Thursday, November 29, 2012

နိုဝင်ဘာလ (၂၉)ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများ သတင်းဖေါ်ပြပုံ မတူညီ


နိုဝင်ဘာလ (၂၉)ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများ သတင်းဖေါ်ပြပုံ မတူညီ   PDF Print
Thursday, 29 November 2012 22:37
AddThis Social Bookmark Button
နိုဝင်ဘာလ (၂၉)ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများ သတင်းဖေါ်ပြပုံ မတူညီကြောင်း တွေ့ရှိရပါသည်။

အေက်ဖ်ပီသတင်းတွင် မြန်မာလုံထိန်းရဲများက ဘုန်းကြီးများနှင့် ရွာသားများကို မီးသတ်ပိုက်ဖြင့် ပစ်ကာ လူစုခွဲသည်ဟု ဖော်ပြထားသည်။ သို့ရာတွင် အမည်ရင်းမဟုတ်ဘဲ အရှင်ရေ၀တဆိုသော အမည်ဖြင့် သံဃာတစ်ပါးက ပြောကြားမှုတွင် ရေဖြင့်ပက်သည်ဟု ပါဝင်သော်လည်း မီးလောင်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဖေါ်ပြထားသည်။ Eleven Media Group ၀က်ဘ်ဆိုက်မှ ဓာတ်ပုံများအရ ဘုန်းတော်ကြီးများ မီးလောင်ဒဏ်ရာရနေသည်ကို တွေ့ရပြီး သပိတ်စခန်းမှာ မီးဖြင့်ဖျက်ဆီးခံရခြင်းဖြစ်ဖွယ်ရှိသည်ဟု ရေးသားထားသည်။
စီအင်န်အင်န်သတင်းဌာန၏ဖော်ပြထားမှုတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်များသုံးကာ ရာနှင့်ချီသော လူအုပ်ကိုဖယ်ရှားခဲ့သည်ဟု ဖယ်ရှားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ အောက်တွင် ရန်ကုန်မှ ဂျာနယ်လစ် ကိုဖြိုးက ၀ိုင်းဝန်းပါဝင်သည် ဟုဖော်ပြထားသည်။
ရိုက်တာသတင်းဌာန၏ဖော်ပြမှုတွင်မူ လုံထိန်းရဲများသည် မီးသတ်ပိုက်များနှင့် မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သည်ဟုရေးသားထားသည်။မီးသတ်ပိုက်ဖြင့်ပက်အပြီးတွင် မီးလောင်စေသော ဗူးကဲ့သို့သော အရာတစ်မျိုးဖြင့် ပစ်ခတ်ခဲ့ကြပြီးမည်သည့် လက်နက်ဆိုသည်ကိုမူ မသိကြောင်း ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ရှင်ဥတ္တမ၏ ပြောကြားချက်ကို ကိုးကားထားသည်။
ဘီဘီစီသတင်းဌာန၏ဖော်ပြချက်တွင်မူ မြန်မာနိုင်ငံမှရဲများက မီးသတ်ပိုက်များနှင့် မျက်ရည်ယိုဗုံးများသုံးကာလူစုခွဲခဲ့ကြောင်းဖော်ပြထားသည်။ဆန္ဒပြသူများ၏ သပိတ်စခန်းများကို လောင်ကျွမ်းစေသော တစ်စုံတစ်ရာကို သုံးခဲ့ဖွယ်ရှိသည်ဟုမူ ဘီဘီစီသတင်း ဘန်ကောက်ရုံးခွဲမှ မြန်မာနိုင်ငံသို့မကြာသေးမီက လာရောက်ခဲ့ဖူးသူဂျိုနသန်ဟက်၏ analysis တွင်သုံးသပ်ထားသည်။
အေပီသတင်းဌာနက ဖော်ပြထားသော သတင်းတွင်မူ huffington post ၀က်ဘ်ဆိုက်တွင် တင်ထားသည့် မူ (အချိန်နှင့်လိုက်ပြီး ပြန်လည်ဖြည့်စွက်သည့် မူကွဲလွဲသည်) တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မီးသတ်ပိုက်များနှင့် အခြားကိရိယာများဟု ဖော်ပြထားပြီး USA Today တွင်ဖော်ပြထားမူတွင်မူ မီးသတ်ပိုက်များနှင့် အဓိက ရုဏ်းနှိမ်နင်းရေးပစ္စည်းများကို သုံးသည်ဟုဖော်ပြထားသည်။ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုအောင်မြင့်ထွေးကသူတို့တွေက အမဲရောင်ဘောလုံးတွေကိုပစ်တယ်။အဲဒါတွေက ပေါက်ကွဲသွားပြီးမီးတွေဖြာထွက်လာတယ်။..အရမ်းပူတယ် ဟု ပြောကြားချက်ကိုဖော်ပြထားပြီး ဒဏ်ရာရထားသည့် ဘုန်းကြီးများ၏ ဓာတ်ပုံများကို တွေ့ရှိရမှုအရ ကိုယ်တွင် ပြင်းပြင်းထန်ထန်လောင်ကျွမ်းမှုများကို တွေ့ရပြီး မည်သည့် လက်နက်မျိုးသုံးသည်ဆိုခြင်းမှာမူ ရှင်းလင်းခြင်းမရှိကြောင်း ဖော်ပြထားသည်။
နယူးယောက်တိုင်းမ်သတင်းစာကဖော်ပြထားမှုတွင်မူ ခေါင်းစဉ်တွင်မူ မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် သပိတ်စခန်းများကို စီးနင်းရာတွင်လောင်မီးကျကိရိယာများ incendiary devices များကို သုံးသည်ဟု ဖော်ပြထားသည်။ မြန်မာသတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ဘုန်းတော်ကြီးများကိုယ်မှ လောင်ကျွမ်းဒဏ်ရာများအကြောင်း ထည့်သွင်းရေးသားထားပြီး အေပီသတင်းက ဖော်ပြသည့် အမဲရောင်ဘောလုံးများဆိုသည့် စကားရပ်ကိုလည်း ပြန်လည်ကိုးကားထားသည်။
afp
afp သတင်းဌာနမှ ဖော်ပြထားမှု

