Thursday, November 29, 2012

“မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလိုပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေ ပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။” ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း

 
“မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလိုပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေ ပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။” ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း   PDF Print
Friday, 30 November 2012 04:35
AddThis Social Bookmark Button

အမည် - ဒေါက်တာခင်မောင်ညို
ပညာအရည်အချင်း -B.Sc (Chem:) မန္တလေး၊ M.Sc (ရန်ကုန်)၊ Ph.D (Chem:) (ဆဲလ်ဖို့ဒ်တက္ကသိုလ်၊ မန်ချက်စတာ)
ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ ကထိကအဖြစ် ၂၆ နှစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အငြိမ်းစားယူ။
ha-30-11-2သပိတ်စခန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့် သပိတ်စခန်းများရှိ သံဃာတော်များနှင့် ဒေသခံများ 
ဒဏ်ရာပြင်း ထန်စွာ ရရှိမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့သည့်ဗုံးများမှာ မျက်ရည်ယိုဗုံးနှင့် 
မီးခိုးဗုံးမဖြစ်နိုင် ဟု အငြင်းပွားနေမှုများအပေါ် ဓာတုဗေဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိထားသူ ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည်
များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး ။ အခုဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူတွေက အရေပြား အချပ်လိုက်ကွာကျပြီး၊ အသားတွေ ချိုင့်ဝင်သွားတယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာ လက်ရှိသုံးနေတဲ့ မီးလောင်ဗုံး၊ မျက်ရည်ယိုဗုံးတွေမှာရော အခုနှိမ်နင်းမှုမှာ ဒဏ်ရာရသလိုမျိုး ရှိခဲ့ဘူးပါသလား။ မေး ။ နိုင်ငံတကာမှာတော့ အခုလို နှိမ်နင်းလို့ ဒီလိုဆိုးဆိုးရွားရွား ဒဏ်ရာရတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အခု သုံးစွဲခဲ့တဲ့ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးလို့ ဆိုပေမဲ့ အများစုက မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးလို့ မယူဆကြဘူး။ မျက်ရည် ယိုဗုံး၊ မီးခိုးဗုံးဆိုလည်း အင်မတန်ပြင်းတဲ့ ဗုံးအမျိုးအစား ဖြစ်ရမယ် ကြောက်ဖို့လည်း ကောင်းတယ်။ လူသေစေနိုင်တဲ့အထိလည်း ပြင်းထန်တာ တွေ့ရတယ်။ ဗီယက်နမ်၊ အမေရိကန်စစ်ဖြစ်တော့  အမေရိကန်လေတပ်က ဟိုချီမင်းမြို့တော်နားက ထရန်ဘန်းရွာပေါ်မှာ မီးလောင်ဗုံးတွေ ကြဲချခဲ့တယ်။ ဒီလိုဗုံးကြဲတော့  မီးလောင်ဒဏ်ရာနဲ့ အ၀တ်ဗလာပြေးလာတဲ့ ကလေးဓာတ်ပုံဟာ သမိုင်းဝင်ဓာတ်ပုံ ဖြစ်လာပါတယ်။ ပထမကမ္ဘာစစ်မှာကတည်းက သုံးလာခဲ့တဲ့ မီးလောင်ဗုံး၊ မျက်ရည်ယိုဗုံးထိလို့ ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်တာ ဒါပထမဆုံးလို့တောင် ပြောလို့ရနိုင်တယ်။
