ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့
အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ
ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ
နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့
နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို
လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို
ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။
ကိုယ့်နိုင်ငံ
သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။
နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။
အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။
ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့
လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို
ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ
ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။
ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ
သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့
နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။
နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ
ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့
နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့
နိုင်ငံရဲ့ ရေရှည် အကျိုး ကို ကြည့်ပြီးတော့ လုပ်တဲ့အခါမှာ ကျွန်မမှာ
အားနည်းချက်တွေရှိလို့ ဆိုရင်လည်း ၀ိုင်းပြီးတော့ ပြုပြင်ပေးကြ ပါ။ ကျွန်မ
လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေ ကလည်း သေသေချာချာ
စဉ်းစားပါ။ သဘောထားကြီးရမယ်။ ရေရှည်အမြင်ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ
အဓိကလိုအပ်ချက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ
ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းမြောက်မြားစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊
တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံ့အကျိုးအတွက်အတူ
စွမ်းဆောင်နိုင်ဖို့ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဆိုလို့ရှိရင်
ကျွန်မတို့ ပြည်သူအားလုံးဟာ ရေရှည်အမြင်နဲ့လုပ်ဖို့ လိုပါတယ်။ အဲ့ဒီလို
ရေရှည်အမြင်နဲ့လုပ်မှ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ အခု
ဒီဒေသမှာဖြစ်နေတဲ့အခက်အခဲတွေကို ကျွန်မတို့နိုင်ငံ သိက္ခာရှိမယ့် ပုံစံနဲ့
ကျွန်မ ဖြေရှင်းချင်ပါတယ်။ အဲ့ဒီလို လုပ်တဲ့အခါ ပြည်သူတွေက
ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။
ဒီမိုကရေစီလမ်းကြောင်း
လျှောက်တဲ့အခါမှာ ပြည်သူတွေက ပြည်သူတွေရဲ့ ထောက်ခံမှုမရဘဲနဲ့ ကျွန်မတို့
အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ထာက်ခံမှုဆိုတာ