ap
ap သတင်းဌာနမှ ဖော်ပြထားမှု

bbc
bbc သတင်းဌာန၏ ဖော်ပြထားမှု


 
 

Comments 

 
0 #9 shyat_sayagyi 2012-11-30 09:38
Quoting kinglakeshore:
ကျုပ်တို့…..စစ်အစိုးရနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ပဲရှိသေးတယ်…
လွှတ်တော် ဆိုတာလည်း ရပ်ကွက်လ္ဘက်ရည်ဆိုင် စကားဝိုင်း အဆင့်ပါပဲ...
ကျုပ်....အယုံလွယ်တတ်တာ သတိမထားမိဘူး
ဟုတ်လှပြီထင်နေတာ....ကျုပ်တော်တော်တုံးတာပဲ... :oops:

စိတ်ထဲမထားပါနဲ့...... အိုဗားမားနဲ့ ကလင်တန်တောင် စစ်အစိုးရလိမ်တာ ခံရသေးတာပဲ.... :D
 
 
+8 #8 kinglakeshore 2012-11-30 09:26
ကျုပ်တို့…..စစ်အစိုးရနဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ပဲရှိသေးတယ်…
လွှတ်တော် ဆိုတာလည်း ရပ်ကွက်လ္ဘက်ရည်ဆိုင် စကားဝိုင်း အဆင့်ပါပဲ...
ကျုပ်....အယုံလွယ်တတ်တာ သတိမထားမိဘူး
ဟုတ်လှပြီထင်နေတာ....ကျုပ်တော်တော်တုံးတာပဲ... :oops:
 
 
+10 #7 myanmarlion 2012-11-30 09:06
ပြောင်းလဲလာပြီဆိုတာကို လက်ခံတဲ့ ဦးလေး အဒေါ် ညီအစ်ကိုမောင်နှမတွေ အားလုံး စဉ်းစားဗျာ...... တစ်နိုင်ငံလုံးက ပြည်သူတွေက ရဟန်းတွေဒဏ်ရာရတာကို မကျေနပ်လို့ အုံကြွရင် စစ်တပ်က အာဏာပြန်သိမ်းမယ်........မှတ်ထား ခွေးနဲ့ စပ်ပြီးမွေးထားတဲ့ စစ်ခေါင်းဆောင်အဆက်ဆက် အုပ်ချုပ်ခဲ့တာ တိုင်းပြည် ဘာဖြစ်ကျန်ခဲ့တယ်ဆိုတာ အသိပဲ... အခု လဲ ခွေးမျိုးဆက်နဲ့ ခွေးစိတ်က မြန်မာနိုင်ငံမှာ စစ်တပ် ရဲ ၀န်ထမ်းနေရာတိုင်းမှာရှိတယ်...သမ္မတကစလို့ပေါ့..... ဒီကြားထဲ ပြည့်သူထောက်ခံမှု အပြည့်ရနေတဲ့ ဒေါ်စုတောင် နိုင်ငံတကာရယ်... စစ်သမ္မတအစိုးရရယ် ပြည်သူရယ်ကြားမှာ ပဲကြီးလှော် ကြား ဆားညှပ်မယ့်ကိန်းမြင်နေတယ်........ ရှင်းရှင်းပြောရရင် မြန်မာပြည်ကိုက မင်းစိုးရာဇာ ကပ်စိုက်နေတာ... မြန်မာလူမျိုးဖြစ်ရတာ ရိုဟင်ဂျာ ကုလားလောက်တောင် လုံခြုံမှုမရဘူးဖြစ်နေတယ်........
 
 
+7 #6 pstmynt 2012-11-30 08:47
လူတစ်ချို့ တွေအထင်ကြီးခဲ့ ကြတဲ့ ပြောင်ကြီးကတော့
အခွင့်သာတုန်း...တယုတ်ချီးစားပြီး..ဟောင်ပြကိုက်ပြလိုက်တာပဲ..
အော်..အော်..ပြည်သူတွေကိုကူညီမဲ့သူတောင်းစား ၇ဲ အဖွဲ့ တွေ..
ိတိုင်းပြည်ကိုစောင့်ေ၇ှာက်မဲ့လေသံသစ်ပြီးတော့. တယုတ်*##*စုပ်မဲ့ .နိုင်ငံတပ်မတော်သားတွေ...မင်းတို့ ခွေးကျင့်ခွေးကြံတွေကတော့
တကယ်ပဲ..ခွေးနဲ့ နိုင်း၇တာတောင်ခွေးဂုဏ်ပျက်တယ်ကွာ..
 
 
+59 #5 khinmaung 2012-11-30 06:27
သမ္မတကြီးဦးသိန်းစိန်၊ ဘာမှမပြောနိုင်အောင် ဖြစ်နေပါလား။ ဘာငုံထားလို့လဲ၊ သန်းရွှေဟာလား၊ တရုပ်ကြီးဟာလား။
 
 
+53 #4 Zawtika 2012-11-30 05:52
Quoting myanmarpyithar2100:
....ဦးသိန်းစိန်က တိုင်းပြည်ရဲ့ ဖခင်ပဲလို့ xxxxxxxxxဦးသိန်းစိန်ဟာ ပြည်သူတွေ၊ရဟန်းတွေကို သတ်ခဲ့တဲ့ တပ်မတော်သားအဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာကို xxxxxxxx

တကယ်တော့ ဦးသိန်းစိန်ဟာ
စစ်တပ်-ကာလုံ က ဆန်တောင်း နိုင်ဘို့ ပြစားတဲ့ မျောက်ကြီးပါ..
ကြံ့ဖွံ့ လူ မသမာတွေ ဆန်တောင်း နိုင်ဘို့ ပြစားတဲ့ မျောက်ကြီးပါ..
ဦးပိုင်က သူခိုးတွေ ဆန်တောင်း နိုင်ဘို့ ပြစားတဲ့ မျောက်ကြီးပါ..

