Tuesday, August 14, 2012

သြဂုတ်လ ၁၅ ရက်နေ့တွင် ဒုတိယသမ္မတ ရွေးချယ်မည်


သြဂုတ်လ ၁၅ ရက်နေ့တွင် ဒုတိယသမ္မတ ရွေးချယ်မည်  
Tuesday, 14 August 2012 12:49
သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူမည် ဖြစ်ပြီး ၄င်းအစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ အမည်စာရင်းကို ကြေညာမည် ဖြစ်ကြောင်း သတင်းရရှိသည်သည်။ 
ထို့နောက် ဒုတိယသမ္မတအဖြစ် ရွေချယ်တင်မြှောက်ခံထားရသူသည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။  
ဒုတိယသမ္မတအဖြစ် (၁) ဦးထွန်းထွန်းဦး (ဒုတိယရှေ့နေချုပ်)၊ (၂) ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)၊ (၃) ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန)၊ (၄) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန)၊ (၅)ဗိုလ်ချုပ်ကြီး လှဌေးဝင်း (ကာကွယ်ရေးဝန်ကြီးဌာန) တို့ထဲမှ တစ်ဦးမှာ ဒုတိယသမ္မတ ဖြစ်နိုင်ကြောင်း လွှတ်တော်အတွင်း ခန့်မှန်းပြောဆိုမှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။
Comments 
 +2 #6 USaytanar 2012-08-14 16:41
Finally, တစ်ဇောက်ကန်း will be our vice president to replace the previous တစ်ဇောက်ကန်း U Tin Aung Myint Oo.
Quote:
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ထား ကြောင်း တပ်မတော် သား လွှတ်တော် ကိုယ်စား လှယ်များနှင့် ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ များက ပြောကြားသည်။
  +3 #5 USaytanar 2012-08-14 16:31
Quoting U Mar Ga:
ဦးထွန်းထွန်းဦး - No ဥပဓိ
ဦးဉာဏ်ထွန်း - ပြောမကောင်းဆိုမကောင်း၊ တစ်ဇောက်ကန်း
ဦးသိန်းဌေး - လူကြောက် (ရခိုင်ကိစ္စ)
ဦးကိုကို - ခေါင်းရှောင် (တိုင်းမှူးတုန်းက ရထားလမ်း လုံခြုံရေး မယူနိုင်လို့ အခုထိ ညဖက်ထွက်နေရတုန်း၊ ရခိုင်ကိစ္စမှာလည်း လက်ရှောင်နေ)
ဦးလှဌေးဝင်း - ဘယ်သူနဲ့မှ မတည့်
ကဲ...............
If so, I would like to personally choose "လူကြောက်" because we have had many "mighty, ခေါင်းရှောင် and တစ်ဇောက်ကန်း" in the past.

 +21 #3 gote tay 2012-08-14 14:23
နိင်ငံနဲ့လူမျိုးအတွက်တကယ်ကိုအကျိုးပြုမယ့်လူဖြစ်ပါစေ...
ပြည်သူတွေနဲ့တသားတည်းဖြစ်ပါစေ...
 
+23 #2 aungkyawmyint 2012-08-14 14:11
ပြည်သူတွေလိုလားတောင့်တအပ်သော ....ကောင်းမွန်တဲ့အစိုးရမျိုးပေါ်ထွန်းလာဖို့ရာ.... နိုင်ငံတော်သမ္မတကြီးကိုအထောက်အပံ့ဖြစ်စေမယ့် လူမျိုးဖြစ်ပါစေ၊လို့ဆုတောင်းလိုက်ပါတယ်။
 
+28 #1 ကျောင်းသားလူငယ် 2012-08-14 13:13
ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးမယ့်သူ မျိုးဖြစ်ပါစေ။:lol:

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။