ပြည်သူအကြိုက် ရေတိုဆုံးဖြတ်ချက်လေးတွေ ချပြီးတော့ အဲဒီလို ပြည်သူရဲ့
ထောက်ခံမှုတွေ ဒီလိုမမှန်မကန်တဲ့ နည်းတွေနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကို
ရမယ်ဆိုရင်လည်း ရေရှည်မှာ အကျိုးမရှိပါဘူး။ ကျွန်မစောစောကပြောသလိုပေါ့။
ပြည်သူတွေနဲ့ မှန်မှန်ကန်ကန်ဆက်ဆံမယ်။ ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံမယ်။
ကျွန်မရဲ့ဆုံးဖြတ်ချက်တွေ၊
ကျွန်မရဲ့ လုပ်တာကိုင်တာတွေကို ပြည်သူက မကြိုက်ရင်လည်း မကြိုက်ဘူးလို့
ပြောနိုင်တယ်။ ကျွန်မရှင်းပြမယ်။ ကျွန်မတစ်ခုခုကို လုပ်တယ်ဆိုရင်
ဘာဖြစ်လို့ လုပ်သလဲဆိုတာ ရှင်းပြမယ်။
အခုဒီဒေသမှာ
ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ဖြစ်နေတဲ့ပြဿာနာဟာ ကျွန်မကနေပြီးတော့
အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့
ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်း သိက္ခာရှိတယ်။
ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ အဲ့လိုရအောင်
ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ်
ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။ ဒါပေမယ့်
ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ်ဆိုလို့ရှိရင်
အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်။
ဒီတော့ ကျွန်မက
ပြည်သူကိုတစ်ခုပဲ တောင်းပန်ချင်ပါတယ်။ သေသေချာချာ စိတ်ရှည်ရှည်နဲ့
ကျွန်မဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ဆုံးဖြတ်ချက်တော့ မချသေးဘူးပေါ့နော်။
ဒါပေမယ့် ကျွန်မ တစ်ဖက်ကိုတော့ မေးကြည့်ပြီးပါပြီ။ လုပ်ငန်းရှင်တွေဘက်ကို
တွေ့ပြီး သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့ချင်တယ်။ ကန့်ကွက်တဲ့
ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။
ဟိုဘက်ဒီဘက် အဖြေ နှစ် ခုကို ကြည့်ပြီးတော့ တတ်နိုင်သလောက်
ပြေလည်အောင်လို့ ကျွန်မ ညှိပေးချင်တယ်။ အဲ့လို ညှိပေးတာကို ပြည်သူတွေက
သဘောတူရဲ့လား။
ကျွန်မတို့ဆီက နိုင်ငံသားတွေက
အေးအေးချမ်းချမ်းနေချင်တယ်ဆိုတာကို ကျွန်မယုံကြည်တယ်။ ကျွန်မတို့ နိုင်ငံသူ
နိုင်ငံသားတွေက အချင်းချင်းကြားမှာ စေတနာ မေတ္တာနဲ့ပဲ နေချင်တယ်ဆိုတာ
ကျွန်မယုံကြည်တယ်။ ဒါ လူသားတိုင်းက ဒီလိုပါပဲ။ စေတနာမေတ္တာနဲ့ နေရတဲ့
ပတ်ဝန်းကျင်ဟာ အင်မတန်မှ အေးချမ်းပါတယ်။ ဒေါသတွေ ဟုန်းဟုန်းတောက်နေတဲ့
ပတ်ဝန်းကျင်ဆိုတာ မအေးချမ်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ရဲ့
နိုင်ငံကြီး အေးချမ်းဖို့ အတွက် ကျွန်မအစဉ်အမြဲပဲ
ပြန်လည်ရင်ကြားစေ့ရေးလမ်းကို ကျွန်မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုလျှောက်တဲ့အခါမှာ ကျွန်မနဲ့အတူ ပြည်သူပါလာမှ ကျွန်မလုပ်ငန်းတွေမှာ
အောင်မြင်နိုင်မှာပါ။
