ရန်ကုန် ဆန္ဒပြပွဲ အစိုးရ ဘက်မှ အဖမ်းအဆီးရှိ
ရွှေဟင်္သာသတင်းဌာန. ၃ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- လက်ပန်းတောင် ကြေးနီ စီမံကိန်းရှိ သပိတ် စခန်း များကို အစိုးရ အာဏာပိုင်များမှ အင်အားသုံး ဖြိုခွင်း ခဲ့ခြင်း အပေါ် မကျေ နပ်၍ ယခု ရက်ပိုင်း အတွင်း ရန်ကုန် မြို့၌ ဖြစ်ပေါ် ခဲ့သော ဆန္ဒပြပွဲ များတွင် လူပုဂ္ဂိုလ်များ အပါအဝင် သံဃာတော် များအား အဖမ်းအဆီး များရှိကြောင်း သိရှိ ရသည်။
နောက်ဆုံး ဆန္ဒပြပွဲ ဒီဇင်ဘာလ (၂) ရက်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ချီတက် ဆန္ဒပြ နေသူ များထဲမှ ကိုမိုဃ်းသွေး နှင့် ကိုအောင်စိုး တို့ နှစ်ဦးအား ရွှေဂုံတိုင် ဗံဒါပင် မှတ်တိုင်တွင် လုံခြုံရေး ရဲများမှ ဝင်ရောက် ဖမ်းဆီး သွားခဲ့သည်။ ၄င်းတို့ နှစ်ဦးအား အာဏာပိုင် များမှ ပုဒ်မ ၃၉/၁၂ ၊ ၅၀၅ (ခ) ၊ ၅၀၀ ၊ ၃၇၃/ ၁၂ တို့ဖြင်း ဖမ်းဆီးခြင်း ဖြစ်ကြောင်း အာဏာပိုင် များမှ ဆိုပါသည်။
ထို့မတိုင်မီ ဒီဇင်ဘာလ (၁) ရက်နေ့ ၌လည်း မြေနီကုန်းမှ စတင်ကာ တရုတ် သံရုံးသို့ သွားရောက် ဆန္ဒပြ ခဲ့ကြသည့် ရက်နေ့ ၌လည်း သံဃာတော် အပါး (၂၀) ခန့်အား ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီး ကားဖြင့် တင်ဆောင်ကာ ကမ္ဘာအေးသို့ ပို့ဆောင် ခဲ့သည်ဟု အမည် မဖော်လိုသည့် ဆန္ဒပြပွဲ ခေါင်းဆောင် တစ်ဦးမှ ဆိုပါသည်။
“အပါး ၂၀ လောက် ရှိပါတယ်၊ သူတို့က ဆန္ဒပြဖို့ အလာမှာ လမ်းမှာ ဖြတ်ဖမ်း ပြီး အချုပ်ကားနဲ့ တင်သွားပြီး ကမ္ဘာအေးထဲ ကို ပို့လိုက်တာ၊ လမ်းကြောင်း ပြောင်းလိုက်တဲ့ သဘောပေါ့၊ ကမ္ဘာအေးကို ပို့လိုက်တယ် ဆိုတာက သံဃာ့ မဟာနာယက ဆရာတော် တွေဆီကို အပ်လိုက်တယ် ဆိုတဲ့ သဘောပေါ့၊ အဲဒီ နောက်ထပ်တော့ ဘာသံမှ မကြားရ သေးဘူး” ဟု အမည် မဖော် လိုသည့် ဆန္ဒပြပွဲ ခေါင်းဆောင် တစ်ဦးမှ ဆိုပါသည်။
ထို့ပြင် ဆန္ဒပြပွဲကို ဦးဆောင် ဦးရွက် ပြုသူ များကိုလည်းနယ်မြေခံ ရဲစခန်း များက ဆင့်ခေါ် စာများပေးပို့ကာ စစ်ဆေး မေးမြန်းရန် အတွက်လည်း ဆင့်ခေါ် ထားပါသည်။
