(၁)      ရေ
(၂)      မီး
(၃)     မင်း + ခိုးသူ + မချစ် မနှစ်သက်သောသူ သုံးပါးပေါင်းပြီး ကြံ့ဖွံ.သိန်းစိန် အစိုး၇ ဟုဖြစ်လာပါသည်...
အရှင်ဘုရား မြန်မာပြည်သူ အပေါင်း ရန်သူမျိုး(၃) ပါး၇န်မှ ကင်းဝေးရပါလို၏...
 
+76 #23 ordinaryguyz 2012-11-29 23:11
အမေ့ကို အကြပ်ရိုက်အောင်လုပ်တာလဲပါတယ်...
အချိန်ကိုက် ဖြိုခွဲရတယ်လို့ အခါကြီးရက်ကြီးတောင်မစောင့်နိုင်ဘူး...ဇာတိကပြတယ်..လူသတ်ဖို့ လက်ကယဉ်နေတာ ကြာပါပြီပေါ့လား...
တိုင်းပြည်မငြိမ်သက်ဘူးဆိုပြီး အာဏာသိမ်းချင်တဲ့ကောင်တွေက
လဲရှိပါ့ဗျာ..
မှူးဇော်တို့ လို သမ္မတရုံးစာစီစာရိုက်ပေါက်ကရကောင်တွေကလဲ
သတင်းဆိုပြီးတင်ပါ့..
၂၀၁၅ ထလော့မြန်မာဟေ့...လုံးဝအယုံအကြည်မရှိပါ..
 