စစ်တပ်-ကာလုံ ဟာ စစ်တပ်-ကာလုံ ပါဘဲ
ကြံ့ဖွံ့ ဟာ ကြံ့ဖွံ့ ပါဘဲ
ဦးပိုင်သူခိုးတွေ ဟာ ဦးပိုင်သူခိုးတွေ ပါဘဲ
ဘယ်ဘုရားမှ ကျွတ်အောင် ချွတ်နိုင် စရာ အကြောင်း မရှိတဲ့ အ၀ိဇ္ဇာတွေပါ.

စစ်တပ်ကာလုံ-ကြံ့ဖွံ့-ဦးပိုင်သူခိုးတွေဟာ ခွေးမြီးတွေလိုပါဘဲ။
ကျည်တောက် ထဲမှာ ထည့်ထားရင်တောင် ဖြောင့်မှာ မဟုတ်ပါဘူး
 
 
+67 #3 Zawtika 2012-11-30 05:42
သတင်းဌာနတွေရဲ့ သတင်းဖေါ်ပြချက်တွေ ဘယ်လိုဘဲ ကွဲလွဲပါစေ
- မြန်မာစစ်တပ်ဟာ တရုတ်အကျိုးစည်းပွားကို အသက်ပေးကာကွယ်မဲ့ စစ်တပ်
- ကြံ့ဖွံ့ဟာ တရုတ်ရဲ့ ပြားပြားဝပ် ငယ်ကျွန်
- ဦးပိုင် ဟာ တရုတ် ချကျွေးတဲ့ မစင်ခြောက်ကို ၀ါးပီး ကိုယ့်သခင်ကိုပြန်ကိုက်တဲ့ သတ္တ၀ါ
ဆိုတာကို မြန်မာနိုင်ငံမှ ဗမာများ အပါအ၀င် တိုင်းရင်းသား အားလုံးက မျက်ဝါးထင်ထင် မြင်ကြရပါဘီ.
 
 
+74 #2 myanmarpyithar2100 2012-11-30 03:40
အတိုင်းအတာတစ်ခုနဲ့ ကောင်းနိုးကောင်းရာလေးတွေ လုပ်ပေးခဲ့တဲ့ ဦးသိန်းစိန်ကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်အထိ ပြည်သူတော်တော်များများက၊ အမေစုက ငါတို့အမေဆိုရင် ဦးသိန်းစိန်က တိုင်းပြည်ရဲ့ ဖခင်ပဲလို့ ပြောနေကြတာ ကြားခဲ့ရပါတယ်။ ဦးသိန်းစိန်ဟာ ပြည်သူတွေ၊ရဟန်းတွေကို သတ်ခဲ့တဲ့ တပ်မတော်သားအဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာကိုတောင် သူတို့မေ့ပေးလိုက်ကြပါပြီ။ အခုတော့ ၀မ်းနည်းစရာကောင်းလိုက်တာ။ သားသမီးတွေက ကိုယ့်မိဘကို ကျွန်တော်တို့ပိုင်တာတွေ ကျွန်တော်တို့ကို ပြန်ပေးပါဗျာလို့ တောင်းနေတာပါဗျာ . . ။ ကဲအခု ဘယ်လိုအရေးယူမှာလဲ။ အရပ်သားတစ်ယောက် သူတစ်ပါးကိုယ်လက်အင်္ဂါချို့ယွင်းအောင်လုပ်ရင် ဘယ်လိုအရေးယူသလဲ။ ပါဝင်ပတ်သတ်သူတွေကိုလဲ ကြံရာပါဆိုပြီး အရေးယူပါသေးတယ်။ ကဲ ဥပဒေရဲ့ အထက်မှာ ဘာလဲ . . . လုပ်ပါဦး ငါတော့လူသတ်ချင်လာပြီ။
 
 
+51 #1 myomin19 2012-11-30 01:15
သေပြီဆရာ ၊ သံဃာတော်တွေမဟုတ်ဘူး .... မင်းတို.တော.သံသရာမှာသေပြီ။
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။