ဒါ့ကြောင့် ကျွန်မလမ်းမှာဆိုလို့ရှိရင်
ပြည်သူတွေက ကြိုဆိုလေ့ရှိတယ်။ ကျွန်မ အင်မတန်မှ အားတက်တယ်။ အားတက်တယ်ဆိုတာ
ကျွန်မကို ကျန်းမာပါစေလို့ ခေါ်နေလို့ မဟုတ်ဘူး။ အသက်ရာကျော်ရှည်ပါစေလို့
အော်နေလို့ မဟုတ်ဘူး။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ အသက်ရာကျော်တောင်
ရှည်ပါ့မလားပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ပြည်သူရဲ့ ထောက်ခံမှု
ရှိရင်တော့ ကျွန်မတို့ လုပ်ငန်းတွေဟာ အောင်ခြေအများကြီှးရှိတယ်ဆိုတာ
ကျွန်မအားတက်ရပါတယ်။
အဲဒီတော့ ခက်ခဲတဲ့အချိန်မှာ
မိတ်ဆွေကောင်းဆိုတာ လွယ်ကူတဲ့အချိန် မဟုတ်ဘူး။ ကိုယ့်ဘက်ကနေပြီးတော့
ရပ်တည်ပေးတဲ့ အရာဟာ မိတ်ဆွေကောင်းပဲ။ ကျွန်မရဲ့ ပြည်သူတွေဟာ ကျွန်မရဲ့
မိတ်ဆွေကောင်းတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်တယ်လို့ ကျွန်မရိုးရိုးပဲ
ပြောပါရစေ။ ကျွန်မအနေနဲ့လည်း ကျွန်မတို့ပြည်သူတွေအတွက် မိတ်ဆွေကောင်း
ဖြစ်ချင်ပါတယ်။ ခက်ခဲတဲ့အချိန်မှာလည်း ရပ်တည်မယ်။ နောက်တစ်ခုက
မိတ်ဆွေကောင်းဆိုတာ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ဆက်ဆံရတယ်။
ပြောဆိုရတယ်။ ကိုယ့်အကြိုက်ကို လိုက်လိုက်ပြောတဲ့သူဟာ မိတ်ဆွေကောင်းလို့
မထင်နဲ့နော်။ မှားလိမ့်မယ်။ ဘယ်တော့မဆို ကိုယ့်အကြိုက်ကို
လိုက်ပြီးပြောတာဟာ မိတ်ဆွေကောင်းများရဲ့ အလုပ်မဟုတ်ဘူး။
တစ်ကယ့်မိတ်ဆွေကောင်းဆိုတာ ကိုယ့်ရဲ့ ကောင်းကျိုးကို ရှေ့ရှုပြီးတော့
ပြောသင့်ပြောထိုက်တာကို ပြောမယ်။ ထောက်ပြသင့်တာကို ထောက်ပြမယ်။
အဲဒါမဟုတ်ဘူးလား။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ကျွန်မနဲ့ ပြည်သူကြာမှာ
တစ်ကယ့်ကို ကောင်းမြတ်တဲ့ မိတ်ဆွေကောင်းတွေ ဆက်ဆံမှုတစ်ခု ဖြစ်စေချင်ပါတယ်။
အဲဒါကြောင့်
တတ်နိုင်သလောက် ကျွန်မက ပြည်သူတွေနဲ့ တွေ့တယ်။ ပြောဆိုတယ်ဆိုတာဟာ
ပြည်သူတွေနဲ့ ကျွန်မရဲ့ကြားမှာ နားလည်မှုတွေ တည်ဆောက်နိုင်အောင်လို့၊
ကျွန်မတို့ကြားမှာ ကောင်းမွန်တဲ့ သံယောဇဉ်တွေ တည်ဆောက်နိုင်အောင်လို့
ကျွန်မတွေ့ဆုံတာပါ။ တစ်ကယ်လို့ တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့နိုင်ရင်
ပိုကောင်းတာပေါ့။ ဒါပေမယ့် သန်း ၆၀ ကို ဘယ့်နှယ့်လုပ်သွားလို့ရမှာလဲ။
သန်း ၆၀ ကို တစ်ယောက်ချင်း တစ်ယောက်ချင်း မတွေ့နိုင်တဲ့အခါကျတော့ ဒီလိုပဲ
အစုလိုက်တွေ့ရတာပဲ။ ဒီလိုတွေ့ရတိုင်းလည်း ကျွန်မဝမ်းသာပါတယ်။ တစ်ခါတစ်လေ
ခရီးသွားရင် စိတ်ဆိုးရတာတွေ အများကြီးရှိတယ်။ ပြည်သူတွေမဟုတ်ပါဘူး။
ကျွန်မတို့ အဖွဲ့တွေ လုပ်ပုံကိုင်ပုံမဟုတ်လို့။ ဒါပေမယ့် အဲ့လို
စိတ်ဆိုးရတဲ့အခါတောင်မှ ပြည်သူတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်မကို
ကြိုဆိုတဲ့အခါ စိတ်ဆိုးတာတွေ ပြေရပါတယ်လို့ ပြောပြချင်တယ်။ ဒါကြောင့်
ကျေးဇူးတင်ပါတယ်လို့။
အခုတော်တော်လေး မှောင်နေပြီဆိုတော့
နောက်ဆုံးအနေနဲ့ ကျွန်မတောင်းပန်ချင်တာရှိတယ်။ ဒီလိုမှောင်တဲ့အထိ
စောင့်ရအောင်လို့ လုပ်ခဲ့တာကို ကျွန်မတောင်းပန်ပါတယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့။
နံနက်တုန်းက မန္တလေးကနေ မုံရွာကိုလာတော့။ မုံရွာက ပြည်သူလူထုက အင်မတန်မှ
သောင်းသောင်းဖျဖျ ကြိုဆိုတယ်။ တော်တော့ကို နောက်ကျသွားတယ်။ လမ်းမှာ
ဖြေးဖြေးလေးပဲသွားဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်မဒီမှာ အရောက်နောက်ကျတယ်။
နောက်ကျတော့ လမ်းမှာ ကြိုဆိုတဲ့ ရွာသူရွာသားတွေကို ကျွန်မကောင်းကောင်း
မနှုတ်ဆက်နိုင်ခဲ့ဘူး။ ဟိုဘက်က အလုပ်ချိန်းထားတာကို နောက်ကျမှာဆိုးလို့။
အဲ့ဒါကြောင့် လမ်းမှာ မနှုတ်ဆက်ခဲ့ရတဲ့ ရွာသူရွာသားတွေကို တောင်းပန်ပါတယ်။
အခုလို မှောင်တဲ့အထိ စောင့်ရတဲ့ ဒီကိုရောက်နေတဲ့ ပြည်သူအားလုံးကိုလည်း
တောင်းပန်ပါတယ်လို့ ပြောပါရစေ။
နောင်ဆိုလို့ရှိရင်လည်း ကျွန်မတို့
အများကြီး အတူတူလုပ်ရဦးမယ်။ ဒီလို မျက်နှာချင်းဆိုင်
မတွေ့နိုင်သည့်တိုင်အောင် ကျွန်မတို့နိုင်ငံ ကောင်းကျိုးအတွက်ဆိုတာ
ကျွန်မတို့ အားလုံးအတူလုပ်ရမှာပဲ။ အဝေးက ဆက်သွယ်မှုနဲ့ ကျွန်မတို့
လုပ်သွားရမှာပဲ။ တစ်ချို့ကျတော့လည်း ကျွန်မရဲ့ ရှေးရေစက်အရ ပြန်ပြီးတော့
နီးနီးကပ်ကပ် ပြန်တွေ့ရတဲ့ လူတွေလည်း ရှိမှာပါ။ ဒီလိုနီးနီးကပ်ကပ်
ပြန်ပြီးတော့ မဆုံနိုင်ဘူးဆိုရင်တောင် ဒီလို တစ်ချိန်တစ်ခါမှာ ကျွန်မတို့ဟာ
အတူတူ နိုင်ငံရဲ့ ပြဿာနာကြီးအတွက် စဉ်းစားပိုင်ခွင့် အတူတူထိုင်ပြီးတော့
တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် ရတာကိုလည်း ကျွန်မရင်ထဲ အမြဲမှတ်သားထားပါတယ်။ ကျွန်မရင်ထဲမှာ ထိန်းသိမ်းထားပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။ |
Comments
ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာတွေ မိုက်ရူးရဲမဆံမိဖို့၊လိမ္မာပါးနပ်ကြဖို့လိုပါတယ်။ ပတ်ဝန်ကျင်မှာလဲ ဒုက္ခပေးမဲ့၊ ဒုက္ခပေးခဲ့တဲ့နိုင်ငံတွေချည်းပါဘဲ။တရုတ်၊ကုလား၂နိုင်ငံကြားရောက်နေတာလဲမြန်မာတွေတမျိုးကံဆိုးတာဘဲ။
-အခုသပိတ်ကိုဖြိုခွဲပြန်တော့လဲအချိန်မဟုတ်အခါမဟုတ် တန်ဆောင်မုန်းလပြည့်နေ့မှလုပ်ရတယ်လို့ဘဲ။ Protester control လုပ်ပြန်တော့လဲ tear gas canisters တွေကိုမှန်မှန်ကန်ကန် discharge လုပ်တတ်ရင် သံဃာနဲ့လူ ဒီလိုမီးလောင်စရာမလိုဘူး။ England မှာ၂၀၁၁ က riot ဖြစ်တော့ water cannon သုံးခွင့်ပေးဖို့ချီတုံချတုံဖြစ်ရတယ်။ ဒါတောင် riot control နော်။ သပိတ်မဟုတ်သေးဘူး။
ဆန္ဒမပြရဘူး.ဘုန်းကြီးအလုပ်မလုပ်ရဘူးလို့  ဘုရားမဟောထားဘူး..မင်းဆိုးမင်းညစ်နဲ့ တွေ့ ရင် ထိုမင်းဆီကအလှူမခံရဘူးတောင် မြတ်စွာဘုရားဟောထားတယ်၊ ပြီးတော့ဒီလို လယ်တီဆရာတော်ဘုရားရဲ့ ကုန်းမြတ်မဟာကို လျှောက်လုပ်နေတာ ဘယ်ဗုဒ်ဓဘာသာမှမနှစ်မြို့ ဘူးကွ..လယ်တီဆရာတော်ဘုရားအကြောင်းမင်းလဲသိမှာပါ..