+80 #22 utawvi 2012-11-29 22:51
နိုင်ငံတော်နဲ့ အများပြည်သူဆိုပါ့လား။ ဒီတော့ နိုင်ငံတော်နဲ့ ပြည်သူ မတူဘူးပေါ့။ ဒီလိုဆိုရင် နိုင်ငံတော်ဆိုတာ ဘယ်သူတွေလဲ၊ အစိုးရအဖွဲ့ဝင်တွေလား၊ အခြား အခွင့်ထူးခံလူတန်းစားတွေလား၊ စီပွားရေး လက်ဝါးကြီးအုပ်ထားတဲ့ ခရိုနီတွေလား၊ လား လား လား။
အကျိုးစီးပွားကို ကာကွယ်ဘို့ အတွက်ဆိုရအောင် ဆန္ဒပြသံဃာတော်တွေ ပြည်သူတွေက ဘာတွေ အကြမ်းဖက် ဖျက်ဆီးနေပါသလဲ။ ဥပဒေနဲ့ အညီဆိုတော့ ဥပဒေကဘယ်လို ပြဓာန်းထားလို့လဲ။ ရှောင်လို့ တိမ်းလို့ မရတဲ့ ညအခါ မှောင်မှောင်မိုက်မိုက်မှာ မီးလောင်တိုက်သွင်းရမယ်လို့ ဆိုထားသလား။
ရွှေဝါရောင်တုန်းက စစ်အစိုးရမို့ သံဃာတော်တွေကို အကြမ်းဖက် ရက်ရက်စက်စက် သတ်တာ၊ ရခိုင်မှာတော့ ဒီမိုကရေစီ အရပ်သားအစိုးရ ဖြစ်နေလို့ အကြမ်းမဖက်ဘဲ ညင်ညင်သာသာ ကိုင်တွယ်ခဲ့တာ ဆိုပြီး နားလည်ပေးထားတာ။ ဒီပွဲက ဒီထင်ကို ပယ်ဖျက်လိုက်ပြီ။ ရွှေဝါရောင်အရေးအခင်း၊ လက်ပန်တောင်းတောင်အရေးအခင်း ဆန္ဒပြ သံဃာတော်တွေနဲ့ ရခိုင်မှာ အုပ်စုဖွဲ့ အကြမ်းဖက်သူတွေ ဘယ်သူတွေက ဆိုးလို့လဲ။
ရွှေဝါရောင်၊ ရခိုင်အရေး၊ လက်ပန်းတောင်းတောင်အရေး၊ ဒီသုံးပွဲကို ကောက်ချက်ဆွဲလိုက်ရင် ဒီအစိုးရ အရင်စစ်အစိုးရဆိုတာက ပဓာနမကြဘူး။ ကိုယ့်နေရာ ကိုယ်မနေတဲ့ ရဟန်းသံဃာတွေကို နောက်နောင် ဘယ်တော့မှ မထောင်ရဲအောင် ၀င်မစွက်ဘဲရဲအောင် ဦးချိုးထားရမယ်ဆိုတဲ့ ဦးသိန်စိန် အစိုးရရဲ့ အရိုးစွဲ လွဲမှားနေတဲ့မူဝါဒကြောင့်ဆိုတာပေါ်လာမယ်။ ဒီမူဝါဒ ကိုင်စွဲပြီး တိုင်းပြည်အုပ်ချုပ်လာလို့ ဒီတိုင်းပြည် ဒီလောက်စုတ်ပြတ်နေတယ်ဆိုတာ ခုချိန်ထိ ဒီလူ့အန္ဓတွေ သဘောမပေါက်သေးဘူး။ ရဟန်းသံဃာတွေ ကျောင်းသားလူငယ်တွေ အများပြည်သူတွေရဲ့ ခံစားချက် ခံယူချက် တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့ အနစ်နာခံ ကိုယ်ကျိုးစွံ့ရဲတဲ့ သတ္တိ ဗျတ္တိတွေကို နားမလည် သဘောမပေါက်လို့ ဒီမူဝါဒကို မပြောင်းလဲသေးတာဘဲ။ ဒီလို နှိမ်လို့ ငြိမ်သွားမယ်ထင်နေတာက အင်မတန်ကို လွဲမှားနေပါတယ်။
ရဟန်းသံဃာတော်တွေကို ကိုယ့်နေရာ ကိုယ်မနေလို့ ဆိုတဲ့ အစွဲကြီး မပျောက်သမျှတော့ နောက်နောင်လည်း ဒီလို အကြမ်းဖက်နှိမ်နင်းနေအုံးမှာဘဲ။ ရဟန်းသံဃာတော်တွေက အားအားယားယားမို့ အနာခံပြီး ၀င်ပါနေတယ်ထင်လို့လား။ တိုင်းပြည်မှာ ခေါင်ဆိုတဲ့ အုပ်ချုပ်ရေးလူတန်းစားတွေက ကိုယ့်နေရာကိုယ်မနေလို့ ရဟန်းသံဃာတွေလည်း သူတို့နေရာ သူတို့ အေးအေးနေလို့ မရဘူးဆိုတာ သဘောက်ပေါက်ပါတော့။ အပြန်အလှန်မှီခိုနေရတဲ့ ဒကာ ဒကာမတွေရဲ့ အတိဒုက္ခကို မသိကျိုးကျွံပြုပြီး ကိုယ့်ကျောင်းကို အေးအေးဆေးဆေး နှပ်နေဘို့ ဘယ်လိုမှ သိက္ခာမလုံလို့ သူတို့တတ်နိုင်တဲ့နည်းနဲ့ ကူညီနေတယ်ဆိုတာ သဘောပေါက်ပါ။
ပေးထားတဲ့ အမှတ်တွေ ဒီပွဲမှာတော့ တော်တော့ကို လျော့သွားပြီ ဦးသိန်းစိန်ရေ။ နောက်ဆက်တွဲ ခင်းဗျားဘာတွေလုပ်မလဲဆိုတာကို စောင့်ကြည့်ပြီး အမှတ်ပေးသင့် မပေးသင့် စဉ်းစားရတော့မှာပေါ့။ တဆက်တည်း ခင်းဗျားကို တိုက်တွန်းချင်တာလေးကတော့ ခင်းဗျားဟာ ဘုန်းကြီးကျောင်းမှာ နေခဲ့တယ်။ ခင်းဗျားရဲ့ ဖခင်ဟာ ရဟန်းဝတ်နဲ့ ဘ၀အဆုံးထိ နေသွားတယ်လို့ ကြားဘူးပါတယ်။ ဒီအချိန်မှာ ခင်းဗျားအဖေ ဘုန်းတော်ကြီး ရှိရင် ဘယ်လိုခံစားရမလဲဆိုတာ နည်းနည်းလေး စဉ်းစားကြည့်ပါ။ ငါ့သားက ငါတို့ရဲ့ အမျိုးကိုမျိုးပြုအောင် မြိုမယ့်သူတွေ အကြမ်းဖက် ရမ်းကားတဲ့သူတွေကိုတော့ စိတ်ရှည်သည်းခံပြီး ငါတို့ အလေးအမြတ်ထား ကိုးကွယ်တဲ့ အကြမ်းမဖက်တဲ့ ဒကာ ဒကာမတွေ အတိဒုက္ခရောက်နေတာ မျက်ကွယ်မပြုရက်တဲ့ မျိုးချစ်ရဟန်းသံဃာတော်တွေကိုတော့ ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းတာကို ခွင့်ပြုပါလားကွယ်ရို့ လို့များ နာနာကြည်းကြည်း မြည်တမ်းရှာလေမလားလို့လေ။ သားကောင်းဖခင်ဆိုတော့ အမျိုးချစ် ဘာသာချစ်မှာ သေချာလို့လေ။
 
