မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေသော သံဃာတော်များ
အစိုးရမှ ဥပဒေနှင့်အညီ လုပ်ဆောင်ကြောင်း ကြေညာချက်
ပယ်ဖျက်ပြီးနောက် သပိတ်စခန်းများ အား နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေး
နည်းစနစ်အတိုင်း သာ ဆောင် ရွက်ခဲ့ကြောင်း မြန်မာနိုင် ငံရဲတပ်ဖွဲ့က
ခုခံပြောကြားမှုကို နိုဝင်ဘာလ ၃၀ ရက် ညသတင်းများ အပြီး၌
နိုင်ငံပိုင်မီဒီယာများတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သူရသွင်ကိုကိုက နိုဝင်ဘာလ ၂၉
ရက်နေ့ နံနက် ၃ နာရီတွင် သပိတ်စခန်းများကို ဖြိုခွင်းခဲ့ခြင်းသည်
မလွှဲမရှောင်သာဘဲ လုပ်ဆောင် ခဲ့ခြင်း သာဖြစ်ကြောင်းနှင့် နိုင်ငံတကာ
အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်များအတိုင်း သာ ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း
နိုင်ငံပိုင်မီဒီယာများနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ အကြိမ်ကြိမ်အသံချဲ့စက်များဖြင့် သက်ဆိုင်ရာ
သပိတ်စခန်းများမှာ အသိပေးကြေညာပြီး ဆောင်ရွက်ခဲ့သော်လည်း ၂၉ ရက်နေ့
သုံးနာရီမှာတော့ မည်သည့်နည်းနှင့်မှ ထွက်ခွာနိုင်သည့် အနေအထားမှာ
မရှိတဲ့အတွက် ထပ်မံအသိပေး မေတ္တာရပ်ခံပြီးတော့ မလွှဲသာမရှောင်သာဘဲ ၃ နာရီမှာ
သပိတ်စခန်းလေးခုကို ကျွန်တော်တို့ နိုင်ငံတကာစံချိန်စံညွှန်များဖြင့်
ခွင့်ပြုထားတဲ့အတိုင်းပဲ မီးသတ်ပိုက်များဖြင့် ဖြိုခွဲခြင်း၊
မျက်ရည်ယိုဗုံးသုံးခြင်း၊ မီးခိုးဗုံးသုံးခြင်းများကို မလွှဲသာမရှောင်သာဘဲ
ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရပါတယ်။ အဲလိုဆောင်ရွက်ခဲ့တဲ့ နေရာမှာ
အင်အားကိုလည်း အတတ်နိုင်ဆုံး အသင့်အတင့်သာ သုံးခဲ့ကြောင်း တွေ့ရှိရပါတယ်”
ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံပိုင်မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများတွင်
မုံရွာပြည်သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်၊ ခွဲစိတ်အထူးကု
ဆရာဝန်ကြီး ဒေါက်တာလှဘုန်းနှင့် မှုခင်းဆရာဝန်ကြီး
ဒေါက်တာဌေးတင်ချစ်တို့လည်း ပါဝင်ခဲ့ပြီး မီးလောင်ဒဏ်ရာများမှာ
သာမန်မီးလောင်မှုများသာဖြစ်ပြီး နိုင်လွန်သင်္ကန်း၊ ပလတ်စတစ်စသည့် ပစ္စည်းများ
မီးလောင်ပြီး ခန္ဓာကိုယ်ပေါ် ကျသည့်အတွက်သာ အကွက်လိုက်လောင်ကွက်များ
ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့သည်။
ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာလှဘုန်းက “အဲဒီနေ့မနက်
ကျွန်တော်တာဝန်ကျတဲ့အချိန်မှာ ရဟန်းသံဃာတွေ ခွဲစိတ်ဆောင်ကို ရောက်လာပါတယ်။
ရောက်ရှိလာတဲ့ အများစုဟာ မီးလောင်တဲ့ဒဏ်ရာတွေ ချည်းပါပဲ၊ လူနာတွေကို
စစ်ဆေးရာမှာ သာမန်မီးလောင်မှု ဒဏ်ရာတွေအဖြစ် မြင်တွေ့ခဲ့ရပါတယ်။
မီးလောင်ခံရတဲ့အကွက်တွေမှာ ပလတ်စတစ်အစနဲ့ ချည်ထည်မဟုတ်တဲ့
နိုင်လွန်သင်္ကန်းစတွေ မီးနဲ့ထိတွေ့ပြီး သံဃာတော်တွေရဲ့ အရေပြားကို
ထိကပ်ခံရပြီး မပြင်းထန်တဲ့ အနာပေါက်တချို့ ရှိခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက အတွင်းလူနာတွေအဖြစ် အထူးအစီအစဉ် တစ်ရပ်အနေနဲ့
ကြပ်မတ်ကုသ ဆောင်ရွက်လျက်ရှိပါတယ်။ အချိန်ပြည့်ကုသပေးလျက် ရှိပါတယ်” ဟု
ပြောကြားသည်။
“ပြင်လိုက် အပေါ်ယံမီးလောင်တဲ့ ဒဏ်ရာတွေကို သုံးသပ်တဲ့အခါမှာ
ပုံမှန်မီးစွဲလောင်လို့ရတဲ့ ဒဏ်ရာအမျိုးအစား ဖြစ်ပါတယ်။ အကွက်လိုက်၊
ဧရိယာအလိုက် အသေးလေးတွေမှာ အနည်းငယ်နက်တဲ့ ဒဏ်ရာအမျိုးအစားလေးတွေလည်း
တွေ့ရပါတယ်။ ဒါတွေကလည်း ပူပြီးတော့ မီးလောင်နေတဲ့ အရာဝတ္ထုပစ္စည်းတွေ
ခန္ဓာကိုယ်နဲ့ထိကပ်ရင်၊ ခန္ဓာကိုယ်ပေါ်ကျရင် ရနိုင်တဲ့ ဒဏ်ရာအမျိုး အစားတွေ
ဖြစ်ပါတယ်” ဟု မှုခင်းဆရာဝန်ကြီး ဒေါက်တာဌေးတင်ချစ်က ပြောကြားခဲ့သည်။
“ စီအန်ဗုံးတွေသုံးရင် ထိပြီးရင် ကပ်သွားတယ်။ ကပ်ပြီးရင် မီးလောင်တယ်။
သူက ပြင်းအားအများကြီး သုံးလိုက်လို့ရတယ်။ ပါဝင်တဲ့ပစ္စည်းကို
ပြင်းအားအများကြီးသုံးရင် များသလောက် မီးလောင်ဘုတွေလို ဖြစ်တယ်။
မီးလောင်နိုင်တာပဲ။ အဲဒါအပြင် Benzene ကိုသုံးရင် ဒီတိုနေတာလို
မီးလောင်နိုင်တဲ့ပစ္စည်းကို ထည့်လိုက်ရင် မီးလောင်တဲ့ Petroleum Jelly
လိုမျိုး ထည့်ထားရင် အသားမှာ ကပ်သွားတယ်။ လောင်ရင် ခွာလို့မရဘူး။
အပေါ်ကအရေပြား လောင်သွားတာပေါ့။ ဆရာဝန်ကြီးတွေ သိပါတယ်။ ဒီအရေပြားက
ဘယ်တော့မှ ပြန်ပြီးလုပ်လို့မရတော့ဘူး။ မီးခိုးဗုံးရော၊
မျက်ရည်ယိုဗုံးကြောင့်ရောကတော့ မီးမလောင်နိုင်ဘူး။ မီးခိုးဗုံးမှာတော့
ထည့်တဲ့ပစ္စည်းက ဘာတွေထည့်ထားလဲဆိုတာ သူမပြောဘူးလေ။ နောက်တစ်မျိုးက
စီအန်ဘီဆိုပြီးတော့ ရှိတယ်။ အဲဒီစီအန်ဘီကလည်း မျက်ရည်ယိုဗုံးပဲ။ ဒါပေမယ့်
ပြင်းပြင်းထန်ထန် ဖြစ်စေတယ်။ မျက်ရည်ယိုဗုံးက သွားရင်
မီးခိုးအနောက်ကထွက်ပြီး ခုန်ခုန်သွားတယ်။ မီးလောင်တဲ့ဟာ တစ်ခါမှမဖြစ်ဘူး။
