Tuesday, August 14, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ သြဂုတ်လ ၁၄ မနက်ဖြန် တွင်နေ့လည်စာအတူစားသုံးကြမည်




ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ သြဂုတ်လ ၁၄ မနက်ဖြန် တွင်နေ့လည်စာအတူစားသုံးကြမည်


Yangon Media Group
========
ဝေမာသိမ့်
======================================

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ထမင်းစားချိန်တွင် ပြည်သူ့လွှတ်တော်ရှိ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များနှင့် နေ့လည်စာ အတူတကွ စားသုံးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်ရှိ လက်ဖက်ရည်သောက်နားနေခန်းအတွင်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် တိုင်းရင်းသား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီ အသီးသီးမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၂၇ဦး တို့နှင့် ရင်းရင်းနှီးနှီး နေ့လည်စာ စားသုံးကြမည် ဖြစ်သည်။
ဖလုံ-စဝေါ် ဒမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးဝါက"ကျမကို ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ကြာသာပတေးက ကတွေ့တဲ့ အချိန်မှာ နောက်တစ်ပတ် အင်္ဂါနေ့(သြဂူတ်လ ၁၄)ရက်နေ့ နေ့လည် မှာ ထမင်းလက်စုံစားရအောင်ပြောပါတယ် အားလုံးကိုလည်း ဖိတ်ပေးပါလို့ပြောပါတယ် ၊ ကြံခိုင်ရေးပါတီက ဒေါ်လဲ့လဲ့ဝင်းဆွေတို့ကလည်း အားလုံးစုပေါင်းပြီးစားဖို့ အသီးအနှံတွေလုပ်ထားပါတယ်" ဟုပြောကြားသည်။
အမျိုးသားဒီမိုကရေစီ ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်မှ "ကျမတို့ပါတီက အမျိုးသမီးတွေတော့ မဖိတ်ထားဖူး ကျမတို့ အရင်ရောက်နှင့်နေတဲ့ ပါတီ အသီးသီးက အမျိုးသမီးတွေအားလုံးနဲ့ တွေ့မယ်ပြောတယ် နေ့လည်စာအတွက် လွှတ်တော်က ကော်ဖီဆိုင်မှာ လက်စုံစားကြဖို့ ပြောထားပါတယ် စုစုပေါင်း ကျမသိတာကတော့ ကျွန်မတို့မပါသေးဘူးဆို၇င် ၁၄ ဦး လို့သိရပါတယ် နောက်မှဖိတ်ရင်တော့ မပြောတတ်ပါဘူး" ဟုပြောကြားသည်။
အဆို ပြည်သူ့လွှတ်တော် အမျိုးသမီး ကိုယ်စားလှယ်များ နေ့လည်စာ အတူတကွစားသုံးကြရာတွင် အမေရိကန်မှ စီးပွားရေးပိတ်ဆို့မှုအား ရုတ်သိမ်းပေးရေးနှင့်ပတ်သက်၍ အရေးကြီး အဆိုအဖြစ်တင်သွင်းခဲ့သူ ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုအား ဖိတ်ကြားခြင်း မရှိဟူ သတင်းများထွက်ပေါ်နေခဲ့ရာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များသို့ တာဝန်ယူဖိတ်ကြားပေးသော ဖလုံ-စဝေါ် ဒီမို ကရက်တစ်ပါတီမှ ဒေါ်နန်းစေးဝါးက "ပြည်သူလွှတ်တော် အတွင်းရှိ အမျိုးသမီးအားလုံးကို ဖိတ်ကြားထားခြင်းဖြစ်ပြီး ဒေါ်နန်းဝါနုအား ဖိတ်ကြားထားခဲ့ကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အားလုံးအား ဖိတ်ကြားထားပြီ ဖြစ်ကြောင်း အဆိုပါ သတင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွု့ချုပ် မှ ဒေါ်မေ၀င်းမြင့်ကပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုကဲ့သို့ပြောကြားခြင်းမရှိကြောင်းမိသားစုကဲ့သို့ ရင်းရင်းနှီးနှီး ထမင်းလက်စုံ စားချင်တဲ့အတွက် အမျိုးသမီးအားလုံးကိုဖိတ်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုအား ဆက်သွယ်မေးမြန်းရာ " ဖိတ်ထားတယ် မနက်ဖြန်သွားမယ်ပေါ့ ဘာချက်ထည့် သွားရမှန်းတောင်မသိသေးဘူး " ဟုပြောကြားခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။