စစ်တွေဆိပ်ကမ်းအလုပ်သမားများဆန္ဒဖော်ထုတ်
သြဂုတ် (၁၃)မြန်မာနှင့်အိန္ဒိယနိုင်ငံတို့အား ဆက်သွယ်ထားသည့် ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံ ကိန်းတွင်ပါဝင်သော ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း၌အလုပ် လုပ်ကိုင်နေကြသော အလုပ်သမား (၃၀)သည် လုပ်ခလစာတိုးမြှင့် ပေးရန်နှင့်တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးဖို့ သြဂုတ်လ(၈) ရက်နေ့ မွန်းလွဲ(၁း၃၀)နာရီတွင် စစ်တွေဆိပ်ကမ်းလုပ်ငန်းခွင်အ၀င် ၀တွင် စာရွက်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရ သည်။
““ကျွန်တော်တို့က အလုပ်လုပ် တာတူပြီးတော့ တူညီတဲ့ လစာ မရဘူး။တချို့က လစာအပြည့်ရ တယ်။တချို့က လစာတစ်ဝက်ရ တယ်။ကျွန်တော်တို့ လစာနှုန်းတွေ တအားနည်းနေတယ်။ကျွန်တော် တို့က လစာတွေတိုးမြှင့်ပေးဖို့ Supervisor တွေကို သုံးလတစ်ကြိမ် တိုးမယ်ဆိုပြီးပြောထားတာ ကနေ့ ထိ ဘာမှတိုးမလာဘူး””ဟု ဆန္ဒ ဖော်ထုတ်မှုတွေပါဝင်သူတစ်ဦး ကပြောပြသည်။
စီမံကိန်းတွင်အလုပ်လုပ်နေ ကြသော နေ့စားအလုပ်သမားများ အနေနှင့်လုပ်ငန်းခွင်အတွင်း လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများ လည်းရှိကြောင်း၊ဤစီမံကိန်းသည် အိန်္ဒိယနိုင်ငံ Essar ကုမ္ပဏီမှ အ ဓိက တာဝန်ယူဆောင်လုပ်နေသည့် စီမံကိန်းဖြစ်သော်လည်း ဒေသခံ အလုပ်သမားများအားပေးသော လစာငွေမှာ အတူအလုပ်လုပ်နေ သော အိန်္ဒိယနိုင်ငံသားများ၏ လုပ်ခလစာငွေနှင့်အလွန်ကွာခြား ကြောင်း၊အလုပ်သမားတစ်ဦးအ တွက် ကျန်းမာရေးစောင့်ရှောက်မှု လည်း မရှိကြောင်း၊လုပ်ခလစာ ငွေကိုလည်း သြဂုတ်လဒုတိယပတ် ရောက်သည်အထိ လုံးဝရရှိခြင်း မရှိကြောင်းသိရသည်။
အလုပ်သမားများ ဆန္ဒဖော် ထုတ်ပြီး(၁၀)မိနစ်အကြာတွင် စစ်တပ်လုံခြုံရေးများမှဟန့်တား ကာ လူစုခွဲခဲ့သော်လည်း အလုပ် သမားအချို့မှထွက်ခွာမသွားသေး ဘဲ ဆက်လက်၍ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
စစ်တွေဆိပ်ကမ်းစီမံကိန်းကို ၂၀၁၀ခုနှစ်ကုန်ပိုင်းမှစတင်၍ အမေရိကန်ဒေါ်လာသန်း(၁၂၀) အကုန်အကျခံတည်ဆောက်နေ ခြင်း ဖြစ်ပြီး၂၀၁၃ခုနှစ်တွင်အပြီး သတ်မည်ဖြစ်ကာ၊ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ကုလားတန်မြစ်ကိုအသုံးချကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ အရှေ့မျှော်မူဝါဒအရ ကုန်ပစ္စည်း များ ဆက်သွယ်တင်ပို့ရန်ဖြစ်ကြောင်း သိရသည်။
့hotnews weekly journal
No comments:
Post a Comment