ဒီဟာကို သေသေချာချာ Analysis လုပ်လိုက်မှ သိမှာပေါ့။ အခုက အနံ့လည်း
မထွက်ဘူး။ ဘယ်သူမှလည်း မျက်ရည်မယိုဘူးဆိုတော့ တစ်မျိုးကြီးဖြစ်နေတယ်” ဟု
အင်္ဂလန်နိုင်ငံ၊ ဆဲလ် ဖို့ဒ်တက္ကသိုလ်မှ ဓာတုဗေဒ ဒေါက်တာဘွဲ့ရခဲ့သူ
ဒေါက်တာခင်မောင်ညိုက ပြောပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများကို
နိုဝင်ဘာလ ၂၉ ရက် နေ့နံနက် ၃ နာရီ အချိန်မှစတင်၍ လုံခြုံရေးရဲတပ်ဖွဲ့မှ
မီးသတ်ပိုက်များ၊ မီးလောင်ဗုံးများအသုံးပြု၍ လူစုဖြိုခွဲခဲ့သောကြောင့်
သံဃာတော်များ အပါအဝင် ရာဂဏန်းဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ယင်းနေ့ညနေပိုင်းတွင်
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွင်းပုဒ်မ ၁၄၄ ထုတ်ပြန်ကြေညာထားသည်ကို
သိရှိလျက် သပိတ်စခန်းများဖွင့်ခြင်း၊ စီမံကိန်းပျက်ပြားစေရန်
ဆောင်ရွက်ခြင်း၊ စီမံကိန်းထောက်ပံ့ရေးစနစ်များကို ဖျက်ဆီးခြင်း၊
ဝန်ထမ်းများကို အနှောင့်အယှက်ပေးခြင်းတို့ဖြင့် ဥပဒေနှင့်မညီစွာ
လူစုလူဝေးနှင့် ဆူပူဆန္ဒပြလာခဲ့ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းသည်
တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်၏ အကျိုးစီးပွားနှင့်
အများပြည်သူတို့၏ အကျိုးစီးပွားအား ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်
ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်ဖြင့်
သတင်းထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်ကို နာရီပိုင်းအတွင်း
ပြန်လည်ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။ |
ဖင်ပိတ်ငြင်းတယ်ဆိုတာ ဒါမျိုးပေါ့ဗျာ။ ခင်ဗျားတို့ဆိုလိုတဲ့မျက်ရည်ယိုဗုံးဆိုတာက မီးလောင်ပြီးနာလွန်းလို့ မျက်ရည်ယိုတာကိုဆိုလိုတာလား။ ဒါမှမဟုတ် ဆရာအော်ပီကျယ် ကာတွန်းထဲကလို သံဃာတော်တွေမီးသင့်တဲ့ဒီသတင်းဖတ်ရ၊ကြည့်ရပြီး တစ်နိုင်ငံလုံးဝမ်းနည်းလို့မျက်ရည်ယိုတာကိုဆိုလိုတာလား။ မျက်ရည်ယိုဗုံးသုံးလို့ မီးလောင်ကုန်တယ်ဆိုတာ ဘယ်တိုင်းပြည်ရဲ့ဘယ်ခေတ်မှာမှမကြားခဲ့၊ မသိခဲ့၊ မကြုံခဲ့ကြဖူးပါဘူးဗျာ။ လိမ်မယ်ဆိုရင်လည်း ယုတ္တိတန်တဲ့ ဖြီးလုံးလေးတွေထုတ်ကြပါဦး။ ခင်ဗျားတို့ ဦးဏှောက်အဆင့်က ဒီလောက်ပဲရှိလား။
Thein Sein’s government is just a puppet government and democracy in Burma is just dream.
ဒီိလိုပဲ မြင်ပါတယ်...
