Tuesday, August 14, 2012

သတင်းစာ ဆရာအသင်း ကိုယ်စားလှယ်တွေကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ခေါ်တွေ့




သတင်းစာ ဆရာအသင်း ကိုယ်စားလှယ်တွေကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ခေါ်တွေ့

 12 သြဂုတ်လ 2012 - 15:22 GMT(BBC)

မြန်မာနိုင်ငံမှာ အစိုးရရဲ့ အမြုတေ စာနယ်ဇင်း ကောင်စီနဲ့ အပြိုင်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းက
 အဖွဲ့ဝင်တွေကို ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက တနင်္ဂနွေနေ့က ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။
အမြုတေ စာနယ်ဇင်းကောင်စီကို အစိုးရက ဖွဲ့စည်းခဲ့အပြီး ၂ရက်အကြာမှာ အဲဒီ စာနယ်ဇင်း ကောင်စီ ဝင်တွေ အပါအဝင်
 သတင်းသမားတွေက မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းကို ဖွဲ့စည်းလိုက်ပြီး အစိုးရရဲ့ စာနယ်ဇင်းကောင်စီရဲ့ တာဝန်ပိုင်း
ဆိုင်ရာ အချက်တွေကို ပြင်ဆင်ရေးဆွဲပေးဖိုေ့ ကြညာချက် ထုတ် တောင်းဆိုခဲ့ကြတာပါ။
အမြုတေ စာနယ်ဇင်းကောင်စီရဲ့ စာပေစိစစ်ရေး အပါအဝင် လုပ်ငန်း တာဝန်ပိုင်း ဆိုင်ရာ အချက်တွေကို ပြင်ဆင်ရေးဆွဲပေးဖို့
 အဲဒီေ ကြညာချက် သဘောထားတွေနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးကျော်ဆန်းကိုေ ပြာပြခဲ့ကြသလို ဝန်ကြီး ဦးကျော်ဆန်းဘက်
ကလည်း ဒီအချက်တွေကို ဘာေ့ကြာင့် ထည့်သွင်း ရေးဆွဲခဲ့တာလဲ ဆိုတာကို ပြန်ရှင်းပြခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာ
 အသင်း ဥက္ကဌ စာရေးဆရာ မောင်ဝံသက ဘီဘီစီကို ပြောပါတယ်။
သတင်းသမားတွေဘက်ကတော့ ဒီအချက်တွေကို ပြင်ဆင်မပေးရင် အမြုတေ စာနယ်ဇင်းကောင်စီထဲမှာ မပါနိုင်ကြောင်း
အတိအလင်း ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။
စာပေစိစစ်ရေးဆိုင်ရာ လုပ်ငန်းတာဝန် အချက်အလက်တွေကို ပြင်ဆင် ပြောင်းလဲဖို့ တောင်းဆိုထားဆဲ ဖြစ်တဲ့အတွက် အမြုတေ စာနယ်ဇင်းကောင်စီရဲ့ စာပေစိစစ်ရေး လုပ်ငန်းတာဝန်တွေ မစနိုင်သေးပဲ လောလောဆယ်မှာ ထုတ်တင် စနစ်အစား
 စာမူတွေကို စိစစ်ရေးကို ကြိုတင်ကြဖို့ ဖုန်းဆက် ပြောကြားတာတွေ ရှိနေတယ်လို့ သိရကြောင်း၊ ဒါ့ကြောင့် စာပေစိစစ်ရေးက
ဆက်ရှိဦးမယ့် သဘောမျိုးလို့ ယူဆရကြောင်း မောင်ဝံသက ပြောပါတယ်။
သတင်းသမားတွေဘက်က ပြောစရာ ရှိတာတွေကို ပြန်ကြားရေး ဝန်ကြီးကို ပြောပြ ထားပြီး ဖြစ်ပြီး ဘယ်လောက်အထိ ပြင်ဆင်
 လိုက်လျောပေးမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


Popular Myanmar News Journal 13 hours ago "မြန်မာနိုင်ငံသတင်းစာဆရာအသင်း သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၂"

