Monday, December 3, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သော ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သော ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်   PDF Print
Monday, 03 December 2012 01:13
AddThis Social Bookmark Button
လက်ပံတောင်းတောင် စီမံကိန်းသပိတ်စခန်းများ အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပညာရှင်များက ရှင်းလင်းနေစဉ်
210လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်၍  နယ်ပယ်အသီးသီးမှ ပညာရှင်များက ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာလ ၂ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သစ်တောနှင့် သယံဇာတ ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးအုန်း၊ မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးစိုးညွန့်၊ စီးပွားရေးနှင့် ဥပဒေလမ်းညွန်  ဦးတင်သန်းဦး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်မှ ဦးမြင့်အေး၊ ဓာတုဗေဒပညာရှင်နှင့် စာရေးဆရာဖြစ်သူ ဒေါက်တာခင်မောင်ညို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင်များက လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
''မြန်မာနိုင်ငံဟာ သဘာဝသယံဇာတတွေ အရမ်းပေါများတဲ့ နိုင်ငံဖြစ်ပြီး အဲဒါတွေကြောင့်ပဲ အခုကျွန်တော်တို့ ဒုက္ခရောက်နေကြရတာ ဖြစ်တယ်။ ဒါဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သူတွေကြောင့် ဖြစ်ပါတယ်။ တောင်ကြီးဖြိုတာဟာ ဘယ်လောက်အတိုင်းအတာအထိ ပြဿနာရှိလဲ။ ကျွန်တော် တို့မျက်ကွယ်မှာ ဖြိုနေတာတွေ အများကြီးရှိတယ်။ ပုပ္ပါးတောင်ကြီးမှာ အလူမီနီယံတွေ ရှိတယ်ဆိုရင် ပုပ္ပါးတောင်ကလပ်ကို ဖြိုကြမှာလား ဘနဖူးတော့ သိုက်မတူးကြပါနဲ့။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ မဟုတ်မမှန်တဲ့ အနှစ်သာရတွေကို ခင်ဗျားတို့ ခံနေရတာ။ ကျွန်တော်တို့အားလုံးဟာ ဒါလေးရှုံ့ချပြီးတော့ ပြီးမသွားပါနဲ့၊၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့လိုတယ်။ ဥပဒေတစ်ခု ပြဌာန်းတယ်ဆိုတာ အများလိုက်နာနိုင်ရမယ် အဓိပ္ပါယ်ရှိရမယ်။ လူတစ်ဦးတစ်ယောက်က၊ အာဏာရှင်တစ်ဦးက စိတ်တိုင်းကျ ရေးဆွဲပြီး နှစ်ပေါင်းများစွာ အချိန်ယူပြီး စိတ်တိုင်းကျ အကာအကွယ်ယူဖို့ ရေးဆွဲထားတာဖြစ်တယ်။ ကျွန်တော်တို့ တပ်မတော်ကို အင်မတန်ချစ်တယ်။ သိက္ခာရှိတဲ့ မြန်မာ့တပ်မတော်အဖြစ် ရှိစေချင်တယ်။ စီးပွားရေးလုပ်တဲ့ တပ်မတော်မဖြစ်စေချင်ဘူး'' ဟု မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးစိုးညွန့်က ပြောပြခဲ့ပါသည်။  
ဒေါက်တာခင်မောင်ညိုက လည်းလက်ပံတောင်းတောင်အရေးနှင့် ပတ်သက်သည့် ဓာတုဗေဒဆိုင်ရာ အမြင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမြင်များကို ပြောပြခဲ့ရာ  မီးလောင်ဗုံးအမျိုးအစားများ ဖြစ်ပေါ်လာပုံနှင့် ဗုံးအမျိုးအစား များတွင်ပါဝင်သည့် ဓာတုဗေဒ ပစ္စည်းများအကြောင်းကိုရှင်းလင်း ပြောကြားခဲ့ပြီး လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်နှိမ်နှင်းရာတွင် မြန်မာနိုင်  ငံရဲတပ်ဖွဲမှ အသုံးပြုခဲ့သည့် လက်နက်များအကြောင်းနှင့် အဆိုပါ လက်နက်များ မည်သည့်နေရာမှ ရရှိသည်ကိုလည်း သက်ဆိုင်ရာမှ ရှင်းလင်းရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။          

Comments 

+13 #8 GADGETEER 2012-12-03 13:57
၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းနိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့လိုတယ်။ ဥပဒေတစ်ခု ပြဌာန်းတယ်ဆိုတာ အများလိုက်နာနိုင်ရမယ် အဓိပ္ပါယ်ရှိရမယ်။ လူတစ်ဦးတစ်ယောက်က၊ အာဏာရှင်တစ်ဦးက စိတ်တိုင်းကျ ရေးဆွဲပြီး နှစ်ပေါင်းများစွာ အချိန်ယူပြီး စိတ်တိုင်းကျ အကာအကွယ်ယူဖို့ ရေးဆွဲထားတာဖြစ်တယ်။ ကျွန်တော်တို့ တပ်မတော်ကို အင်မတန်ချစ်တယ်။ သိက္ခာရှိတဲ့ မြန်မာ့တပ်မတော်အဖြစ် ရှိစေချင်တယ်။ စီးပွားရေးလုပ်တဲ့ တပ်မတော်မဖြစ်စေချင်ဘူး'' ဟု မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးစိုးညွန့်က ပြောပြခဲ့ပါသည်။

Brave & Bold .
 
