Tuesday, August 14, 2012

ဆဒုံးမြို့နယ် ၊ ဆကားပါ ကျေးရွာအနီး တိုက်ပြွဲ့ဖစ်ပွား



ဆဒုံးမြို့နယ် ၊ ဆကားပါ ကျေးရွာအနီး တိုက်ပြွဲ့ဖစ်ပွား

1:21 PM  ကချင်နေ့စဉ်သတင်း  
သြဂုတ် ၁၄
  ပြီးခဲ့တဲ့ သြဂုတ်လ (၁၁) ရက်နေ့က မြန်မာစစ်တပ် ခမရ (၁၀၃) နှင့် ခမရ (၄၁၆)တို့ KIA တပ်ရင်း (၃) နှင့် ဆကားပါ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မြန်မာစစ်တပ်မှ တပ်သား (၃) ဦးဒဏ်ရာရရှိခဲ့ပြီး ကေအိုင်အေမှ အရာရှိတစ်ဦး အပါအ၀င် တပ်ဖွဲ့ဝင် (၆) ဦး ကျဆုံးပြီး (၈) ဦးဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
“ သူတို့တွေ တော်တော်လေး ထိခိုက်တဲ့သူများတယ်။ သူတို့တွေ ဘွမ်ဝါရွာတောစပ်ဘက်ကနေ သူတို့စခန်း ဘက်ကို သွားကြတယ်။ ရွာမှာရှိတဲ့ စာသင်ကုန်းနားမှာ သူတို့အလောင်း (၃)လောင်း အခုထိ ရှိသေးတယ်။ စခန်းကို ပြန်တောင် မသယ်သွားနိုင်ဘူး။ မြန်မာစစ်တပ်က နောက်ကလိုက်လာတယ် ထင် လို့နေမှာ။ ဒီအတိုင်း ရွာမှာထား သွား တယ်။ အခုလပိုင်းမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် သူ့တို့တွေ တော်တော်သေကြတယ်လို့ ” ဆကားပါရွာမှ ဒေသခံ တစ်ဦးမှ ပြောဆိုခဲ့ပါတယ်။
Posted in: သတင်း

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။