ဒီလူတစ်စုဟာ လူ့အရေ ခြုံထားသော တိရိစ္ဆာန်တစ်စု ဖြစ်တယ်ဆိုတာ ပြောစရာမလိုလောက်တော့ပါဘူး...
မြန်မာနိုင်ငံလူဦးရေဟာ သန်း၅၀ ရှိတယ်ထား၊
၅ သိန်းထက်ပိုပြီးမရင်းရပါဘူး၊
နိုင်ငံတော်အတွက် ဒီတိရိစ္ဆာန်တွေကို တိုက်ခိုက်ဖို့ အချိန်တန်ပြီ လို့ ယူဆပါတယ်...
သွေးစည်းကြပါစို့ နိုင်ငံသားတို့..............
နောင်ဆိုရင် အကာအကွယ်ပေးရမဲ့အစား
အကာအကွယ်ယူသွားတဲ့. ပုထုဇဉ်များကို
အထူးရှောင်ကျင်သင့်ကြောင်းပါဘုရား။။
အမျိုးပါ ဆဲချင်ပေါ့လေး။"
ပြည်သူရဲ့ ဒေါသကို ဆွပေးနေတယ်လို့ပဲ မြင်ပါတယ်။
သူခိုးကတော့ ဘယ်တော့မှ ခိုးတယ်လို့ ဝန်ခံမှာ မဟုတ်ပါဘူး။
ခင်ဗျားတို့ မှန်တယ်ထင်ရင် အစစ်ခံရဲရမှာပေါ့။ နိုင်ငံတကာမှ ကျွမ်းကျင်သူအဖွဲ့ လာရောက်စစ်ဆေးခွင့်ပြုဖို့ တောင်းဆိုပါတယ်။
သူတို့အားလုံး ပြောသမျှ၊ ရေးသမျှ မှတ်တမ်းတင် ထားပါ။
တချိန် နိုင်ငံတကာ စစ်ခုံရုံး ရောက်ရမှာပါ။
မိုးက အမြဲ မကောင်းနိုင်ပါဘူးဗျာ။
ဒါဆိုရင် ဘာလို့ မုံရွာဆေးရုံမှာ ဆက်မကုသဘဲ (ဆက်လဲ မကုတတ်တော့ပါ)မန္တလေးဆေးရုံကို ပြောင်းရွှေ့ပြီး ဆေး ဆက်ကုရတာလဲ။ ခင်ဗျားတို့ ပြောပုံအရဆို သာမန် မီးလောက်ဒဏ်ရာဆို... အဲဒီလောက် လေးတောင် ခင်ဗျားတို့ မကုနိုင်ဘူးလား။ မကုနိုင်လို့ပဲ မကုတတ်လို့ပဲ မန္တလေးကို လူနာတွေ ပို့လိုက်ရတာပဲ မဟုတ်လား။ အဲဒီတည်းက ရှင်းနေပြီ။ ဒီဒဏ်ရာတွေဟာ သာမန် ဒဏ်ရာ လုံးဝကို မဟုတ်လို့ပဲ။
မုံရွာ၊ဒီဇင်ဘာလ ၂။
ယမန်နေ့က အာဏာပိုင်များ၏ တောင်းပန်ခြင်းခံခဲ့ရသောသံဃာတော်ကြီး
များသည်၎င်းတို့ အနေဖြင့် အကျိုးအကြောင်းမသိရဘဲပင့်ဖိတ်ခံရခြင်းဖြစ်ပြီး အဆိုပါ ကိစ္စနှင့်ဆက်လျဉ်း၍ သံဃာတော်များအကြား လှုပ်ခတ်မှုများရှိနေ
ကြောင်း ပဇ္ဇောတာရုံကျောင်းတိုက်ထံမှသိရသည်။
မုံရွာမြို့ ရွှေစည်းခုံဘုရားတွင် လက်ပံတောင်းတောင်အကြမ်းဖက်မှုနှင့် ပက်သက်၍အာဏာပိုင်များက သံဃာတော်ကြီးများကို ပင့်ဖိတ်၍တောင်းပန်
ခဲ့ကြောင်းသိရပြီး အဆိုပါကိစ္စနှင့် ပက်သက်၍သံဃာတော်ကြီးများအနေဖြင့် ပင့်ဖိတ်သည့်အကြောင်းအရင်းများကို ပြောကြား၍ ပင့်ဖိတ်ခဲ့ခြင်းမဟုတ်