+65 #21 soranotomo 2012-11-29 22:48
ခေါင်းဆောင် မတင်ထိုက်သူများ ၊ နာယက မတင်ထိုက်သူများ
++++++++++++++++++++++++++++++++++++++++
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ
နာယက မတင်ထိုက်။”
၁။      ဂဏန်း = လက်မထောင်ခြင်း

၂။      ပုတ်သင် = ပြောသမျှခေါင်းငြိမ့်ခြင်း

၃။      ၀ါးပင် = လေသင့်ရာယိမ်းတတ်ခြင်း

၎။      လိပ်မျိုး = မိမိဘက်သို့ယက်တတ်ခြင်း

၅။      နွားသိုး = ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်ခြင်း

၆။      ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက ။

ညနေ လေးနာရီက ကျေညာချက် ရုပ်သိမ်းပြီတဲ့။အနာယကဂုဏ်တွေ နဲ့ ဘယ်သူတွေကိုက်သလဲ စဉ်းစားကြပါဦး။

Thanks to Khaing Soelynn
 
+59 #20 Shweyoelatt 2012-11-29 22:44
(ဟိုဘက် စာမျက်နှာမှာ ရေးခဲ့တာကို ဒီဘက်မျက်နှာမှာလည်း သက်ဆိုင်မှုရှိလို့ ထပ်မံ ကော်ပီလုပ်ပြီးတင်ပြခွင့်ပြုပါ။)
ဒီ အရေးအခင်းကို ခုလို လုပ်လိုက်တာကို လုံးဝ (လုံးဝ) ရှုံ့ချပါတယ်။
အခြေအနေတွေက ပုံမှန်ဖြစ်သင့်တာထက် ပိုရှုပ်နေသလိုပဲ (သို့) ရှုပ်ထွေးအောင် ဖန်တီးခံနေရသလိုပဲ။
နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ ပိုပို ကောင်းလာနေတဲ့အချိန်၊ မြန်မာကို ကမ္ဘာကပါ စိတ်ဝင်တစားစောင့်ကြည့်လာရတဲ့အချိန် (ဘားမားကိုတင် မဟုတ်ဖူးနော်၊ မြန်မာဆိုပြီးတော့ပါ သိပေးလာကြချိန်)၊ အထူးသဖြင့် လောလောလတ်လတ် ယူအက်စ်သမ္မတလာပြီးသွားချိန်၊ ဒေါ်စုသာမက သမ္မတဦးသိန်းစိန်ကိုပါ လူတွေကော၊ နိုင်ငံတကာကကော ယုံပေးလာတဲ့အချိန်မှာမှ၊ ဒီTiming မှာမှ ဒီလိုဖြစ်လာတယ်။
Blackmail တွေကို အနံ့ရနေတယ်။
သံသယတွေ ပိုများအောင်လုပ်နေတာ အနံ့ရနေတယ်။ များလည်း များလောက်အောင်ကို ဘယ်သူ့ကို ဘယ်သူယုံကြည်စိတ်ချရမလဲ သိဖို့မလွယ်ဖူး ဖြစ်နေတယ်