မေး ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ ဘယ်လိုမျိုးဗုံးတွေကို သုံးလေ့ရှိပါသလဲ။
ဖြေ ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေကို သုံးလေ့ရှိပါတယ်။ မျက်ရည်ယိုဗုံးမှာက စီအန်နဲ့စီအက်စ်ဆိုပြီး  ၂ မျိုးရှိပါတယ်။ မျက်ရည်ယိုတဲ့ဗုံးတွေကို အများအားဖြင့် ဆန္ဒပြမှု၊ ပြန်ပေးလို အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့အခါမှာ သုံးလေ့ရှိပြီး၊ လက်ရှိအသုံးပြုတဲ့  မျက်ရည်ယိုဗုံး ၂ မျိုးမှာတော့ အဆိပ်ဖြစ်မှုနည်းပြီး လူထိခိုက်ရင် ဆေးထုတ်လို့ရတဲ့ စီအန်ကို နိုင်ငံတကာမှာ ပိုသုံးလေ့ရှိပါတယ်။ မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလို ပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။
မေး ။ နိုင်ငံတကာကလည်း သပိတ်စခန်းမှာရှိနေတဲ့ ဆန္ဒပြသူတွေကို စောင့်ကြည့်နေချိန်မှာ ဆိုးရွားတဲ့ နှိမ်နင်းမှုလုပ်လိုက်တာ လက်ရှိပြောင်းလဲမှုတွေကို ဘယ်လိုဖြစ်လာစေနိုင်ပါသလဲ။
ဖြေ ။ အစိုးရအနေနဲ့ သူသုံးတဲ့ ဗုံးအမျိုးအစားကို တရားဝင် ထုတ်ပြန်ပေးသင့်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ စုံစမ်းရေးအဖွဲ့တွေ ၀င်ရောက်စစ်ဆေးခွင့် ပေးသင့်တယ်။ နောက်ပြီး လက်ပံတောင်းတောင် ပြဿနာကိုလည်း နိုင်ငံတကာစံနှုန်းတွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေ စစ်တမ်းလုပ်ခဲ့တာမျိုးရှိလား ပြန်စစ်ဆေးသင့်တယ်။
မေး ။ ဓာတုဗေဒလက်နက်လို့ ယူဆရတဲ့ အရာတွေနဲ့ နှိမ်နင်းခဲ့တယ်။ ဒီအတွက် ဒဏ်ရာရတဲ့သူတွေမှာ ဘယ်လိုဆင့်ပွား ရောဂါမျိုးတွေ ဆက်ဖြစ်နိုင်ပါသလဲ။
မေး ။ အတိအကျလေ့လာထားမှုက နိုင်ငံတကာမှာတောင် မရှိသေးတဲ့အတွက် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ဒဏ်ရာရတဲ့သူတွေက အဆုတ်ထိခိုက်နိုင်သလို လူတွေမှာ ရောဂါပိုးမွှားမ၀င်နိုင်ဖို့ ကာကွယ်ပေးထားတဲ့ အရေပြား ပျက်စီးသွားတဲ့အတွက် ရောဂါအမျိုးမျိုး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။
မေး ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။
ဖြေ ။ ဒီလိုမျိုး ပြသနာတွေက မြန်မာနိုင်ငံမှာ ထပ်ဖြစ်လာဦးမှာပါ။ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူ့အကျိုးဆိုပြီး အရမ်းကာရော လျှောက်လုပ်နေရင် အကုန်လုံး ပျက်စီးကုန်မှာပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ မြေတွေရဲ့ ၅၄% က အဖိုးတန်သတ္ထု ထွက်နေတယ်လေ။ မဆင်မခြင်လျှောက်တူးရင် အကုန်လုံး အချိုင့်အပေါက်တွေဖြစ်ပြီး မြန်မာနိုင်ငံ ဒုက္ခရောက်သွားမှာပေါ့။ ဒီဖြစ်ရပ်ကို နမူနာယူပြီး နောက်လုပ်မဲ့ စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကိုချပြပြီး လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