ကြောင်းကို ပဇ္ဇောတာရုံကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် နီးစပ်သူတစ်ဦး
ကဆိုသည်။
"ဒီအကြောင်းကိုသိရင်လိုက်မသွားဘူး၊သြ၀ါဒခံယူပွဲမှာလည်း ၀ိနည်းလွတ်
အောင်မနည်းပြောခဲ့ရတယ်၊ဒီကိစ္စနဲ့ပါတ်သက်လို့အတော်စိတ်မကောင်းဖြစ်ရတယ်" ဟု ပဇ္ဇောတာရုံကျောင်းတိုက်မှ လက်ထောက်ဆရာတော်ကြီး ဦးဇောတိပါလ ကမိန့်ကြားခဲ့ကြောင်း အဆိုပါနီးစပ်သူကပြောသည်။၊
"ဒါတွေနဲ့ပက်သက်လို့လိုက်သွားမိတဲ့ ဆရာတော်တွေ စိတ်မကောင်းဖြစ်
နေတယ်၊ဘာမှမပြောဘဲနဲ့ပင့်ဖိတ်သွားတာ၊အင်တာနက်မှာလှူဒါန်းတဲ့ပုံတွေကြောင့်လည်းသံဃာတော်တွေကြားထဲမှာ လှုပ်ခက်မှုဖြစ်နေတယ်" ဟု ၄င်းကဆိုသည်။
မုံရွာမြို့ရှိ လူအများလေးစားရသော ဆရာတော်၊သံဃာတော်အပါး(၂၀)အား အကျိုးအကြောင်း တစ်စုံတစ်ရာပြောကြားခြင်းမရှိဘဲ ပင့်ဖိတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသြ၀ါဒခံယူပွဲသို့ သံဃာတော်ကြီး ၁၀ ပါးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။
"ရဲတွေက အပြောတခြားအလုပ်တခြား စပြောတာက တောင်းပန်ပွဲဆိုပြီး လုပ်တယ်နောက်ပိုင်းကြတော့ သြ၀ါဒခံယူပွဲဆိုပြီးစာထွက်တယ်၊
ဆရာတော်တွေက မလိမ့်တစ်ပါတ်လုပ်ခံရတယ်။မုံရွာမြို့ရဲ့လေးစားရတဲ့ ဆရာတော်ကြီးတွေကို ဒီလိုလုပ်တယ်ဆိုတာမကောင်းပါဘူး" ဇီးတောရွာ
၊စံပြ၀တီကျောင်းတိုက်မှ ဆရာတော်ဦးအာလောက မိန့်သည်။
မုံရွာမြို့ရှိ သံဃာတော်များ၊ရပ်မိရပ်ဖများက တောင်းပန်ရုံနှင့် မကျေနပ်နိုင်ကြောင်း
ဆရာတော်ဦးအာလောက ကထပ်မံမိန့်ဆိုခဲ့ပြီး "လက်ရှိဖြစ်ခဲ့တဲ့ကိစ္စမှာ သံဃာအများ
စုခံခဲ့ရတယ်၊ဒီလိုလေးတောင်းပန်လိုက်ရုံနဲ့ ကျေနပ်လိုက်ရမယ့်အဆင့်လား၊
တချို့သံဃာတွေဆို ဆေးရုံကမဆင်းနိုင်သေးဘူး" ဟုထပ်မံမိန့်ကြားသည်။
"ကျွန်တော်တို့လေးစားရတဲ့ ဆရာတော်ကြီးတွေကို ဂိုဏ်းကွဲအောင်လုပ်တဲ့
ပွဲလို့ပဲထင်တယ်၊သြ၀ါဒခံယူပွဲမှာ သူတို့ဘက်က မှားပါတယ်ဆိုတာကို လုံးဝထုတ်ဖော်မပြဘူး၊တောင်းပန်ရုံနဲ့တော့ ပြည်သူတွေက ကျေနပ်နိုင်ဘူး၊ဦးဆောင်မဲူ့သူရှိရင်တော့ နောက်ကနေလိုက်ဖို့ အဆင်သင့်ဘဲ" ဟု မုံရွာမြို့