+6 #7 forward93 2012-12-03 11:52
whether Thein Sein gave order or not.But he must take reponsibility and
apply apology.Because he is the president.
 
+27 #6 soranotomo 2012-12-03 11:25
ဒီလို တွေ့ဆုံဆွေးနွေးကြတာကို ထောက်ခံပါတယ်...
ပညာရှင်တွေ လူမှုရေးအဖွဲ့အစည်းတွေ ပြည်သူတွေ အားလုံး စည်းလုံးကြသင့်ပါပြီ...
အားလုံး ၀ိုင်းဝန်းကြမယ်... ဆွေးနွေးကြမယ်... အဖြေရှာကြမယ်....
စည်းလုံးမှုနဲ့ အင်အားပြပြီး ပြည်သူအတွက် ဒီမိုကရေစီ အစစ်အမှန်ကို ရအောင် ကြိုးပမ်းကြမယ်..
မဟုတ်ရင် စစ်အာဏာရှင်တွေရဲ့ အတုအယောင် ဒီမိုကရေစီ ကြားမှာ နင်းပြားတွေဖြစ်ပြီး
ဆင်းရဲတွင်းနက်နေကြဦးမှာပါ...
ဒီအရေခြုံအစိုးရဟာ လုံးဝယုံကြည်ပေးဖို့ အခွင့်အရေးပေးဖို့ မထိုက်တန်တော့ပါ...
အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်တဲ့ အရည်အချင်း လုံးဝမရှိပါ...
ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်မှာ သူတို့ဘာ အစွမ်းအစတွေ ပြနိုင်ခဲ့ပါသလဲ...
ပြည်သူတွေ ဆင်းရဲတယ်... သူတို့ ချမ်းသာသွားတယ်... အခုလဲ ပြောင်းမယ်သာပြောနေတာ
သူတို့ရဲ့ လုပ်နည်းလုပ်ဟန် ပြောနည်းပြောဟန်တွေက ပြည်သူဆန္ဒကိုလေးစားမှုမရှိဘဲ
အာဏာရှင်စနစ်ကိုပဲ မက်မက်မောမော ဖက်တွယ်နေကြဆဲ ဆိုတာ အထင်အရှားပါ...
သူတို့လုပ်ရပ်တွေ သူတို့ရဲ့ခြေလှမ်းတွေကို တချက်ကြည့်လိုက်......
တအိမ်တယောက် မလာမနေရခေါ်ပြီး တဘက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေကို အတည်ပြုတယ်...
အဲဒီဥပဒေကို ပြင်လို့ မရအောင် ပြဌာန်းချက်တွေထည့်ထားတယ်....
ပြင်ချင်ရင် ၇၅ % ထောက်ခံချက်ရှိရမယ် ဆိုတဲ့ အချက်ထည့်ထားတယ်..
ကလန့်တိုက်ဖို့အတွက် အစိတ်သားက အရှက်မရှိ လွှတ်တော်ထဲမှာ လာထိုင်နေတယ်..
ရွေးကောက်ပွဲမှာ ကလိမ်ကညစ်လုပ်ပြီး ၇၅ % ကျော်အောင် လုပ်ပြီး အမတ်နေရာ အများစုကို ချုပ်ကိုင်ထားတယ်..
အစိတ်သားရယ် ဖွတ်တွေရယ်ပေါင်းပြီး သူတို့အကျိုးရှိမယ့် ဥပဒေတွေ အတည်ပြုတယ်...
သူတို့အကျိုးစီးပွါး ထိမယ့် ဥပဒေတွေ (လာဘ်စားမှုတိုက်ဖျက်ရေး) ကို ကန့်ကွက်ကြတယ်...
လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို သူတို့ ခွင့်ပြုချက်ရမှ လုပ်ရမယ် ဆိုတဲ့ ဥပဒေ အတည်ဖြစ်အောင်လုပ်တယ်...
သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်တဲ့ ဆက်သွယ်ရေး ဥပဒေကို ပြဌာန်းတယ်...
စာစောင်တွေ ဂျာနယ်တွေကို ချုပ်ကိုင်ဖို့ ဥပဒေ ပြဌာန်းဖို့ ကြိုးစားတယ်...
................
..........................
ဒီလို သန္ဒေမမှန်တဲ့ အစိုးရဆီကနေ စေတနာမှန် ရနိုင်ပါ့မလား...
ပြည်သူကို ရိုးရိုးသားသားကိုယ်စားပြုမယ့် အစိုးရ ဖြစ်ဖို့ဆိုတာ....
အိပ်မက်ထဲမှာတောင် မဖြစ်နိုင်ပါဘူး...
ကျနော်တို့ ပြည်သူတွေအနေနဲ့ ကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရကို ရချင်တယ်ဆိုရင်
ထိုက်တန်တဲ့ အားထုတ်မှုတော့ လုပ်ကြမှ ဖြစ်မယ်...
အခုလို အဖွဲ့အစည်းတွေ ပညာရှင်တွေ နဲ့ ပြည်သူတွေ မကြာမကြာဆွေးနွေးမှုတွေလုပ်ပြီး တနိုင်ငံလုံးကိုယ်စားပြုမယ့်
အဆုံးအဖြတ်တွေ တောင်းဆိုမှုတွေ စတင်ကြမယ်ဆိုရင်... အာဏာရှင်တွေကို အနှေးအနဲ့ အမြန် ဖယ်ရှားနိုင်မယ်လို့ ယုံတယ်...
 
