နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွဲ့ဝင် ၃၀ ဦးဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့က
ဖွဲ့စည်းခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့်
အကြောင်းအရင်းများနှင့် ယင်းအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့်
ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်ဟူသည့်
အချက်များအား ပယ်ဖျက်ကာ ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က
အမိန့်ကြော်ငြာစာ ၉၅/၂၀၁၂ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ယခင်ကော်မရှင်တွင် လုပ်ဆောင်ရမည့် အချက်များအဖြစ် ကြေးနီစီမံကိန်းအား
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊
ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောက်ရွက်ခြင်းရှိမရှိ၊
ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ်
ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊ ကြေးနီစီမံကိန်း
ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိမရှိ၊ ကြေးနီစီမံကိန်း
ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ရသည့် အကြောင်းရင်းများ၊ ဆန္ဒဖော်ထုတ်မှုအပေါ်
ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား
ထိခိုက်ဒဏ်ရာရသည့်အပေါ် သုံးသပ်ချက်၊ ကြေးနီစီမံကိန်းအား
ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား
ရပ်ဆိုင်းရန် သင့်မသင့်၊ နိုင်ငံဖွဲ့ဖြိုးတိုးတက်ရေးနှင့်
ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊ ကော်မရှင်၏ အထွေထွေသုံးသပ်
တင်ပြချက်နှင့် အကြံပြုချက်များကို စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ
အစီရင်ခံစာရေးသားကာ ဒီဇင်ဘာလ ၃၁ ရက် နေ့မတိုင်မီ နိုင်ငံတော်သမ္မတထံ
ပေးပို့သွားရမည်ဟု ဖော်ပြခဲ့ပြီး ယခုကော်မရှင်တွင် အထက်ပါအချက် ၂ ချက်ကို
ပယ်ဖျက်ကာ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခု ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော ကော်မရှင်တွင် ယခင်ကော်မရှင်မှ
ယခင်နှုတ်ထွက်သွားပြီးသားဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၂ ဦး၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၊
ပြည်ထောင်စုကြံခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁
ဦး၊ နိုင်ငံရေးပါတီခေါင်းဆောင် ၂ ဦး၊ အစိုးရအရာရှိ ၃ ဦး၊ မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ၁ ဦး၊ စာရေးဆရာ ၁ ဦး၊ Myanmar
Enviromental Institute မှ ၁ ဦး၊ မြန်မာ့စီးပွားရေးဦးပိုင် လီမီတက်မှ ၁
ဦး၊ Myanmar Peace Center မှ ၁ ဦးတို့ကို လျော့ချခဲ့သည်။
ယခုကော်မရှင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်လက် ပေးအပ်ထားသော်လည်း
အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ
ဦးစစ်မြိုင်အစား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှပင်
ယခင်အဖွဲ့ဝင်ဖြစ်သူ ဦးကျော်တင့်ဆွေအား ပြောင်းလဲတာဝန် ပေးအပ်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ
အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သောကြောင့် သံဃာတော်များ အပါအ၀င်
ရာဂဏန်းဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်။
ယခုကဲ့သို့ ဖြိုခွင်းခဲ့ခြင်းမှာ ၂၀၁၁ ခုနှစ် မတ်လတွင် ဦးသိန်းစိန်
သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဆန္ဒဖော်ထုတ်မှုများကို အကြီးမားဆုံး
အင်အားသုံး ဖြိုခွင်းမှုဖြစ်ခဲ့ပြီး နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့်
ပုဂ္ဂိုလ်များမှ ယင်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချခဲ့ကာ ရန်ကုန်နှင့်
မန္တလေးမြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့သောကြောင်း
ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတက ဒီဇင်ဘာလ ၁ ရက်နေ့တွင်
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို
ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ |
တော်ကြာတမျိုး တွေများနေပြီ။ ထုတ်လိုက်ပြန်ရုပ်လိုက်နဲ့။
ရှုတ်မှရှင်း၊ပါချင်မှအိမ်သာဆောက်၊လွန်မှချော့၊ပေါ်မှဖုံး၊ညစ်မှClean တတ်တဲ့ဒီ Dirty Government အဖွဲ့ကြီးကိုစိတ်ကုန်ပါတယ်ဗျာ။
အစိုးရအဖွဲ့အလိုရှိသည်။
I am curious to compile data of this project value.