ခံတစ်ဦးက ပြောကြားသည်။
ယမန်နေ့ညက မုံရွာဆေးရုံကြီးမှ မီးလောင်ဓဏ်ရာရ သံဃာတော် ၂၄ ပါးအားမန္တလေးဆေးရုံကြီး သို့ပြောင်းရွှေ့ ကုသမှုများ ပြုလုပ်လျက်
ရှိကြောင်း သိရသည်။
ရန်ကုန်၊မန္တလေးနှင့် ပခုက္ကူ မြို့နယ်များရှိ သံဃာတော်များကလည်း လက်ပံ
တောင်းတောင် အကြမ်းဖက်မှုနှင့် ပက်သက်၍ ကျေနပ်မှုမရှိကြောင်းနှင့် အဆိုပါအကြမ်းဖက်မှုအား သံဃာတော်များက ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား ၍ စောင့်ကြည့်သွားမည်ဖြစ်ပြီးစိတ်ကျေနပ်စေရန် ပြုလုပ်မှုများမရှိပါက နိုင်ငံအ၀ှမ်းရှိ သံဃာတော်များဆန္ဒထုတ်ဖော်ပြမည်ဟု ကြေညာချက်များထုတ်
ပြန်ထားသည်။
ယခု ကာချုပ်လက်ထက်တွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများ (အရာရှိများသာ) အနေဖြင့် ဦးပိုင်တွင် ငွေကြေးရင်းနှီးမြုပ်နှံခွင့် (တနည်းအားဖြင့် ရှယ်ယာဝင်ခွင့်)ပြုထားသည်ဟု ကြားသိရပါသည်။
ရှယ်ယာဝင်ထားသည့် အတွက် (၁)နှစ် တစ်ကြိမ် အကျိုးအမြတ် ထုတ်ပေးသည်။ သို့သော် အံ့သြဖို့ကောင်းလွန်းတာက ၃၀ (သုံးဆယ်) ရာခိုင်နှုန်း အမြတ်ပေးသည် ဆိုတာပါပဲ။ (၁)နှစ်ကို ၃၀ ရာခိုင်နှုန်းဆိုတာကတော့ တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒါပေမယ့် တကယ်ပေးတာပါ။ လက်ရှိအချိန်မှာ ဗိုလ်ချုပ်တွေအနေနဲ့ ဘဏ်တိုးထက်တောင် ကိုက်နေတဲ့အပြင် - အပေါင်ထားပြီး ဘဏ်ကနေငွေချေး ဦးပိုင်ထဲ ရှယ်ယာထည့် (၁) နှစ် ပြည့်လို့ အမြတ်ဝေစုထုတ်ရင် ပွပြီလေ။ ဘဏ်ချေးငွေအတိုးနှုန်းက (၁)နှစ်မှ ၁၃ ရာခိုင်နှုန်းပဲရှိတာ။ ဦးပိုင်က ပြန်ရရင် ၃၀ ရာခိုင်နှုန်းဆိုတော့ ၁၇ ရာခိုင်နှုန်းလောက်ကို သပိတ်ဝင် အိပ်ဝင်ပဲ။
ကြည့်ရတာတော့ တပ်မတော်ထဲက လက်ရှိ အရာရှိကြီးတွေကို တစ်ဖက်လှည့်နဲ့ နှစ်သိမ့်စည်းရုံးထားတဲ့ သဘောပဲ။
တချို့တွေဆို ၆လ ပြည့်တာနဲ့တင် အမြတ်ဝေစု ထုတ်လို့ရတယ်လို့တောင် ကြားတယ်။
ဘာလုပ်ငန်းတွေ လုပ်ပြီး ဘယ်လိုလုပ် ၃၀ ရာခိုင်နှုန်းတောင် အမြတ်ဝေစု ထုတ်ပေးနီုင်သလဲဆိုတာတော့ ......