စိတ်လုံးဝမကောင်းပါ။ ဒီကိစ္စမှာ (သူတို့ကတော့ so-called ဥပဒေ ဆိုပြီးအကာအကွယ် ဘယ်လောက်ခံထားထား) စစ်မှန်သော နောက်ဆက်တွဲ စုံစမ်းမှုတွေ ဆက်လုပ်ရပါမယ်။
လူတွေ ပြန်လည်လေးစားလာခဲ့ကြတဲ့ ဦးသိန်းစိန်လည်း ကမ္ဘာ့ဥာဏ်ကြီးရှင်စာရင်းပေါက်ပြီးမှ အခုကိစ္စနဲ့ လူတွေ အမြင်မကြည်ဖြစ်တာ ပြန်ခံနေရပါတယ်။ (စစ်ကိုင်းတိုင်းတာဝန်ရှိသူတွေက ဦးသိန်းစိန် စကားဘယ်လောက်နားထောင်လို့လဲဆိုတာ စဉ်းစားရသလိုပေါ့။ ကချင်မှာလည်း ထိုးစစ်မဆင်ရလို့ သမ္မတက အမိန့်ထုတ်တာကထုတ်တာပဲ၊ နားထောင် မထောင်ကတော့. . .)
ကိုယ်ကတော့ နောက်ဆက်တွဲကိစ္စမှာ သမ္မတ ဘယ်ဘက်ကရပ်မလဲဆိုတာ ဆက်ကြည့်ပေးပါမယ်။ တညတည်းနဲ့ သမ္မတရုံးဟုဆိုသော ဆိုဒ်မှ ထုတ်ပြန်သည်ဟုဆိုသော အရာလောက်နဲ့ မဆုံးဖြတ်သေးပါ (ဖြုတ်လိုက်တပ်လိုက် ကြေညာချက်ဆိုသောအရာ)။ အခွင့်အရေးပေးလိုက်ပါဦးမယ်။ ထပ်မလွဲပါနဲ့တော့။
ခေါင်းဆောင်များ တကယ့်(တရားမျှတစွာ) ဖြေရှင်းနိုင်ကြပါစေ၊
ထိခိုက်သူများအားလုံးကို စာနာလျက်. . .
သင်တို့ဘက်က ပြည်သူများ ရှိနေကြတယ်. . .
(၀မ်ပေါင်နဲ့ ဦးပိုင်ကို တော့ ပြည်သူများ မေတ္တာ အခိုင်အမာရှိသွားကြပါပြီ။ စိုက်တဲ့အတိုင်း ရိတ်ရမှာပဲလေ. . .)
 
+64 #19 soranotomo 2012-11-29 22:40
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၏ အိမ်လုပ်သားများ အတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု -
နိုဝင်ဘာလ ၂၈ရက် ၂၀၁၂ခုနှစ် ၊ သတင်း - သစ်ထူးလွင်
ရန်ကုန်၊ နိုဝင်ဘာ ၂၈။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက် နှင့် ဥယျာဉ်လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စု လွှတ် တော်မှ ခွင့်ပြုထားကြောင်း .....
----------
ဘယ်သူ့ကို ထိုးကျွေးရမလဲ ဆိုတာ အစည်းအဝေး ထိုင်ပြီးကြပြီလားဗျ...
ဝန်ကြီးတယောက်ကို အနားခိုင်းလိုက်ပြီး သူ့တအိမ်လုံးနဲ့ အခိုင်းအစေတွေကို အပေါ်ကသတင်းလိုမျိုးပြည်သူပိုင်ငွေ ထောက်ပံ့တာတော့ ထပ်မလုပ်ပါနဲ့တော့....
 
+46 #18 myo1 2012-11-29 22:29
ဟား.ဟား..ဟား..ဟား..........ဟား..ဟား..ဟား..ဟား...ဟား..ဟား..ဟား..ဟား.....ရီရလွန်းလို့  သေတော့ မယ်ဗျို့ ...အစိုးရတဲ့ဟေ့....
 
+61 #17 casperchitoo 2012-11-29 22:20
ဆောက်ရှက်မရှိတဲ့ သိန်းစိန်အစိုးရ...
တရုပ်နဲ့ ကုလား စိတ်ကြိုက်အလိုးခံရ ဖို့ မြန်မာတွေကို သတ်နေတဲ့ သိန်းစိန်အစိုးရ...
တွေ့ကြသေးတာပေါ့ကွာ....
 
