Monday, December 3, 2012

ရွှေသံလွင်ကုမ္ပဏီမှ တရားမ၀င်စက်သုံးဆီ တင်သွင်းမှုအပေါ် ကုန်ပစ္စည်းကိုသာ အကောက်ခွန်ဥပဒေအရ အရေးယူပြီး ကုမ္ပဏီကို အရေးယူထားခြင်းမရှိ၊ ဒဏ်ကြေးတပ်ရိုက်၍ ကုန်ပစ္စည်းကို ပြန်ထုတ်ပေးမည်ဟု အကောက်ခွန် တာဝန်ရှိသူ ပြောကြား


ရွှေသံလွင်ကုမ္ပဏီမှ တရားမ၀င်စက်သုံးဆီ တင်သွင်းမှုအပေါ် ကုန်ပစ္စည်းကိုသာ အကောက်ခွန်ဥပဒေအရ အရေးယူပြီး ကုမ္ပဏီကို အရေးယူထားခြင်းမရှိ၊ ဒဏ်ကြေးတပ်ရိုက်၍ ကုန်ပစ္စည်းကို ပြန်ထုတ်ပေးမည်ဟု အကောက်ခွန် တာဝန်ရှိသူ ပြောကြား   PDF Print
Sunday, 02 December 2012 09:56
AddThis Social Bookmark Button

လစဉ် စက်သုံးဆီတင်သွင်းနေသည့် သင်္ဘောတစ်စီးအား မော်လမြိုင် ဆီတင်ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်ထားစဉ်

2ရွှေသံလွင်ကုမ္ပဏီမှ လိုင်စင်ပါ ပမာဏထက် စက်သုံးဆီများ တရားမ၀င် ပိုမိုတင်သွင်းမှုအပေါ် ကုမ္ပဏီအား အရေးယူထားခြင်း မရှိကြောင်း၊ ကုန်ပစ္စည်းများကိုသာ အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူထားသည်ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူထံမှ သတင်းရရှိသည်။