အကြောင်းအရာ။ ။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု

၁။ သြဂုတ် ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်း ခြင်း ကြေညာချက်တွင် ပါဝင်သည့် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်းက လက်မခံနိုင်သည့် အချက်များကို ပြင်ဆင် ပြောင်းလဲရန်နှင့် ထိုသို့ ပြင်ဆင်ပြောင်းလဲခြင်းမပြုပါက မြနိမာနို င်ငံသတင်းစာဆရာအသင်းကို ကိုယ်စားပြုသော ကိုယ်စားလှယ်များသည် အမြုတေစာနယ်ဇင်းကောင်စီတွင် ပါဝင်တော့မည်မဟုတ်ကြောင်း ၁၁ သြဂုတ် ၂၀၁၂ နေ့ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် အတည်ပြုခဲ့ပါသည်။

၂။ ထိုနေ့ ညနေတွင် စာပေစိစစ်ရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ MJA ညီလာခံ ကျင်းပရာ ယုဇနဂါးဒင်းဟိုတယ်သို့ လာရောက်ပြီး ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက MJA ကိုယ်စားလှယ်များအား ဆွေးနွေးလိုကြောင်း ဖိတ်ကြားသဖြင့် ၁၂၊ ၈၊ ၂၀၁၂ နေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဗဟိုပုံနှိပ်တိုက်ခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံရာတွင် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူအချို့ပါဝင်ပါသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းမှ နာယက ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဥက္ကဌ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဒုဥက္ကဌ-၁ ဦးကိုကို၊ ဒုဥက္ကဌ-၂ ဦးသီဟစော၊ နိုင်ငံခြားဆက်ဆံရေးမှူး ဦးအောင်လှထွန်း စုစုပေါင်း ၅ဦး တက်ရောက်ခဲ့ပါသည်။

၃။ MJA ဘက်မှ ဆွေးနွေးချက်များမှာ MJA သဘောထားကြေညာချက်တွင် ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်သည့် ပြင်ဆင်ဖြုတ်ပယ်ပေးရန် စာပိုဒ်နှင့်စာသားများကို ကျိုးကြောင်းဖော်ပြပြီး ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်ပါသည်။
ပြင်ဆင်ပြောင်းလဲပေးရန် တောင်းဆိုထားသော စာပိုဒ်၊ စာသားများကို ပြင်ဆင်ပြောင်းလဲပေးရန် နှင့် အမြုတေစာနယ်ဇင်းကောင်စီတွင် အခြားအမျိုးအစားများက များနေပြီး အဓိကကျသည့် သတင်းစာဆရာအရေအတွက်နည်းနေခြင်းကို တိုးမြှင့်ပေးရန် MJA အဖွဲ့က တင်ပြခဲ့ပါသည်။ ထို့ပြင် စာနယ်ဇင်းကျင့်ဝတ်ရေးဆွဲရန်တာဝန်ရှိသည့် အဖွဲ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် စပ်လျဉ်းပြီး မေးခွန်းထုတ်ဖွယ် ဖြစ်နိုင်သူ(သို့)ဖြစ်နိုင်သူများ မပါဝင်သင့်ကြောင်း တင်ပြခဲ့ပါသည်။

၎။ MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့် အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားပြီး MJA နှင့် ဆွေးနွေး ပြီးပြတ်သည်အထိစောင့်ဆိုင်းမည်ဟု ပြန်ကြားရေးဝန်ကြီးကပြောကြားပါသည်။ အမြုတေစာနယ်ဇင်းကောင်စီ လုပ်ငန်းလည်ပတ်နိုင်ချိန်အထိ စာပေစိစစ်မှုများ ဆက်ရှိနေဦးမည်ဟု သိရပါသည်။

၅။ MJA ကိုယ်စားလှယ်များက ပြန်ကြားရေးဝန်ကြီးဌာနမှ အမြုတေစာနယ်ဇင်းကောင်စီနှင့် စပ်လျဉ်းပြီး နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုလျှင် မိမိတို့အား ကြိုတင် အသိပေးရန် ပြောကြားခဲ့ပါသည်။

၆။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် MJA ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ထူးခြားလျှင် ဆက်လက် သတင်းထုတ်ပြန်ပါမည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
၁၃ သြဂုတ် ၂၀၁၂

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။