+77 #16 mon min 2012-11-29 22:11
စစ်သားစကား ဆိုခဲစေမြဲစေ ဆို.....ခုတော့ ရှုံ့ချည်နှပ်ချည်နဲ့ ပါလား။ဒါလားကွစစ်သားစကား။ထမိန်ဝတ်ထားဖို့တောင်မတန်တဲ့ကောင်တွေ။လန်ကွတ်တီနဲ့နေကြ။.. .ကျက်သရေတုန်းတွေ။ကိုယ့်လိပ်ပြာကိုယ်မလုံတော့ဘူး။ခင်ဗျားတို့ကျဆုံးခန်းနီးလာပါပြီ။
 
+94 #15 thaungmt 2012-11-29 21:59
ဇာတ်ကသိပ်နာသွားပီ။ လူထုကမင်းတို့ကိုသိပ်နာကျဉ်းသွားပြီ။ သွေးရူးသွေးတန်းတွေလျောက်လုပ်မနေကြနဲ့တော။
 
+67 #14 Revolution to crony 2012-11-29 21:57
EMG ကလဲနော်။အတဲ့နေရာကျတော့လည်းတယ်အတာကိုး။ဘာကြောင့်သတင်းထုတ်ပြန်ချက်ကိုပယ်ဖျက်လဲဆိုတာကတော့ဗျာ ပြောစရာကိုမလိုဘူး။လူတိုင်းသိပြီးသားကြီးဟာကို။မီးလောင်ဗုံးတွေပစ်သွင်းပြီးလူမဆန်စွာအကြမ်းဖက်တဲ့လုပ်ရပ်ကို ဒီမိုကရေစီကျင့်စဉ်ပါလို့ ပြောတဲ့ သောက်ရှက်မရှိတဲ့သတင်းထုတ်ပြန်ရေးကကောင်တွေ စကားကိုဗျာ ဘာကြောင့်ပယ်ဖျက်လဲမသိရ လို့ ပြောတာကြီးကတော့ နည်းနည်းအူကြောင်ကြောင်နိုင်သလားလို့ ပါ။
 
+82 #13 blue prince 2012-11-29 21:57
ဆောက်သုံးမကျတဲ့သူတွေဆိုတော့ ဒီလိုပါပဲ။ အမေစု နဲ့ သမ္မတ ပုံကို တွဲပြီး အမေ၇ိကန်က ကောင်တွေက အဆင့်တူပေးလိုက်များ အံ့သြပါရဲ့။ သေသေချာချာ ဆန်းစစ်စေချင်ပါတယ်။ အမေစုကို မှီဖို့ အများကြီး လိုပါသေးတယ်။ သမ္မတကလည်း ဦးနှောက်မှ မမှန်တာ။ မူးဇော်ကလည်း ဘာတွေလုပ်နေလဲ မသိဘူး။ ကြေညာချက်ကို ပြန်လည် ပယ်ဖျက်တာ တို့နိုင်ငံပဲရှိပါတယ်။
 
+155 #12 Mr.talkative11 2012-11-29 21:15
တခြား ဘာမှ လက်မခံနိုင်ပါ။
ဝန်ချတောင်းပန်ပြီး တာဝန်ရှိသူများ သိက္ခာရှိရှိ နှုတ်ထွက်တဲ့ သတင်းကို စောင့်မျှော်နေပါတယ်။
 
+125 #11 အောင်ဘု 2012-11-29 21:11
အဲဒါသာကြည့် အစိုးရအဖွဲ့အစည်းတစ်ခုမှ ဟုတ်ပါလေစ
နိုင်ငံတကာအလယ်မှာ ပိုက်ဆံကမွဲ သောက်ရှက်လည်းကွဲ နူရာဝဲစွဲ ဖြစ်ကြပြီ
ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ရဲရဲဝံ့ဝံ့ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းတွေ လုပ်ဖို့ကောင်းပြီ
 
+80 #10 အန်နာ 2012-11-29 21:10
အော် တတ်လဲတတ်နိုင်ကြပါပေရဲ့ ဇာတ်လမ်းဇတ်ညွှန်းဘယ်သူများပါလိမ့်
;-)#9 kolaywa 2012-11-29 21:08
-     ငါမမှားဘူး..ကွ..
-     ငါ..မမှားဘူးနော်..
-     ငါ.ကွ.လုံးဝ.မမှားဘူး..မှတ်ထား..
-
-
-စောစောက..ပြောတာ..ရုတ်သိမ်းပါတယ်..(မမှားသေးဘူးနော်)
 