First of all, this mine expanded from 21,000 to 35,000 tonnes of Grade A copper in just 2 years (1998 to 2000)
Retrieved from "http://www.ivanhoemines.com/s/news_releases.asp?ReportID=375233"
Secondly, the copper is a life line for every major industries (US, JAPAN, CHINA)after Iron. More important than Gold..
Accessed from "http://www.ft.com/cms/s/0/1927f9fe-3d69-11e2-b8b2-00144feabdc0.html#axzz2E33ieLL5"
Finally, this mine is projected to produce 35,000 tonnes/year x $8,000/Metric Ton = $280 Million per year.
from London Metal Exchange
We don't know what's the rate of expansion under Chinese.....May be $1 billion/ year????
....."This is highly profitable precious metal...
.......production cost is $30/tonnes...
......Final product copper bar is $8,000/tonnes on average"
........We have 33 mountain peaks in Lat Pa Dong.....$ 35 Billions Dollars
...."" Chinese ambassador is saying billions dollar project"".....It could worth $?????...just imaging those peaks
......It may be comparable to income of natural Gas production .....
look at here for estimated value below in year 1999....http://www.infomine.com/index/pr/Pa122713.PDF
***Total Measured and Indicated 946 Millions Tonnes x Purity 0.43% = over 4 millions Tonnes Grade A Copper
***4,446,200 Tonnes Grade A copper x $8000 = $35569 Millions dollars (35 Billions Dollars )****
.....I am no wonder why they don't see Buddha...L$$K....
You will find more reports with Google search text " Monywa S&K certificates file:pdf "
ခိုင်းဖတ်ပဲဖြစ်ပြီး လူထုအတွက် ဒီမိုကရေစီအိမ်မက်ပဲ မက်နေရမှာပါ။
http://www.ivanhoemines.com/s/news_releases.asp?ReportID=375233
ကိုယ်ထိလက်ရောက် ညှင်းပမ်းစော်ကားသူတို့ကား အချိန်တန်လျှင် ကိုယ့်အကုသိုလ်နှင့်ကိုယ် ခံကြရမည်ဖြစ်သည်
ဗုဒ္ဓဘာသာဝင်များ မိမိတို့ယုံကြည်ကိုးကွယ်သော ဘာသာတရား၏ အဆုံးအမများကို ထဲထဲဝင်ဝင် သိရှိနားလည်အောင် အားထုတ်လေ့လာကြဖို့လိုပြီ မိမိတို့သားစဉ်မြေးဆက် ထွန်းကားပြန့်ပွါးအောင် မိမိတို့အမျိုးဘာသာ သာသနာကို တည်တန့်ခိုင်မြဲအောင် ထိမ်းသိမ်းစောင့်ရှောက်ကြဖို့ တိုက်တွန်းလိုက်ပါသည်
