မြန်မာအစိုးရကို OIC တိုက်တွန်း
2012-08-14
မြန်မာနိုင်ငံတွင်းရှိ လူမျိုး ဘာသာအားလုံးအတွက် အကျုံးဝင်မယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ နာလန်ထူရေး မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ မြန်မာ အစိုးရကို အစ္စလာမ် ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က တိုက်တွန်း လိုက်ပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က စစ်တွေမြို့ရှိ
ဒုက္ခသည်စခန်း၌ တူရကီ နိုင်ငံခြားရေး ၀န်ကြီးနှင့်အဖွဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ
ဒုက္ခသည်များနှင့် တွေ့ဆုံနေစဉ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ Jeddah မြို့မှာ ကျင်းပတဲ့ OIC အဖွဲ့ရဲ့
နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးက ဒီကနေ့ ထုတ်ပြန်တဲ့
သဘောထားကြေညာချက် မူကြမ်းမှာ အဲဒီလို ဖော်ပြထားတယ်လို့ သိရပါတယ်။
အဲဒီ OIC အဖွဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေကို သွားရောက် လေ့လာခဲ့တဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ကလည်း မြန်မာအစိုးရနဲ့ ဆွေးနွေးချက်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ OIC အဖွဲ့အစည်းအဝေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေကို သွားရောက် လေ့လာခဲ့တဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ကလည်း မြန်မာအစိုးရနဲ့ ဆွေးနွေးချက်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
No comments:
Post a Comment