ပြည်တွင်းမီဒီယာများ သတင်းလွတ်လပ်ခွင့် အခက်အခဲ ကြုံနေချိန်တွင် VOA အသံလွှင့်ဌာနမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား သီးခြားတွေ့ဆုံ မေးမြန်းခွင့်ရရှိ |
Wednesday, 15 August 2012 04:37 |
VOA အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်မှ အစီအစဉ်မှူး ဦးသန်းလွင်ထွန်း နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့
နှုတ်ဆက်နေသည်ကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) တို့နှင့်အတူ တွေ့ရစဉ်
အဆိုပါအင်တာဗျူး ပြုလုပ်ခဲ့သည့် သတင်းကိုသမ္မတနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးဦးဇော်ဌေး (မှူးဇော်)၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် သမ္မတနှင့် VOA အသံလွှင့်ဌာန မြန်မာပိုင်းအစီအစဉ်၏ ဌာနမှူး ဦးသန်းလွင်ထွန်းတို့ လက်ဆွဲနှုတ်ဆက် နေသည့် ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်း မီဒီယာများအနေဖြင့် တရားစွဲဆိုမှုခံရခြင်းများ အပါအ၀င် အခြားသော ဖိနှိပ်မှုများ ကြုံတွေ့နေရချိန်၌ နိုင်ငံခြား အထောက်အပံ့ခံ ပြည်ပမီဒီယာ (Exile Media) များ၏ အခွင့်ထူးရရှိမှုမှာ အဆိုပါတွေ့ဆုံမှုကပြယုဂ်တစ်ခု ဖြစ်ခဲ့သည်ဟု ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
ပြည်ပမီဒီယာအချို့၏ ဖော်ပြမှုများနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင် ဇွန်လ ၁၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြနေစဉ်
အစိုးရအဖွဲ့သစ်၏ မူဝါဒအ ပြောင်းအလဲအရ Exile Media များမှာ ပြည်တွင်းသို့ ဆက်တိုက်နီးပါး ၀င်ရောက်လာပြီး သတင်းများကို ပြည်တွင်းမှတစ်ဆင့် တရားဝင်ပေး ပို့ထုတ်လွှင့်၊ ရေးသားလျက်ရှိနေသည်။ ထိုအချိန်တွင် ပြည်တွင်း၌ အထောက်အပံ့ ကင်းစွာဖြင့် ရပ်တည် လျက်ရှိနေပြီး ပြည်တွင်း စာဖတ်ပရိသတ်များအတွက် အမှန်တရားဘက် မှ ရပ်တည်ရေးသားနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခကဲ့သို့သော အမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံတကာ မီဒီအချို့၏ တစ်ဖက်သတ် ဖော်ပြချက်များအား နိုင်ငံဘက်မှတုံ့ ပြန်ရေသားခဲ့သလို၊ လယ်ယာမြေကိစ္စများ၊ အလုပ်သမား ပြဿနာများ၊ မြစ်ဆုံကိစ္စ၊ ပြည်ထောင်စုစစ်စစ် ကိစ္စများတွင် ပြည်တွင်းမီဒီယာများ သည် နိုင်ငံအတွက်မီဒီယာတာဝန် ကျေပွန်ခဲ့ကြသည်။ သို့သော်လည်း ပြည်တွင်းမီဒီယာများ အနေဖြင့် အစိုးရ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ ၏တရားစွဲဆိုမှုများကို ရင်ဆိုင်နေရသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း သိရပါသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ တရားစွဲဆိုမှုအတွက် အမှုရုံးချိန်းလာရောက်သော The Voice ဂျာနယ်အယ်ဒီတာချုပ်
ဦးကျော်မင်းဆွေအား မီဒီယာများက မေးမြန်းနေကြစဉ်
ထို့အပြင် ဇွန်လ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထောက်များအား ခေါ်ယူ သတိပေးခဲ့မှုကိုလည်း ပြည်တွင်း သတင်းမီဒီယာများ တွေ့ကြုံခဲ့ရသည်။ ထိုနေ့က ခေါ်ယူတွေ့ဆုံမှုတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ် သတင်းများဖော်ပြမှုနှင့် ပတ်သက်၍ သတင်းထောက်များကို ခေါ်ယူသတိပေးခဲ့ပြီး အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည)အရ ထောင်ဒဏ်ခုနှစ်နှစ်ကျခံရနိုင်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။ ယင်းနောက်တွင် လျှပ်တစ်ပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုစွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ပုဒ်မ ၅၀၅ (ခ)၊ (ဂ)တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ထိတိုင် ကြားနာမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