ငါက မင်းလောက်တော့မရေးတတ်ပါဘူး..စာလဲကောင်းကောင်းမတတ်ပါဘူး...အခု ရရှိနေတဲ့တိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းတို့ ..ဆန္ဒပြခွှင့်တို့ ..ထုတ်ဖော်ခွှင့်တွေက ရွှေဝါရောင်တော်လှန်ရေးရဲ့  ကျေးဇူးတွေမဟုတ်ဘူးလား..မင်း သေချာစဉ်းစားပါအုန်းကွ..ငါမင်းလောက်စာမတတ်တော့ရိုင်းရင်ခွှင့်လွှတ်ကွာ..ငါ့ထက်အသက်ကြီးရင်လဲမင်းခွှင့်လွှတ်..မင်းဆိုပြီးသုံးမိတယ်..ငါဝန်ခံပါတယ်..
အဲဒီလုပ်ငန်းကြီးလေ..တိုင်းပြည်ရဲ့ မဏ္ဍိုင် (၃) ရပ်မတည်ငြိမ်
အောင်လုပ်ပြီး ဒင်းတို့ က အာဏာပြန်သိမ်းချင်တာ..အမေ့ကို
လဲ အကြပ်ရိုက်အောင်လာလုပ်တာ..မဗေဒါပန်းပန်လျက်ပဲကွ...
၂၀၁၅ မင်းတို့ ယုတ်အုန်းမှာမဟုတ်လား..ဒါပေမယ့်အသဲကြား
ကမဲတပြားက ဘယ်သူဆိုတာငါတို့ သိသွားပါပြီကွ..
ခက်ခဲသည်ကိုသိပါသည်။ ဆက်လက်ဦးဆောင်ပေးပါ။ ပြည်သူများ အားပေးလျက်ရှိပါသည်။
(လပြည့်နေ့နောက်တနေ့မနက် ဒီနယ်ကို ဒေါ်စုရောက်လာပြီး ပြေလည်ဖို့ ခုလို ကြိုးစားပေးမှာကို သိသိကြီးနဲ့ မလိုအပ်တဲ့ အင်အားသုံးနှိမ်နင်းမှုကို (so-called ဥပဒေ တွေ အခုအခံယူပြီး) လုပ်ဆောင်ခဲ့တာကို လုံးဝအံ့သြမိပါသည်။ တော်တော်စိတ်ပျက်မိပါသည်။
မဟုတ်တာလုပ်ချင်သူများရဲ့ ထောင်ချောက်လှည့်ကွက်များ မအောင်မြင်ပါစေကြောင်း ဆုတောင်းလျက်. . .)
အေးအေးချမ်းချမ်း ဖြစ်သွားအောင်
ကာလုံ အလိုကျ၊ ကြံ့ဖွံ့ အလိုကျ၊ ဦးပိုင် အလိုကျ
တရုတ်တွေကို န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေလို ကြောက်ချေးပါပီး
တရုတ်လက်ဝေခံ န၀တ-နအဖ စစ်ဗိုလ်ချုပ် တွေကို ဒူးထောက် အညံ့ခံ အလျှော့ပေးရမှာလား...
ဒေါ်အောင်ဆန်းစုကြည်
ကျုပ်တို့ဗမာတွေရဲ့ လည်ချောင်းသွေးကို စတေးပီး
တရုတ်လက်ဝေခံ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေလို
တရုတ်တွေကို ဒူးထောက် အညံ့ခံ အလျှော့ပေး လိုက်ရင် အေးအေးချမ်းချမ်း ဖြစ်သွားမယ်ဆိုတာ
ဒေါ်အောင်ဆန်းစုကြည် ပြောမှ မဟုတ်ပါဘူး..
ကျုပ်တို့လဲ သိပါတယ်...
ဒီလို နည်းနဲ့တော့
တရုတ် လက်ဝေခံ န၀တ-နအဖ စစ်ဗိုလ်ချုပ် တွေကို အလျှော့ မပေးနိုင်ပါ လူထုခေါင်းဆောင် ခင်ဗျား...