နိုင်ငံပိုင် မီဒီယာတွေဆိုတာက အစိုးရလုပ်သမျှကို ကာကွယ်ဖို.အတွက် အဖြစ်မှန်ကို ထိမ်ချန်၊ သတင်းမှား သတင်းလိမ်တွေကို အမြဲထုတ်လွင့်နေကြပဲလေ။ ဟိုအရင်ကတည်းက ခုထိပါပဲ။ မြန်မာဘောလုံးအသင်းရှုံးရင်တောင် သတင်းမှာ မထည့်ဘူးလေ။ အဲဒီကတည်းက ဒီကောင်တွေရဲ. စိတ်ဓာတ်ကို မှန်းကြည့်လို.ရတယ်။ အခုလည်း သူတို.တတ်နိုင်သမျှ အဖြစ်မှန်တွေကို ဖုံးဖိကြ၊လိမ်ကြဦးမှာပါပဲ။ ခွေးမြီးကောက် ကျည်တောက်စွပ်ပါပဲ။
(စာဖတ်သူများ တောင်းပန်ပါတယ်)
လက်ရှိအစိုးရ ကို လုံးဝ (လုံးဝ) အယုံကြည်မရှိတော့ါပ။ ဒါကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ၆ လတွင်း ခေါ်ပေးပါ။
ကျွန်တော်လဲအရမ်းသိချင်ပါတယ်။ဘာသဘောနဲ့အခုလိုလူမဆန်လုပ်တာလဲလို့....
လက်ရှိအစိုးရကို အယုံအကြည်မရှိ အဆို တင်သွင်းပါတယ်...
ရဟန်းသံဃာတွေဆီကိုသွားရောက်တောင်းပန်၊
လိုအပ်တဲ့ဆေးဝါးကုသမှုကိုအစအဆုံးတာဝန်ယူပါ့မယ်ပြည်သူများကျေနပ်တဲ့အထိစုံစမ်းစစ်ဆေးပြီးလိုအပ်တဲ့အရေးယူမှုကို
ထိရောက်စွာဆောင်ရွက်ပါ့မယ်လို့ နိုင်ငံတော်သမ္မတလို့ကိုယ့်ကိုယ်ကိုပြောတဲ့သူကတိုင်းပြည်ကိုကြေငြာ မှတရားနည်းလမ်းကျမှာပေါ့။
ခုကအမိန့်ပေးတဲ့လူကတစ်ယောက်၊လုပ်တဲ့သူကတစ်ယောက်လာတောင်းပန်(သူတို့အပြော)ကတစ်ယောက်ပြီးတော့ကိုယ့်ကိုယ်ကိုလဲမှားကြောင်းမ၀န်ခံတဲ့အပြင်ထမင်းရေပူလျှာလွှဲလျှောက်ပြောနေတာတွေကိုပြည်သူတွေကယုံမယ်လို့ထင်နေရင်မှားသွားလိမ့်မယ်
အခုနောက်ပိုင်းသတင်းစာကို၂၀၁၀ အရှေ့ပိုင်းကပုံစံနဲ့ဘဲမြင်လာလို့ဖတ်ကိုမဖတ်တော့ဘူး၊
ဆရာဝန်လဲလိမ်၊ရဲလဲလိမ်၊ပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့လူလဲလိမ်၊ ဒါလောက်မျက်စိနဲ့တပ်အပ်မြင်နေကြားနေရတာ ကို လိမ်နေတာဟာပြည်သူလူထုကိုဒေါသဆွပေးနေတာနဲ့တူတူဘဲ.
