နေပြည်တော် တိရစ္ဆာန်ဥယျာဉ်အတွင်း၌ ရှားပါး မြွေဟောက်ဖြူ တစ်ကောင်ရောက်ရှိ
သြဂုတ် (၁၃)နေပြည်တော် ၏ အထင်က ရနေရာ တစ်ခုဖြစ်သော နေပြည်တော် တိရစ္ဆာန် ဥယျာဉ်တွင် ရှား ပါးသော မြွေဟောက် ဖြူ တစ်ကောင် တွားသွားသတ္တဝါများပြခန်းသို့ ယခုနှစ် မတ်လ ပထမပတ် က ရောက်ရှိ လာကြောင်း သိရ သည်။
အဆိုပါ မြွေဟောက်ဖြူသည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် မှ တွေ့ရှိကြောင်း၊ အစာကျွေးရာတွင် ဖား၊ ငါးရံ့၊ ပုတ်သင်ညိုအစရှိသော အကောင်ငယ်များကို တစ်ပတ်လျှင် တစ်ကြိမ် ကျွေးရကြောင်း၊ မြွေဟောက်ဖြူ၏ အရှည်မှာ လေးပေရှည်လျားပြီး လုံးပတ်မှာ အချင်းတစ်လက်မခွဲရှိကြောင်း၊ ၎င်းမြွေဟောက်ဖြူ၏ ထူးခြားချက်မှာ အရောင်ပြောင်းလဲခြင်းမရှိဘဲ တစ်ကိုယ်လုံး အဖြူရောင် ရှိပြီး အစွယ်ချိုးထား ခြင်းမရှိကြောင်း သိရသည်။
mwdmedia
No comments:
Post a Comment