ဒီကိစ္စမှာ အစိုးရဘက် ထုံးစံအတိုင်း ရွှေဖော့ရိုးနဲ့ ရှင်းခိုင်းတာကို ၀ါးရင်းတုတ်နဲ့ ရှင်းထုတ်လိုက်လို့ ရွှေဖျဉ်းညီနောင် အနိစ္စရောက်တဲ့ ကိန်းမျိုးပါပဲ...... နဂိုက လက်နက်ကျွမ်းကျင် အခံမရှိ၊ ကိုယ်သုံးတဲ့ဟာ ဘယ်လောက် တာသွားမှန်း အနှိုင်းအဆမသိ မလုပ်သင့်တဲ့အချိန်မှာ လုပ်တော့ မဖြစ်သင့်တာတွေ ဖြစ်လာတာပါပဲ...... ဒီလိုပဲ ဆန္ဒပြသူတွေဖက်မှာကော သွေးထိုးသူတွေ မရှိနေဘူးလားဆိုတာ ကျွန်တော် အပေါ်ကပြောတဲ့ အချက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားနိုင်ပါတယ်..... ဒီကိစ္စမှာ ခဲ တစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်မက ပစ်သွားတာပါ.....
---------------------------
ကျွန်တောတို့ လူမျိုးက ကောက်ရိုးမီးလို အတောက်လွယ်တယ် အငြိမ်းလွယ်တယ်၊ အညှာသိသူတွေက ထစ်ခနဲရှိတိုင်း ကိုယ့်လူမျိုးတွေရဲ့ အသည်းညှာကို ဆွဲကိုင်လှုပ်နိုင်မယ့် ဟာတွေနဲ့ပဲ လုပ်သွားလေ့ ရှိတယ်.... အခုအချိန်မှာ အရေးကြီးတာက ခံစားချက်ကို ရှေ့တန်းတင်တာထက် Facts & Figures တွေများများစုပါ၊ နှိုင်းယှဉ်ကြည့်ပါ..... သတင်းကို စိတ်ခံစားချက်ထက် သတင်းလိုဖတ်ပီး သုံးသပ်ပါ...... ဒေါ်စုလို လူကြီးတွေ ဘယ်လိုစကားလုံးတွေ သုံးသွားသလဲ လေ့လာကြည့်ပါ.. အမှန်အမှား အဖြေသဲသဲကွဲကွဲ ထွက်လာပါလိမ့်မယ်...
- အစိုးရပိုင်းကလည်း ဖြေရှင်းတဲ့နည်းလမ်းစဉ်ရွေးချယ်မှု မှားတယ်။ စောက်ပုံမလာတဲ့ နည်းလမ်းပဲ။ ဘယ်သူက ဒီလိုလုပ်ရမယ်ဆိုတဲ့ Decision ကို ချမှလိုက်လဲ သိချင်တယ်။ ခင်ဗျားတို့  အရှည်ကိုတွေးလေ ...။ ငါတို့ဒီလို လုပ်လိုက်ရင် ဒီလိုတွေ နောက်ဆက်တွဲပြဿနာတွေ အစီအရီတက်မယ်၊ အရပ်သားနဲ့  အစိုးရပိုင်း ထိပ်တိုက်တွေ တွေ့မယ် ... စသည်ဖြင့် တွေးရမယ်လေ။ အခုလုပ်ပုံက တယ်လဲ နေရာမကျလိုက်တာ။
