မီးစုန်းဓါတ်ပါသော မီးလောင်ဗုံးများဖြင့် လူစုခွဲသည်ဟု ဒေသခံ စွပ်စွဲ
ရွှေဟင်္သာသတင်းဌာန. ၂၉ ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —-
အစိုးရ အာဏာပိုင် များသည်၊ ကြေးနီတောင် သပိတ် စခန်းကို ယနေ့မနက်က အင်အားသုံး လူစုခွဲရာတွင် အသုံးပြုခဲ့ သော မီးလောင်ဗုံး ကျည်ဆံများတွင် မီးစုန်းခေါ် ဖော့စဖားရပ်က် ထည့်သွင်း အသုံးပြုခဲ့ခြင်း မရှိဟု ပြည်ထောင်စု သတင်း ထုတ်ပြန်ရေး အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဥာဏ်ထွန်းက ဆိုပါသည်။
မျက်မြင်များ ကမူ ဖော့စဖားရပ်က်သည် ထိမိသည့်နေရာမှ ပေါက်ကွဲလွင့်စင်၍ နေရာအနှံ့လောင်ကျွမ်းတတ်ခြင်း၊ ရေနှင့်ထိ တွေ့ပါက ဖော့စ ဖောက်စ် အက်စစ်ဖြစ်ကာ အဖြူရောင် အက်စစ်ငွေ့များ ထွက်လာပြီး အဝတ်အထည်နှင့် တစ်ကွ အသားအရေ ကိုပါ လောင်ကြွမ်းနိုင်ခြင်း စသော အစွမ်းသတ္တိများ ရှိသည်။ လက်ရှိတွေ့မြင်ရသည့် ဓာတ်ပုံပါ ဒဏ်ရာများ တွင် အစက်အပြောက်များဖြစ်ကာ လောင်ကြွမ်း ဒဏ်ရာများ အရေပြား လောင်ကြွမ်း ဒဏ်ရာများသည် ဖော့ စဖား၏ အာနိသင်ကြောင့် ဖြစ်သည်ဟု ဖော့စဖားရပ်က်နာလည် သူများက ဆိုပါသည်။
အစိုးရသည် ဖော့စဖားရပ်က်ကို ဗုံးသီးများတွင် အထူးသဖြင့် လူစုခွဲရန်နှင့် အဓိကရုန်း နှိမ်နင်းရာတွင် အသုံးပြုသော ဗုံးသီးများနှင့် လက်ပစ်ဗုံးများတွင် အသုံးပြုခြင်း မရှိတော့ဟု ပြည်ထောင်စု သတင်း ထုတ်ပြန်ရေးက ဆိုပါသည်။
သို့သော် ထိုမီး လောင်ဗုံးတွင် ဖော့စဖားရပ်က်ကို သုံးထားပါက ဖော့စဖားနှင့် ရေတို့ဓာတ်ပြုရာမှ ထွက်လာသည့် အ ဖြူရောင် အက်စစ်ငွေ့ သက်ရောက်မှု ခံရသူတိုင်းသည် တစ်ချိန်တွင် အမြင်အာရုံ ဆုံးရှုံးခြင်း ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိ သဖြင့် ကျွမ်းကျင်သူ ကျန်းမာရေး ဝန်ထမ်းများဖြင့် အထူးဂရုပြု စစ်ဆေး သင့်ကြောင်း အကြံပြု အပ်ပါသည်။
ရိုးရိုး မီးလောင်ဗုံး မဟုတ်ဘူးလို့ မျက်မြင်များက ယူဆနေကြတယ်။ ဤသို့ကြောင့် နားလည် တတ်ကျွမ်းသူ ဖြစ်သည့် အမှတ် (၂) စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ၌ တာဝန် ထမ်းဆောင် ခဲ့ဘူးသော ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Face Book တွင် ယခုလို ရှင်းပြ ထားပါသည်။
“စစ်လက်နက် ပစ္စည်းတွေ ထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေ နှစ်ဆယ်လောက် ထိ မီးညွှန့် ပန်း ထွက်တဲ့ သေနတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီ လက်နက် အမျိုးအစားက “စစ်မြေပြင်” မှာတောင် သာမာန် လက်နက်နဲ့ ပစ် ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦး တွင်းမှာ နေရာယူထားတဲ့) ရန်သူ့ တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့် ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ် ထားတယ်။
ဒါအပြင် ပစ်မှတ်တွေကို မီးလောင် ပျက်စီး စေတဲ့ နောက်ထပ် ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာ ဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက် လာတာကို သတင်းထောက်တွေ ဗီဒီယို မှတ်တမ်း တင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်းလိုက်ရတာလည်း မှတ်မိကြမှာပေါ့။
https://www.facebook.com/saitheinwin?ref=ts&fref=ts
“အခု ဆန္ဒပြ သံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာ မီးလောင်ပြီး ဒဏ်ရာ ရ ကြတယ်၊ မျက်ရည်ယိုဗုံး ဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရ မဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ်တီထွင်ထားတဲ့ မီးခိုးဗုံး အမျိုးအစား သာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇဝတ်မှု အကြီးကြီး တစ်ခု ကျူးလွန်လိုက် ပြီလို့ပဲပြောရမယ်။
“တခြားဖြစ်နိုင်တာကတော့ ကပစ ကထုတ်တဲ့ မျက်ရည်ယိုဗုံးတွေ စံချိန်မမှီတာကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေ မယ့် အရပ်သားတွေကို မီးလောင် ဒဏ်ရာရစေတဲ့ အထိ ဖြစ်သွားတာကတော့ (မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာ ပဲဖြစ်ဖြစ်) ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ ကိုယ်ချင်းမစာတတ်ရင် ကိုယ့်အသားပေါ်ကိုယ် ဆီပူ တစက်လောက် ချကြည့်နိုင်တယ်” ဟု ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ပြောကြားသည်။
http://en.wikipedia.org/wiki/White_phosphorus
Written by ရွှေဟင်္သာသတင်းဌာန

No comments:
Post a Comment