ပန်ဝါမြို့နယ်ခွဲတွင် ပြည်သူ့စစ်တပ်ဖွဲ့မှ လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်
သြဂုတ် (၁၄)
ကချင်ပြည်နယ်၊
ပန်ဝါမြို့နယ်ခွဲမှာရှိတဲ့ မြို့တော်ခန်းမမှာ ယခင် NDA-K ဥက္ကဌဟောင်း
ဦးဇခုန် တိန့်ယိန်းနဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး
သူရမျိုးတင့်တို့ဦးစီးပြီး ပြည်သူ့စစ်ဖွဲ့စည်းခြင်းနှင့် လက်နက်
တပ်ဆင်ခြင်း အခမ်းအနားကို သြဂုတ်လ (၁၂)ရက်နေ့က ကျင်းပခဲ့ကြပါတယ်။
အခမ်းအနားကို
NDA-K အဖွဲ့ဥက္ကဌ ဦးဝေါ့လော်ဟောင်းခေါင်၊ ဦးပန်ကျီခေါင်ရှောင်၊ ဦးလဂွေ
ဘောလမ်းနှင့် အဖွဲ့ဝင်ဟောင်း(၃၅)ဦးခန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်ခြားစောင့်တပ် တပ်မှူးနှင့်အဖွဲ့ဝင်များ၊
ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံများတက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ
ဦးဇခုန်တိန့်ယိန်းမှ ကချင်အထူးဒေသ(၁)ဖွဲ့စည်းခဲ့သည့်
အကြောင်းအရာများနှင့် နယ်မြေအတွင်း မတည်ငြိမ်မှုများကြောင့်
ပြည်သူ့စစ်အဖွဲ့မှ မြန်မာတပ်မတော်နှင့် လက်တွဲကာဒေသ ခံ ပြည်သူတို့၏
လူနေမှုဘ၀နှင့် အကျိုးစီးပွားကိုကာကွယ်ရန် တပ်ဆင်ပေးခြင်းဖြစ်ကြောင်း
ပြောကြားခဲ့ ပါတယ်။
No comments:
Post a Comment