+96 #8 salamander 2012-11-29 21:00
Quote:
မည်သည့်အတွက်ကြောင့် ပယ်ဖျက်သည်ကိုမူ မသိရှိရသေးပါ။
ကိုယ့်လိပ်ပြာကိုယ်မလုံလို.လေ။ ၀မ်းနည်းပါတယ်။ ခင်ဗျားတို.အစိုးရ ဘာပဲဆင်ခြေပေးပေး မယုံတော့ပါဘူး
 
+135 #7 Mtsan 2012-11-29 20:58
နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ ဟာမြန်မာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ပြန်ကြားရေးအဖွဲ့ ပါ။ ဒီလို ထုတ်ပြန်ပြီးသား သတင်း ကို မည်သည့် အကြောင်းကြောင့်ပြန်ရုတ်သိမ်းရသည်ဆိုသည် ကို အသိမပေးတာ ဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ဘယ်လောက်ကျဆင်းသွားတယ်ဆိုတာ နားမလည်ကြဘူးလား။ ဒီလိုဗြောင်လိမ်ဗြောင်စား လုပ်ရပ်တွေ ဘယ်တော့ရပ်ကြမှာတုန်း။ အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေ အကုန်လုံး ဦးပိုင်မှာ ရှယ်ယာပါကြ တယ်ဆို တာ ပွင့်ပွင့်လင်းလင်း ဝန်မခံ ကြသေးဘူး။ တရုတ်နဲ့မိတ်ပျက်မှာ စိုးလို့ ၊ ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲမှာစိုးလို့ ပြည်သူကို ဓားစာခံလုပ်တာတွေ ရပ်ကြပါတော့။ ဦးတို့ ပိုင်ဆိုင်တာ ဆယ်သက်စားမကုန်တော့ဘူး။ အားလုံး အချိုးကျ ပိုင်ဆိုင်မှုထဲက ထုတ် နှုတ်ပြီး ဒီပြည်သူတွေကို ဘဝရပ်တည်မှု အတွက် လုပ်ဆောင်ပေးလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခုတော့ ကိုယ့်ပြည်သူကို ပြန်ရက်စက်ကြတယ်။ ဘင်္ဂလီ၊ဘင်္ဂလားနဲ့ဖြစ်တော့ ကြောက်ဒူးတုန်နေတယ်။ ဘယ်မှာလဲ အလောင်းဘုရားစိတ်ဓါတ်တွေ။
ညဏ်ကြီးရှင် ဘွဲ့ အပ်နှင်းခံရတာ ထိုက်တန်ပါတယ် ဒီဖြစ်ရပ်ကိုကြည့်ရင်။......................... ပြည်သူတွေကိုယ့်အားကိုကိုးပြီး တိုက်ထုတ်မှ ရတော့မယ်။
 
+128 #6 Snipher 2012-11-29 20:56
မီးလောင်ဗုံး လက်နက်ကျည်ခွံတွေလည်း သက်သေအဖြစ် ရှာတွေ့
ထားပြီးပါပြီ။ ဆရာဝန်တွေလည်း ဖော်ထုတ်နေကြပြီ။ အရှက်မရှိ ဖုံးကွယ်နေလို့ ဘာထူးမှာလဲ။ ပြီးတော့မှာ သမ္မတအမိန့်ပေးတာ
မဟုတ်ဘူးလို့ facebook ဆရာကြီး ဦးဇော်ဌေးက မီဒီယာတွေကို လှမ်းအကြောင်းကြားဦးမလားပဲ။ လူထုရဲ့ အမျက် ဒေါသကို ဒေါ်အောင်ဆန်းစုကြည်ပဲ ထိန်းသိမ်းပေးရပါလိမ့်မယ်။ နောက်ရွေးကောက်ပွဲကိုတော့ နိုင်ဖို့ မမျော့်လင့်ပါနဲ့တော ဗိုလ် သိန်းစိန်ရေ့။
 
+97 #5 Change 2012-11-29 20:52
Quote:
အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း
နာရီပိုင်းအတွင်းမှာပဲ အနီတွေများလာလို့ ပြန်ဖျက်လိုက်တာပါခင်ဗျာ...
 