ထပ်တလဲလဲပြောဆိုနေတာတော့ ဟုတ်ပါပြီ အဲဒီဥပဒေတွေဟာ နိုင်ငံနဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ဥပဒေတွေဖြစ်ရပါ့မယ်
အဲဒီလိုအခြေအနေတွေ မဟုတ်တော့ဘူးဆိုရင် အမြန်ဆုံး ပြန်လည်စီစစ် ပြင်ဆင်ရေးဆွဲဖို့လိုပါတယ်
ဥပဒေပြုလွတ်တော်တွင်းမှ ပြည်သူ့ကိုယ်စားလှယ်ကြီးများ မိမိတို့ အရွေးချယ်ခံမဲဆန္ဒနယ်အတွင်း လိုအပ်ချက်လေးတွေ တင်ပြဆွေးနွေးနေကြတာထက်
တမျိုးသားလုံးအကျိုးစီးပွါးနဲ့ပတ်သက် အကြုံးဝင်မယ့် အကြောင်းအရာများကို အဓိကထား တင်ပြဆွေးနွေးဖို့ တိုက်တွန်းအကြံပြုပါတယ်
သံဃာတွေနဲ့မပတ်သက်ဖူး
ဆိုပြီး အသိဥာဏ် တစ်ထွာတစ်မိုက်လောက်နဲ့ ပြောနေသူတွေ ခင်ဗျားတို့ မမွေးခင် လူမဖြစ်ခင် ကိုလိုနီခေတ်ကတည်းက အမျိုးသားရေးအသိနိုးကြားဖို့ ကိုယ့်နိုင်ငံနဲ့လူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ လမ်းပြရှေ့ဆောင်ခဲ့လို့ မြန်မာပြည်လွတ်လပ်လာခဲ့တာ
ခင်ဗျားတို့ ကျုပ်တို့ ဘိုးဘွားမိဘတွေ ကျွန်ဘဝကလွတ်ခဲ့တာ ယနေ့ ခင်ဗျားတို့ လူလိုသူလို နေနိုင်တာလို့မှတ်ပါ
ခေတ်အဆက်ဆက် သံဃာတော်များဟာ ပြည်သူလူထုအကျိုးကို ရှေ့ဆောင်လမ်းပြခဲ့တယ် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ခဲ့တယ်
ဘာကျိုးကိုမှမျှော်ကိုးလို့မဟုတ်ဘူး ဘာအခွင့်ထူးမှလည်း ရယူခဲ့တာမဟုတ်ဘူး ဆိုတာနားလည်ပါ
သံသရာဆင်းရဲဒုက္ခမှ ရုံးထွက်ဖို့ကျင့်ကြံနေကြသလို လောကီဆင်းရဲဒုက္ခတွေကိုလည်း လမ်းပြဖြေရှင်းပေးနေသူတွေဖြစ်တယ်
ကိုယ့်မိသားစု စားဝတ်နေရေး ကိုယ့်ရာထူးနေရာ အကျိုးစီးပွါးလောက်သိပြီး မှားမှန်းမသိ မှန်မှန်းမသိ ခိုင်းရာလုပ်နေတဲ့ ကိုယ့်လုပ်ရပ်တွေကို ပြန်စဉ်းစားဖို့လိုတယ်
လူတစ်ယောက်ရဲ့တန်ဖိုးဟာ အများအတွက် မှန်တာကိုပြောရဲ လုပ်ရဲတာပဲဖြစ်တယ်
သမိုင်းကို ပြောင်းပြန် လုပ်ပစ်တယ် ဆိုတဲ့ ကိစ္စလောက်တော့ မိုင်နာ ဘဲ။
ဒါကိုပဲ ရွှေဥာဏ်တော်စူးရောက်တဲ့ သမ္မတက ဒေါ်ခင်စန်းလှိုင်လွှတ်တော်မှာ တင်သွင်းထားတဲ့ စီမံကိန်းအကြောင်း ကော်မရှင်ဖွဲ့စုံစမ်းဖို့ကိစ္စနဲ့ ခေါင်းစဉ်တခုထဲမှာရောချပြီး ဘယ်သူတရားခံမှန်းမသိသလိုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို စုံစမ်းဖော်ထုတ်ခိုင်းတာပါ။ ပြီးတော့ ညာတာပါတေးနဲ့ ဆန္ဒပြသပိတ်မှောက်မှုနောက်ခံအကြောင်းကိုလည်း စုံစမ်းဖော်ထုတ်ခိုင်းသေးတယ်။ အကြမ်းဖက်မှုတရားခံကိုယ်တိုင်က ပေါ်လွင်ပြီးသားတရားခံကို သူများကိုရှာခိုင်းတာကိုက ယုတ္တိမတန်ပါဘူး။ ဒါကြောင့် အဲဒီအပိုင်းက သမ္မတကိုပဲ တိုက်ရိုက်တောင်းဆိုရမှာပါ။
အခုကတော့ ဒေါ်စုတို့ကော်မရှင်က ပထမရည်ရွယ်ချက်ဖြစ်တဲ့ လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့ကိုပဲ အဓိကအာရုံထားလုပ်ရမှာပါ။ ဒါဟာလည်းအဓိကလိုအပ်တဲ့ရည်မှန်းချက်ဖြစ်ပါတယ်။ အစိုးရလမ်းလွှဲတိုင်း ပြည်သူတွေက ခံစားချက်တွေရောထွေးမသွားပဲ စီမံကိန်းအကြောင်းစုံစမ်းတဲ့ ဦးတည်ချက်အောင်မြင်ဖို့ နားလည်ကြဖို့လိုပါတယ်။
ရင်မဆိုင်ပဲရှောင်ပြေးနေတဲ့ သမ္မတကြီးကိုယ်တိုင်ဖြေရှင်းရမဲ့ အကြမ်းဖက်မှုပြဿနာကိုတော့ နိုင်ငံတကာကြားတဲ့အထိ သမ္မတကြီးကိုပဲ တိုက်ရိုက်တောင်းဆိုကြပါစို့ဗျာ။ တာဝန်ရှိသူတွေက တာဝန်ယူဖြေရှင်းဖို့ ဒေါ်စုကိုယ်တိုင် တိုက်တွန်းပြီးသားမို့ သမ္မတကြီးကိုယ်တိုင် ဖြေရှင်းပေးပါ။ တရားခံမသိသလိုလို ဟန်လုပ်ရှောင်ပြေးမနေပါနဲ့တော့။ ကိုယ်လုပ်ရမဲ့တာဝန်ကို ဟိုလွှဲ ဒီလွှဲမလုပ်ပါနဲ့တော့။ တာဝန်မယူပဲရှောင်နေတဲ့ ခေါင်းဆောင်အဖြစ် နိုင်ငံတကာက ကဲ့ရဲ့မခံရအောင် မြန်မြန်တာဝန်ယူပါတော့ဗျာ။
Please investigate and punish the real "hard liners" who created this obvious problems.
Otherwise, We will suspect you for sure.
That is really very important to calm down the public.
Otherwise, there is no guarantee of doing the same mistake again and again.
မင်းတို့ ပြင်ချင် ဖျက်ချင် အလွယ်လေး။ သောက်သုံးမကျတဲ့ ဖွဲ့စီးပုံပြင်ဖို့ကျ ဟိုလှည့်ဒီပတ်နဲ့။
ကောင်းပါတယ်သိန်းစိန်ရာ (အသက် ပိုကြီးသော်လဲ ကိုယ်ကျင့်သိက္ခာ၊ လူ့ကျင့်ဝတ်၊ သီလ၊ သမာဓိ၊ ပညာ အဘက်ဘက်မှ ပိုငယ်၍ ဂါရဝတရား မထားနိုင်တော့ပါ)
မင်းတို့ ကြိုက်သလိုသာ လုပ်ကြပါ ။
ပေါက်တဲ့နဖူး မထူးတော့ပြီမို့ အဝီစိရောက်အောင်သာ မိုက်တွင်းဆက်နက်ကြပေရော့။
တွေနဲ့ဘဲဖွဲ့စည်းထားတာ လူတိုင်းအသိဘဲ။ ကိုယ်လုပ်တဲ့ ဇာတ်လမ်းအစ
အဆုံးကို ကိုယ်တိုင်သိနေရဲ့သားနဲ့ ကော်မရှင်လုပ်ဆောင်ရမည့်အချက်များ ဆိုပြီးဖွဲ့စည်းခဲ့တာလဲ။ ဘောင်ကွပ်ပြီး ခိုင်းလိုက်တာပါလို့မပြောရုံတမည်ဘဲ ရှိတော့တယ်။ အခြေအနေက အဆိုးဘက်ကိုဦးတည်နေပြီလို့ဘဲ ယုံကြည် ထားလိုက်တော့တယ်။