ဆန္ဒပြပွဲ စီစဉ် သူများက ယခု လောလော ဆယ်၌ ငြိမ်သက် နေအုံးမည် ဖြစ်ကာ စနစ်တကျ ပြန်လည် ပြင်ဆင်ကာ ထပ်မံ၍ ဆန္ဒပြ သွားကြရန် စီစဉ် လျက်ရှိပြီး အခြေအနေ များကို အကဲခတ်နေဆဲ ဖြစ်သည်ဟု ၄င်းမှ ဆိုပါသည်။ အထူးသဖြင့် ဦးပိုင် ကုမ္ပဏီမှ တုန့်ပြန်ချက် များနှင့် တရုတ် သံရုံးမှ တုံ့ပြန်ချက်များကို အခဲခတ် စောင့်ကြည့် နေသည်ဟု သိရှိ ရပါသည်။
“မန္တလေးနဲ့ သံပြိုင် ဆင်တာ ဒါပေမဲ့ ရန်ကုန် မြေလေ၊ ဒါပေမယ့် ကျွှန်တော်တို့ ပထမ ဆုံး ခြေလှမ်းက ဦးပိုင်ဆီ ရောက်တယ်၊ နောက်တစ်ရက်က မြေနီကုန်း ပွဲတုန်း ကလည်း ကျွှန်တော်တို့ တရုတ် သံရုံးကို ရောက်အောင် ချီတက် နိုင်ခဲ့တယ်။ နောက်ထပ်လည်း သံရုံးနဲ့ ဦးပိုင်ကို အင်အားနဲ့ ထပ်ချဖို့ ရှိတယ်။ ဟိုနေ့က ရုံးပိတ် နေလို့ ရုံးဖွင့် တဲ့နေ့ တစ်ရက်ရက်မှာ ထပ်ပြဖို့ ရှိပါတယ်” ဟု ဆန္ဒပြပွဲ ခေါင်းဆောင် တစ်ဦးမှ ဆိုပါသည်။
သပိတ် စခန်းများ အကြမ်းဖက် ဖြိုခွင်း ခဲ့ခြင်း ဖြစ်စဉ်အား စုံစမ်း စစ်ဆေး နိုင်ရန် အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမိန့် ကြေငြာချက် အမှတ် ၉၂/၂၀၁၂ ဖြင့် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖွဲ့ ဦးဆောင်သည့် အဖွဲ့ဝင် (၂၉) ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မီရှင် တစ်ရပ်ကို ဒီဇင်ဘာလ (၁) ရက်နေ့၌ ဖွဲ့စည်း ပေးခဲ့သည်။
ထိုစုံစမ်း စစ်ဆေးရေး ကော်မီရှင်၌ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ ပါဝင်သည်ဟု အမိန့် ကြေငြာ စာ၌ ပါရှိပြီး နာရီပိုင်း အတွင်းပင် ၈၈ မျိုးဆက် ကျောင်းသား များမှ ၄င်း ကော်မရှင်၌ ပါဝင် လိုခြင်း ဆန္ဒ မရှိကြောင်း တုန့်ပြန်၍ ကြေငြာချက် တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာ အတွင်းရှိ သပိတ်စခန်း များကို မြန်မာ အစိုးရ အာဏာပိုင် များမှ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် အကြမ်းဖက် ဖြိုခွင်း ခဲ့ခြင်းကြောင့် သံဃာတော် များနှင့် လူပုဂ္ဂိုလ် အများ အပြား ဒဏ်ရာ ရရှိ ထားပြီး မုံရွာ ဆေးရုံနှင့် နီးစပ်ရာ များ၌ ဆေးဝါး ကုသမှု ခံယူ လျက် ရှိကြသည်။ အများစုမှာ မီးလောင် ဒဏ်ရာများ ဖြစ်ကြသည်။
Written by ရွှေဟသာင်္သတင်းဌာန
No comments:
Post a Comment