Stop Killing Press စာသားပါ တီရှပ်များ ၀တ်ဆင်ထားသည့် ပြည်တွင်းဂျာနယ်လစ်များ
မတ်လ ၁၉ရက်နေ့ကပြုလုပ်ခဲ့သော မြန်မာနိုင်ငံမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ(Conference on Media Development in Myanmar) ကို ယူနက်စကို၊ International Media Support အဖွဲ့အပါအ၀င် နိုင်ငံတကာအဖွဲ့များ အကူအညီဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သော ဆောင်းပါးတွင် ထည့်သွင်းရေးသားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ပမီဒီယာ (Exile Media) အများအပြား တက်ရောက်ခဲ့ ကြသည်။ လက်ရှိအချိန်၌ VOA နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ရန်အစီအစဉ်များ ချမှတ် ထားသည့်နည်းတူ DVB အား အထောက်အပံ့ပေးနေသော နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နိုင်ငံအစရှိသော စကင်ဒီနေးဗီးယန်း နိုင်ငံများမှ အကူအညီပေးမှုများကိုလည်း ပြန်ကြား ရေးဝန်ကြီးဌာနမှ လက်ခံရရှိထားကြောင်း သိရသည်။ ဆွီဒင်နိုင်ငံ၊ ဆွီဒင်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ်မြန်မာ့ အသံ(DVB) ၏ ဖိတ်ကြားချက်အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သော မီဒီယာလေ့လာ ရေးအဖွဲ့သည် ဇွန်လ ၈ ရက်နေ့မှ ဇွန်လ ၂၃ ရက်နေ့အထိ စကင်ဒီ နေးဗီးယန်းနိုင်ငံများသို့ သွားရောက်ပြီး ပြည်သူ့ရေးရာဝန်ဆောင်မှု မီဒီယာ (Public Service Media) များအဖြစ် အဆင့်ဆင့်ပြောင်းလဲရေး၊ မီဒီယာဥပဒေများပြဋ္ဌာန်းရေး၊ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး အစရှိသော ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများ နှင့်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် International Media Support အဖွဲ့၏ အကူအညီဖြင့် ဇွန်လ ၂၄ ရက်နေ့တွင် မြန်မာ သတင်းမီဒီယာ လေ့လာရေးအဖွဲ့ တစ်ဖွဲ့အင်ဒိုနီးရှားနိုင်ငံ၊ သီရိလင်္ကာ နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ မီဒီယာ လေ့လာရေးခရီး သွားရောက်ခဲ့ပြီး ထိုနိုင်ငံများရှိ စာနယ်ဇင်းကောင်စီများ၊ စာနယ်ဇင်းလုပ်ငန်းများ အကြောင်း ကို လေ့လာရန်အတွက် ၈ ရက်ကြာ ခရီးသွားရောက်ခဲ့ကြောင်း သိရပါသည်။ မြန်မာသတင်းမီဒီယာ လေ့လာရေးအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးများ၊ မကြာခင်က ဖွဲ့စည်းခဲ့သော အမြုတေစာနယ်ဇင်း ကောင်စီတွင် ပါဝင်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းမှ တာဝန်ရှိသူအချို့ လိုက်ပါ သွားခဲ့ကြသည်။ ထို့အပြင် မဇ္ဈိမသတင်းဌာနနှင့် ဗီးနပ်စ်သတင်းဂျာနယ်တို့မှလည်း လိုက်ပါ သွားခဲ့ကြသည်။ ထို့အတူ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း၌ စကင်ဒီနေးဗီးယန်း နိုင်ငံများမှ အလှူရှင်များ ၏ အထောက်အပံ့ဖြင့် ရပ်တည်နေသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှ ရုပ်သံလွှင့် မီဒီယာဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရပါသည်။ |
Comments
မှားရင်လည်း ၀ိုင်းဆဲကြပေါ့ဗျာ။
အခုနောက်ပိုင်း ဒီ ပြည်ပမီဒီယာတွေ အ၀င်အထွက်များလာခြင်း၊
လက်ခံတွေ့ဆုံမှုတွေ ပြုလာခြင်းဟာ အရင့်အရင် အစိုးရတွေနဲ့ မတူဘူး
(၀ါ) သတင်းအမှောင်ချထားခြင်း မရှိဘူး (၀ါ) ပွင့်လင်းမြင်သာမှု ရှိကြောင်း ကမ္ဘာကို သိစေချင်လို့များလား (တနည်း) ဘင်္ဂလီကုလားတွေကိစ္စကို ဒီ့ထက်ပိုပြီး ကမ္ဘာကအမှန်အတိုင်း သိသွားအောင် ကုလားမီဒီယာတွေထက် ပိုမို အရှိန်အ၀ါကြီးတဲ့ မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြသွားစေနိုင်ဖို့လား................။
Bravo ! Bravo ! Such a good comment !