Comments 

+10 #7 myanmarlion 2012-11-30 09:05
ပြောင်းလဲလာပြီဆိုတာကို လက်ခံတဲ့ ဦးလေး အဒေါ် ညီအစ်ကိုမောင်နှမတွေ အားလုံး စဉ်းစားဗျာ...... တစ်နိုင်ငံလုံးက ပြည်သူတွေက ရဟန်းတွေဒဏ်ရာရတာကို မကျေနပ်လို့ အုံကြွရင် စစ်တပ်က အာဏာပြန်သိမ်းမယ်........မှတ်ထား ခွေးနဲ့ စပ်ပြီးမွေးထားတဲ့ စစ်ခေါင်းဆောင်အဆက်ဆက် အုပ်ချုပ်ခဲ့တာ တိုင်းပြည် ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ အသိပဲ... အခု လဲ ခွေးမျိုးဆက်နဲ့ ခွေးစိတ်က မြန်မာနိုင်ငံမှာ စစ်တပ် ရဲ ၀န်ထမ်းနေရာတိုင်းမှာရှိတယ်...သမ္မတကစလို့ပေါ့..... ဒီကြားထဲ ပြည့်သူထောက်ခံမှု အပြည့်ရနေတဲ့ ဒေါ်စုတောင် နိုင်ငံတကာရယ်... စစ်သမ္မတအစိုးရရယ် ပြည်သူရယ်ကြားမှာ ပဲကြီးလှော် ကြား ဆားညှပ်မယ့်ကိန်းမြင်နေတယ်........ ရှင်းရှင်းပြောရရင် မြန်မာပြည်ကိုက မင်းစိုးရာဇာ ကပ်စိုက်နေတာ... မြန်မာလူမျိုးဖြစ်ရတာ ရိုဟင်ဂျာ ကုလားလောက်တောင် လုံခြုံမှုမရဘူးဖြစ်နေတယ်........
 
+14 #6 slinn 2012-11-30 08:30
သေချာသွားပါပြီ။ ဝမ်ပေါင်ဟာ တရုတ်လက်နက်ထုတ်လုပ်တဲ့ China North Industries (Norinco) ရဲ့ လက်အောက် ခံ ကုမ္ပဏီခွဲ ဖြစ်ပါတယ်။ ဒီစီမံကိန်း လုံးဝ ဆက်မလုပ်သင့်တော့ကြောင်းပါ။
 
+27 #5 slinn 2012-11-30 08:20
ဦးပိုင်နဲ့ တွဲလုပ်တဲ့ ဝမ်ပေါင် ကုမ္ပဏီဟာ တရုတ် လက်နက်ထုတ်တဲ့ ကုမ္ပဏီရဲ့ အစိတ်အပိုင်းလို့ ကြားရပါတယ်။ လက်ပံတောင်းတောင် က ကြေးနီတွေကို သူခိုးဈေးနဲ့ ဝယ်ပြီး ကျည်ဆံထုတ်ရောင်း။ ဒို့ဆီက စစ်တပ်၊ ဝ တပ်၊ ကေအိုင်အေ တို့က အဲဒီ ကျည်ဆံတွေ ဈေးကြီးပေးဝယ်ပြီး အချင်းချင်း သတ်၊ ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖတ် ဖြိုခွင်းတဲ့ နေရာမှာသုံး။ ကဲ ဘယ်လောက် အော့နှလုံး နာစရာကောင်းလဲ။
 
-3 #4 AMKs 2012-11-30 07:34
http://www.army-guide.com/eng/countrys.php?countryID=58
good link to look at
last contract March 20120 - Dec 2011.
 
0 #3 AMKs 2012-11-30 06:57
http://www.norinco.com/c1024/english/productsandservices/index.html#
also
norinco wiki ........to be typed in google bar.
they produced anti-terrorism and anti-riot products among others.
 
+14 #2 AMKs 2012-11-30 06:48
very likely that China provided these ' for free ' and also for ' testing ' on demonstrators.
very likely that China company people handed these to a group of that Police to use it.
someone in government be sacked/ forced to resign soon. This project be discontinued. Thanks E M G for expert interview.

+36 #1 singel 2012-11-30 06:37
ကောင်းလိုက်တဲ့ ဆွေးနွေးချက်တွေဗျာ.EMG ရေ ကျေးဇူးအများကြီး တင်ပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။