လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် ဆရာတော် အရှင်ဆန္ဒာဓိက က ကျပ်သိန်း ၅၀ လှူဒါန်း
Photos courtesy of Myanmar net Web site ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက
လက်ရှိ ဒဏ်ရာရ သံဃာတော်အပါး ၇၀ ကျော်တို့မှာ မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး သံဃာတော်များအားစောင့်ရှောက်ပေးသည့် အဖွဲ့အစည်းများသို့ အဆိုပါ အလှူငွေကိုလွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက် ၉ နာရီခန့် က ဆရာတော် အရှင်ဆန္ဒာဓိက သည် မုံရွာမြို့ ဇောတိကရာမ ကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းတိုက်အတွင်းဆေးကုသမှုခံယူနေသော သံဃာတော်များကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment