ဆန္ဒပြ သံဃာတွေအပေါ် အကြမ်းဖက် ဖြိုခွဲမှုအား မုံရွာရဲတပ်ဖွဲ့ တောင်းပန်
Photo: RFA လက်ပန်းတောင်းသပိတ်တွင်ဒဏ်ရာရသူများအားမုံရွာပြည်သူ့ဆေးရုံတွင် သီတဂူဆရာတော်အရှင်ဥာဏိဿရကလာရောက်ကြည့်ရှုစဉ်
မုံရွာမြို့၊ ရွှေစည်းခုံဘုရား၊ တင်ဝင်းထွန်း ဓမ္မဗိမ္မာန်မှာ နေ့လည် ၂နာရီလောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာအပါး ၂ဝကို ဖိတ်ကြားခဲ့ပေမယ့် သံဃာအနည်းအကျဉ်းသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေကို တောင်းပန်တာမျိုးမဟုတ်တဲ့အတွက် အခြေအနေတွေကို ပိုမိုဆိုးရွားသွားစေတယ်လို့ မနေ့က မန္တလေးသံဃာတော် ထိုင်သပိတ်ပွဲကို ဦးဆောင်ခဲ့တဲ့ ဓမ္မိကာရာမကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက ဝေဖန်မိန့်ကြားပါတယ်။ သြဝါဒခံယူပွဲအပြီးမှာ ဖိတ်ကြားခံရတဲ့ ဆရာတော်တွေကို အာဏာပိုင်တွေက သင်္ကန်းဆပ်ကပ် လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
မနေ့ကဆိုရင် မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုကြောင့် အာဏာပိုင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေရရှိခဲ့တဲ့ ရဟန်းသံဃာတော်တွေကို နာမည်ကျော် သီတဂူဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရက သွားရောက်တွေ့ဆုံပြီး ငွေကြေးလှူဒါန်းခဲ့ပါတယ်။
မုံရွာဆေးရုံမှာ မြင်တွေ့ခဲ့ရတဲ့ သံဃာတော်တွေဟာ မီးလောင်ဗုံးထိမှန်ထားတဲ့ ဒဏ်ရာတွေအပြင် အက်ဆစ်လို ရေတွေနဲ့ ပက်ဖျန်းခံရတဲ့ ဒဏ်ရာတွေကလည်း တွေ့ခဲ့ရတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
သီတဂူဆရာတော် အရှင်ဥာဏိဿရကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က လျှောက်ထား မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
No comments:
Post a Comment