+81 #4 kominmin.mdy 2012-11-29 20:50
အော်...သတင်းတွေကအမျိုးအမျိုးကြားနေရတယ်..။ဒါပေမယ့် emg ရေ ဒီနေ့နဲ့မနက်ဖြန်နောက်ဆုံးကြည့်ခြင်းပါပဲဗျာ။အင်တာနက်အသုံးပြုခတွေဈေးကြီးနေလို့လေ။အားလုံးကို လဲနှုတ်ဆက်ပါတယ်။
ဒါနောက်ဆုံးကြည့်ခြင်းပါပဲဗျာ။လူတွေကို တန်ဖိုးနည်းအောင်လုပ်နေတာလား။အသုံးအဆောင်တွေကိုတန်ဖိုးနည်းအောင်လုပ်နေတာလားတော့မသိဘူး ဗျာ။အခုပူပူနွေးနွေးတက်သွားတဲ့ဝန်ကြီးဦးသောင်း
တင်လဲ ဂဏန်းတွက်စက်မနှိပ်တက်ဘူးထင်တယ်ဗျ။တန်ဖိုးနည်းလားတန်ဖိုးများလားသူမသိဘူး။ပြောလိုက်ရင်တော့ မိုးပေါ်ထောင်တက်တာသိကြားမင်းဖင်တောင်ဝင်ဆောင့်တယ်။တကယ်တမ်းတော့
ဘာမှဖြစ်မလာပါဘူး။အားလုံးပဲ ဆိုင်ဘာကဖေးဆိုင်တွေကိုသွားအောင်လို့လုပ်လိုက်တာပါ။ဆိုင်တွေကလူမရှိတော့ဘူးလေ။အဲဒါကြောင့် စည်ကားအောင်ပြန်လုပ်တဲ့သဘောပေါ့။ရှင်းရှင်းပြောရရင်
မသုံးနဲ့ဗျာလို့ပြောလိုက်တာနဲ့အတူအတူပါပဲ။တကယ့်ကိုအောက်တန်းကျတဲ့လုပ်ရပ်တွေပါ။အားလုံးပဲ ၀ိုင်းကန့်ကွက်တောင်မှ မသိသလိုဟန်ဆောင်နေအုံးမယ့် MPT ။ သက်စိုးရှည်မလားဆိုတာ
စောင့်ကြည့်ကြဗျာ။နောက်လကနေစပြီးဝင်ငွေလျော့သွားမယ်ဆိုတာမြဲမြဲမှတ်ထားပါ MPT.။ ကျွန်တော်ကတော့လုံးလုံးမှကိုမသုံးတော့ဘူး။ ကျွန်တော့်လိုလူတွေအများကြီးရှိနေမယ်ဆိုတာ MPTရေ
မသေမချင်းသာမှတ်ထားလိုက်တော့ဗျာ။နော့်။ အခုလေးတင်မှ emg ကနေအကောင့်ဖွင့်တယ်။အခုလေးတင်ပဲ နှုတ်ဆက်ပါတယ်။ တာ့တာ
 
+130 #3 Zawtika 2012-11-29 20:44
မီးလောင်ဗုံး နဲ့ မီးလောင်တိုက် သွင်းတာ ကို ဥပဒေ နဲ့ ညီညွတ်အောင်လုပ်တာပါလို့ ပြောထွက်သေးတယ်နော်..

အဲဒါကြောင့်လဲ မင်းတို့တွေ ရန်သူမျိုး ငါးပါးထဲ ပါနေတာပေါ့
ရှေးထုံးနဲ့ ညီညွတ် ပါပေတယ်...............
 
+72 #2 Latt Ko 2012-11-29 20:42
thank to media...
အရင်ကဆိုဒါမျိုးဘယ်ရလိမ့်မလဲ...
 
+95 #1 shwe phyu 2012-11-29 20:37
စောက်ရှက်မရှိတဲ့ဟာတွေ...ဗလောင်းဗလဲဖာစိန်အုပ်စုအမြန်ဆုံလက်ရှိနေရာကနေထွက်ပေး
ကြ....
;-)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။