KIA နမ့်ကွင်းရွှေမော်အတွင်း စစ်ဆေးမှုများပြုလုပ်
သြဂုတ် (၁၄)
သြဂုတ်လ
(၁၃)ရက်နေ့က ကေအိုင်အေ တပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း(၁၄)မှ ပယင်းရွှေမှော်
နေရာ တစ်ဝိုက်နှင့် နမ့်ကွမ်းရွှေမှော်အတွင် ၀င်/ထွက် သွားလာလုပ်ကိုင်နေသော
မှော်သူ/သားများထဲတွင် ဌာန ဆိုင်ရာဝန်ထမ်းများပါရှိခြင်း ရှိ/မရှိ
စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။
ကေအိုင်အေ
တပ်ဖွဲ့တွေအနေနဲ့ ယခင်က ၄င်းရွှေမှော်တွေကို ပိတ်ထားပြီး
အစောင့်တွေချထားခဲ့ပေမယ့် ယခုလဆန်းပိုင်းမှစ၍ အနီးအနားရွာတွေက
မှော်လုပ်သမားတွေကိုခေါ်ယူကာ ပြန်လည်လုပ်ကိုင်ခွင့်ပေးပြီး ၃ ပုံ ၁ ပုံကို
အခွန်ကောက်ခံတာဖြစ်ပါတယ်။
ဌာနဆိုင်ရာဝန်ထမ်းတွေ
ပါ/မပါ စစ်ဆေးမှုပြုလုပ်နေတဲ့ အထဲမှာ စီးပွားရေးကြပ်တည်းမှုအရ
ဝင်ရောက်လုပ်ကိုင်တဲ့ ကျောင်းဆရာ/ဆရာမများ၊ သူနာပြုများနဲ့
အခြားဝန်ထမ်းတွေကိုပါ လုပ်ကိုင်ခွင့် မပြုဘဲ ဖမ်းဆီးခေါ်ဆောင်တာဖြစ်တယ်လို့
သိရပါတယ်။ ကျောင်းအားရက်မျိုးမှာ ခဏတာ ၀င်ရောက် လုပ်ကိုင်တဲ့
နမ့်ကွမ်းရွာရှိ ကျောင်းဆရာတစ်ဦးအား မှော်လုပ်သားအဖြစ်
ဝင်ရောက်လုပ်ကိုင်လို့ ဖမ်း ဆီးခေါ်ဆောင် သွားတဲ့အတွက် ဒေသခံကလေးတွေ
စာသင်ဖို့ အခက်အခဲဖြစ်နေခဲ့တယ်လို့ ဒေသခံများ မှ ပြောသည်။
No comments:
Post a Comment