သတင်းထောက်အတင်းလိုက်မေးရတဲ့တောင်းပန်တယ်လို့ပြောတဲ့ရဲမင်းကြီးဆိုသူရဲ့မျက်နှာနဲ့အမူအရာကိုမြင်ရရင်အားလုံး
သဘောပေါက်မှာပါ
https://www.facebook.com/photo.php?v=418395671560422
အဲဒီဗုံးတွေဟာ ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေ့ သုံးစွဲဖူးတဲ့ အတွေ့အကြုံမရှိသဖြင့်
အဲသလိုလဲ ပြောစရာ အကြောင်းပြစရာ အကြောင်းမရှိပါ...
အဲသလို အကြောင်းပြခဲ့ရင်လဲ
သုံးစွဲဖူးတဲ့ အတွေ့အကြုံမရှိတဲ့ ဗုံးလက်နှက်တွေနဲ့ ကြုံလာရင် ကိုယ့် မယားကို ကိုယ် အရင်လက်တည့်စမ်းပီး ပစ်ကြည့်ပါ .....
လက်တည့်စမ်းပီး ပစ်စရာ မယား မရှိရင်လဲ သွားပီးပျော်ပါးနေကြ နှိုက်ကလပ်က မိန်းမရွှင်တွေကို လက်တည့်စမ်းပီး ပစ်ကြည့်ပါလို့...
ပြောရမှာဘဲ....
ခုခံကာကွယ်ပြောဆိုနေလိုကတော့ ရဟန်းရှင်ပြည်သူလူထုရဲ့ အမျက်ဒေါသကို ပိုပြီး ဆွပေးနေသလို့ ဖြစ်စေပါတယ်။
နံနက်အာရုံမတက်မှီ လင်းအားကြီး ဆိုတာ ထည့်ပြောဘို့ မေ့သွား သလား ဂေါဏ ရဲ့....
ကျိန်းနေတဲ့ ရဟန်းသံဃာတော်တွေကို
မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေ မီးခိုးဗုံး အမည်ခံ မီးလောင်ဗုံး ဓါတုဗုံးတွေသုံးပီး
လင်းအားကြီး အချိန်မတော် ခိုးချောင်ခိုးဝှက် အလစ်ချောင်း တိုက်ခိုက်တဲ့
တရုပ်ကျွန်ဦးပိုင်၊ ဦးပိုင်ရဲ့သဘောက် မင်းတို့ လက်နက်ကိုင်တွေရဲ့ ရဲစွမ်း သတ္တိကို
နှိုက်ကလပ်ပျော် မိန်းမရွှင်တွေက အထူးအထင်ကြီးလေးစား နေကြပါကြောင်း ...
This is another BS.
မြန်မာလက်နက်ကိုင်တွေက မြန်မာလက်နက်မဲ့တွေကို အနိုင်ကျင့် ပီးတိုင်းပြောနေကြ
အာဏာရှင် သင်ပုန်းကြီးလာ ပြဌာန်း စကား
Quote:
နိုင်ငံတကာ ဆိုတာ တရုတ် နဲ့ မြောက်ကိုးရီးယား ကိုပြောတာပါ။
နိုင်ငံတကာမီဒီယာကိုချပြလေ။
ပညာရှင်တွေအကဲဖြတ်ပါလိမ့်မယ်၊ တခုတော့ရှိတယ် တကယ်သုံးခဲ့
တဲ့ဗုံးကိုတော့အမှန်တိုင်းပြဖို့တော့လိုမယ်။ လုပ်လိုက်လေးကြာသလားလို့
မြန်မာပြည်ရဲ့ icon(အိုင်ကွန်) ပူလင့်ဇာ ပါပဲ။ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ကတော့ အစ္စရေးတွေ့ရဲ့ သတ်ကွင်းicon(အိုင်ကွန်) အိုက်ခမန်း(ဂျာမနီ)ပါပဲ။
ရဲမှူးကြီးကလိမ်...ဆရာဝန်တွေကလိမ်...နိုင်ငံပိုင်မီဒီယာတွေကလိမ်.
မှုခင်းဆရာဝန်ကြီးကလိမ်...ဥအောင်မင်းကလိမ်...ဥသာအေးကလိမ်..စစ်ကိုင်း၇ဲမှူးကြီးက အ အ...အင်းးးးးးးးးးးးးးးကောင်းပါလေရောဗျာ...