+44 #5 myanmarlion 2012-12-03 10:47
အဲဒါကို မုံရွာဆေးရုံကြီးက ဆရာဝန်ကြီးက သာမာန် မီးလောင် အပေါ်ယံ ဒဏ်ရာလို့ ထွက်ဆိုနေတယ်.... ဆရာဝန်ကြီးက လူမိုက်အားပေးလုပ်တာလား...??? ရာထူးတက်ဖို့ဆို တရားမရှိတာလား..????? ခါးနောက်မှ ထောက်ထားတဲ့ သေနတ်နဲ့ မိသားစုကို ထိခိုက်မှာကြောက်လို့လား...???? တကယ်ကို အားပျက်မိတယ်ဗျာ..... အမှားလုပ်ခံရ အနိုင်ကျင့်ခံရတာတောင် အမှန်တရားဘက်မှာ ရပ်တည်ပေးမယ့်သူ တာဝန်ရှိသူထဲမှာ မပါတာ ကျွန်တော်တို့နိုင်ငံအတွက် ရင်လေးစရာပဲ.... ရေနစ်တုံး ၀ါးကူထိုးမည့်သူကတော့ ထု နဲ့ ဒေးပဲ......
 
+19 #4 htoosan 2012-12-03 10:44
Quote:
ဒေါက်တာခင်မောင်ညိုက လည်းလက်ပံတောင်းတောင်အရေးနှင့် ပတ်သက်သည့် ဓာတုဗေဒဆိုင်ရာ အမြင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမြင်များကို ပြောပြခဲ့ရာ မီးလောင်ဗုံးအမျိုးအစားများ ဖြစ်ပေါ်လာပုံနှင့် ဗုံးအမျိုးအစား များတွင်ပါဝင်သည့် ဓာတုဗေဒ ပစ္စည်းများအကြောင်းကိုရှင်းလင်း ပြောကြားခဲ့ပြီး
သုံးခဲ့တာ ဘာ အမျိုး အစား ဖြစ်နိုင်တယ်ဆိုတာလေး လဲ ရှင်းရှင်းလင်းလင်း ပြည်သူတွေ သိအောင် ရေးသင့်တယ် ထင်ပါသည် ။
ပညာရှင် မဟုတ်တဲ့ သူတွေ အော်နေတဲ့ ဗုံးဆိုတာ တွေ တော့ထည့်ထည့်ရေးပြီး ပညာရှင်ပြောတဲ့ ဟာ ဆိုရင်တော့ ဝေေ၀၀ါးဝါး လုပ်လေ့ရှိကြတယ် ။
 
+52 #3 USaytanar 2012-12-03 09:02
Quote:
သိက္ခာရှိတဲ့ မြန်မာ့တပ်မတော်အဖြစ် ရှိစေချင်တယ်။ စီးပွားရေးလုပ်တဲ့ တပ်မတော်မဖြစ်စေချင်ဘူး
Yes! 100% agree. Let us against Oo Paing. Oo Paing and MEC are the root of all problems.
 
+73 #2 Zawtika 2012-12-03 05:50
Quote:
လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်နှိမ်နှင်းရာတွင် မြန်မာနိုင် ငံရဲတပ်ဖွဲမှ အသုံးပြုခဲ့သည့် လက်နက်များအကြောင်းနှင့် အဆိုပါ လက်နက်များ မည်သည့်နေရာမှ ရရှိသည်ကိုလည်း သက်ဆိုင်ရာမှ ရှင်းလင်းရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်...
တရုတ်ပြည်တွင်း အဓိကရုဏ်း နှိမ်နင်းရေးမှာ သုံးဘို့ ၀မ်ပေါင် ကုမ္ပဏီက ထုတ်လုပ် ထားတာတွေကို လာပီး စမ်းသပ် သုံးစွဲကြည့်တာကလွဲလို့ ဘာများဖြစ်နိုင်ဦးမှာလဲဗျာ... ရှင်းပါတယ်..
ဒေ၀ဒက် နဲ့ အဇာတသတ် ရဲ့ Joint Venture ဘဲဟာ...
 
+30 #1 Richard147 2012-12-03 01:45
The burmese people should be aware of every step of Thein Sein’s government movement.
Thein Sein’s government is just a puppet government and democracy in Burma is just dream.
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။