- သံဃာတွေ အပိုင်းကလည်းမှားယွင်းတယ်။ ခွေးအလုပ်ခွေးလုပ်၊ မြင်းအလုပ်မြင်းလုပ် ဆိုတဲ့ ပုံပြင်ကို သတိရသင့်တယ်။ နိုင်ငံရေးလုပ်ချင်ရင်၊ ဆန္ဒပြတာ၊တောင်းဆိုတာတွေ စိတ်ပါဝင်စားရင် သင်္ကန်းခြုံပြီး ဘုန်းကြီးဝတ်မနေနဲ့ လေ...။ လူထွက် ပင်နီတိုက်ပုံဝတ်ပြီး နိုင်ငံရေးလုပ်ပါလား။ အခုတော့ ထစ်ခနဲဟေ့..စီခနဲဟေ့ ဆိုရင် ဘုန်းကြီးတွေက လတ်လျားလတ်လျားနဲ့ ပါဝင်နေပြန်တယ်။ သံဃာတော်တွေရဲ့အလုပ်က ဒုက္ခတွေမှ လွတ်ငြိမ်းစေမယ့် လမ်းစဉ်တွေကို ကိုယ်တိုင်ကျင့်ကြံ...၊ သိမြင်အောင်လုပ် ..ပြီးရင် လူတွေကို အလင်းရောင်ပြ ဟောကြားဆုံးမရမှာ... ဒါ သံဃာ့ဝတ္တရားပဲ။
- အရပ်သားတွေကတော့ မှန်ပါတယ်။ သူတို့ မကျေလည်တာကို တောင်းဆိုခွင့်၊တင်ပြခွင့်ရှိတယ်။ သို့သော်လည်း မဆိုင်တာတွေ ရောယောင်ပြီး ပါမလာစေနဲ့ ။ ဥပမာပြောရရင်.. "ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေး..ဒို့အရေး" ဆိုတဲ့ ဆိုင်းဘုတ်ကို လက်သင့်ခံတယ်။ Right...။ သို့ သော်လည်း " နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး.."ဆိုတဲ့ ဆိုင်းဘုတ်တွေကတော့ လိုင်းပူးလာတာပါပဲ။ ရောင်တော်ပြန်လွှတ်တဲ့အပိုင်းတွေ ပါလာတာပဲ။
- ဆိုတော့ကာ .. ဒီပြဿနာကို အမြန်ပြီးစေချင်ရင် ..
(၁) အစိုးရက အခုလိုနှိမ်နင်းခဲ့မှုရဲ့ အဓိက အမိန့်ပေးသူ (သမ္မတကိုယ်တိုင်ဖြစ်ရင်လဲ သမ္မတပေါ့ ..)ကို အမြန်စုံစမ်း ဖော်ထုတ်ပါ။ အမြန်ဖော်ထုတ်ပြီး အရေးယူပြပါ။
(၂) ဒီစပ်ကြားကာလမှာ ပြည်သူကို (စိတ်ထဲ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) တောင်းပန်ပြပါ။
(၃) သမ္မတကြီး ကိုယ်တိုင် မီဒီယာတွေကနေ ဖြေကြားရှင်းလင်းပါ။ သူကိုယ်တိုင်ပေးခဲ့တဲ့ အမိန့်ဖြစ်ခဲ့ရင် မိမိအပြစ်ကို ဖော်ပြပြီး တစ်ခုခု Action ယူပြပါ။
(၄) ကြေးနီစီမံကိန်းအတွက် ရှဥ့်လဲလျှောက်သာ၊ပျားလဲစွဲသာ ဖြစ်မယ့် အဖြေမျိုးစုံရလာအောင် အမြန်ညှိနှိုင်းပေးကြပါ။ ဒီကိစ္စက တကယ်အရေးကြီးတဲ့ ပြဿနာအရင်းအမြစ်ပါ။
အကောင်းဆုံး Solution တစ်ခုပေါ်လာစေချင်တယ်။
-------------------------------
- အစိုးရပိုင်းအနေနဲ့ ကြည့်ရင် လက်ရှိအစိုးရမှာ အိမ်ရှေ့လဲပူ၊အိမ်နောက်ကလည်း မချမ်းသာ၊ အိမ်ထဲမှာလဲ ၀ုန်းဒိုင်းကြဲ နေတဲ့ အနေအထားပါ။ တော်တော်ခေါင်းပူ နေရပါတယ်။ ပြဿနာပေါင်းစုံက စုံတကာစေ့နေပါတယ်။ ဒီလိုကာလမျိုးမှာ စပ်ကူးမတ်ကူး အချိန်မှာ ပြည်သူကလည်း အစိုးရကို နားလည်ပေးစေချင်တယ်။ သူတို့မှာလည်း ခင်ဗျားတို့ထက် အဆများစွာသော ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။
- မြစ်ဆုံကိစ္စအတွက် တရုတ်က Action တစ်ခုခု မယူသေးဘူး၊ လွှတ်ထားပေးသေးတယ်။ ပြည်သူတွေကတော့ ဒါ ငါတို့ တွေရဲ့ အောင်ပွဲပဲ ဘာညာနဲ့ ပေါ့ဗျာ ...ပျော်ကြပေါ့။ ပြီးရင် ခင်ဗျားတို့ မေ့သွားကြတာပါပဲ။ အေး .. တရုတ်ကတော့ မေ့လိမ့်မယ် မထင်နဲ့ ..။ ဒီအချက်ကို ခဏလွှတ်ပေးထားတာ..။ ဘယ်အချိန် ထပြီး ကိုင်လိမ့်မယ်မသိဘူး။ အစိုးရပိုင်းက တော့ မျက်နှာပျက်ခဲ့ ရတာပေါ့။ အခုတစ်ခါထပ်ပြီး မျက်နှာပျက်စရာဖြစ်လာရင် တရုတ်ဘက်က တစ်ခုခု Action ရှိလာလိမ့်မယ်။ အဲဒီအခါ ကျရင် ဘိုးသူတော်လဲတော့ တောင်ဝှေးမထူနိုင်သလိုပဲ ပြည်သူလဲ အစိုးရကို ကယ်တင်နိုင်လိမ့်မယ် မဟုတ်ဘူး။
အမေရိကန်နဲ့  တစ်ခုခု အဆက်အဆံလုပ်ခါနီးတိုင်း တရုတ်ပြည်ကို လူကြီးပိုင်းက တစ်ယောက်ယောက်က သွားသွားပြီး ချော့နေရတာကို ခင်ဗျားတို့ သဘောပေါက်ပါ။
အစိုးရလုပ်ရတာ အင်မတန် ခေါင်းကြီးပါတယ်။
- အတွေးဗဟိုချက် ကို ကျနော်တို့ ခင်ဗျားတို့တွေ အားလုံး သူ့ဘက်ကိုယ့်ဘက် နေရာရွှေ့ပြီး စဉ်းစားပေးကြ စေချင်တယ်။ တစ်ခုထဲကိုပဲ ဗဟိုပြုပြီး စဉ်းစားရင် သိပ်ဟန်မကျပါဘူး။
- ကျနော်က အခုလိုရေးတော့ ကျနော့်ကို ၀ိုင်းဆဲကြမှာ မြင်ယောင်ပါသေး တယ်။ ဆဲလည်း မတတ်နိုင်ဘူး။ ကျနော့်အမြင်ကို ကျနော်ရေးတာပါပဲ။ အခုလို ပြောရတာ ကျနော်က အစိုးရထဲကလဲမဟုတ်ဘူး။ အစိုးရရဲ့ လက်ဝေခံလည်း မဟုတ်ဘူး။ ဒါရေးလို့ လည်း ကျနော့်ကို ဘယ်ကောင်မှ ဒေါ်လာတွေလာမပေးဘူး။
(အားလုံးကို အေးချမ်းစေချင်တယ်။)
ရခိုင်အရေးတုန်းကတော့ အန်တီစုကလောလောလတ်လတ်နိုဗယ်ငြိမ်းချမ်းရေဆုယူထားတော့ ကုလားတွေကလူ့အခွင့်အရေး၊ ဘာအခွင့်အရေး တွေကြောင့် အန်တီစုကကြားမ၀င်ထားအုံး အခုကိတ်စက ငြိမ်းချမ်းစွာဆန်ဒပြတာ ကို (ဒဲဒီအချိန်(မနက်၃နာရီ)မှာပြနေတာတောင်မဟုတ်ဘူး) အလစ်ဝင်တိုက်၊အကြမ်းဖက်ခံရတာကွ...ခေါင်းဆောင်တစ်ယောက်ကအမှန်တရားဘက်မှာတော့ရပ်တည်ရဲရ မယ်...