တရားမ၀င် ပိုမိုတင်ဆောင်လာသည့် စက်သုံးဆီများကိုလည်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ ဒဏ်ကြေးတပ်ရိုက်ပြီး ကုမ္ပဏီမှ ဒဏ်ကြေးကို လက်ခံသည်ဆိုပါက ဒဏ်ကြေးပေးဆောင်ကာ ပစ္စည်းအား ပြန်ထုတ်ယူခွင့်ပေးမည်ဟု သိရသည်။
အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ''လိုင်စင်ပါ ပမာဏထက် ပိုတင်သွင်းလာတဲ့ စက်သုံးဆီတွေကိုတော့ အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ အရေးယူပါတယ်။ ကုမ္ပဏီကို အရေးယူတာကတော့ ကျွန်တော်တို့ဌာနနဲ့ မဆိုင်ပါဘူး။ ပြည်ထဲရေးက အရေးယူရမယ့်အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ အပိုတင်ဆောင်လာတဲ့ ပစ္စည်းရဲ့ကုန်းပေါ်အရောက်တန်ဖိုး CIF တန်ဖိုးရဲ့ တစ်ဆ၊ နှစ်ဆ စသည်ဖြင့် တပ်ရိုက်မယ်၊ ဒါကို ကုမ္ပဏီကလက်ခံရင် ဒဏ်ကြေးပေးပြီး ပစ္စည်းပြန်ထုတ်ယူလို့ရတယ်။ အကောက်ခွန်ရဲ့ လုပ်ထုံးလုပ်နည်းအရကိုက ဒီလိုပဲလုပ်ရတာပါ။ တစ်ကယ်လို့ ဒဏ်ကြေး တပ်ရိုက်တာကို မကျေနပ်ရင် အခွန်အယူခံရုံးကို တက်နိုင်ပါတယ်။ နောက်ဆုံးပစ္စည်းကို ပြန်ရွေးမရွေး ကုမ္ပဏီကို အကြောင်းကြား၊ ကုမ္ပဏီက အတိအကျ အဖြေသိရရင် ပြန်ရွေးမယ်ဆို ရွေးပေါ့။ မဟုတ်ရင်တော့ ပစ္စည်းကို လုပ်ထုံးလုပ်နည်းအတိုင်း လေလံတင်မှာပါ''ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဥပဒေက နှစ်မျိုးရှိနေသလား။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးမှတ်တမ်းတင်ထားမှာပဲ။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ကို အရေးယူလာခဲ့မယ်၊ ဖမ်းလာခဲ့မယ်ဆိုရင် တရားရုံးမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပွားတဲ့ ဒီရွှေသံလွင်ဖြစ်စဉ်နဲ့ ထုချေမှာပဲ...
ရွှေသံလွင်ကုမ္ပဏီပိုင် သင်္ဘောသည် တရားဝင်လိုင်စင်၌ စက်သုံးဆီ ၇၅ တန်သာ စာရင်းပြထားပြီး  တစ်ကယ်တမ်း စစ်ဆေးသည့်အခါတွင် ၇၅ တန်အပြင် ၁၁၃ တန်အား တရားမ၀င် ပိုမိုတင်ဆောင်လာကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့သည်။
ဖမ်းမိပြီးနောက် ပြည်နယ်အစိုးရမှ စစ်ဆေးရေးအဖွဲ့ဖြင့် နိုဝင်ဘာလ ၈ရက်နေ့တွင် စစ်ဆေးခဲ့ကြောင်း၊ လိုင်စင်ပါ ပမာဏထက်ပိုမို၍ တင်ဆောင်လာသော စက်သုံးဆီတန်ချိန် ၁၁၃ တန်အား အကောက်ခွန်ဌာနမှ လုပ်ထုံးလုပ်နည်းအရ အရေးယူခဲ့သည်။
ထိုကဲ့သို့ စစ်ဆေးထားမှုအား နိုဝင်ဘာလ ၉ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့၊ မော်လမြိုင်သို့ ပြည်နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ တင်ပြထားခဲ့ကြောင်းလည်း သတင်းရရှိသည်။
သင်္ဘောအ၀င်အထွက်စာရင်းတွင် ရွှေသံလွင်ကုမ္ပဏီ၊ Shwe Than Hlyan အမည်ရှိ သင်္ဘောဖြင့် တင်ဆောင်လာခြင်းဖြစ်ပြီး အဆိုပါသင်္ဘောအမည်ဖြင့် တစ်လလျင် ပုံမှန်သုံးခေါက်အထိ ပြေးဆွဲတင်သွင်းခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ဆေးတွေ့ရှိမှုများအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့နှင့်အတူ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးဌာနပါ ပါဝင်စစ်ဆေးပြီး ကုမ္ပဏီအား အရေးယူမှုကို ပြည်ထဲဝန်ကြီးဌာနမှ ဆောင်ရွက်ရကြောင်း သိရသည်။
လက်ရှိအချိန်အထိ ရွှေသံလွင် ကုမ္ပဏီအား အရေးယူထားမှုနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှသာ လုပ်ထုံးလုပ်နည်းအရ ပစ္စည်းကို အရေးယူထားကြောင်း ပြောကြားသော်လည်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အရေးယူထားခြင်း ရှိ၊ မရှိ တိကျစွာ ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။
''ရွှေသံလွင်ကုမ္ပဏီကို ဒဏ်ကြေးပဲ တပ်ရိုက်တယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ ကျွန်တော်တို့လုပ်ငန်းရှင်တွေ အခွန်ရှောင်လို့ပဲဖြစ်ဖြစ်၊ တရားမ၀င်ကုန်သွယ်လို့ပဲဖြစ်ဖြစ် ဥပဒေအရ ပြင်းပြင်းထန်ထန် အခုထက်ပိုပြီး အရေးယူခံရမယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ ပြောကြရမှာပဲ။ ဥပဒေက နှစ်မျိုးရှိနေသလား။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး မှတ်တမ်းတင်ထားမှာပဲ။ နောင်တစ်ချိန်မှာ ကျွန်တော်တို့ကို အရေးယူလာခဲ့မယ်၊ ဖမ်းလာခဲ့မယ်ဆိုရင် တရားရုံးမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပွားတဲ့ ဒီရွှေသံလွင်ဖြစ်စဉ်နဲ့ ထုချေမှာပဲ'' ဟု စက်သုံးဆီအား အခွန်ပေးဆောင်ကာ တင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

Comments 

 +12 #24 toxicguy.guy 2012-12-04 07:26
နိုင်ငံတော်ကိုတော့အခွန်လျှော့ဆောင်......ပြည်သူတွေဆီဝယ်တော့အပြည့်မပေးနဲ့ ....မွဲနေပါဦးမယ် :P
 
 +6 #23 Red youth 2012-12-03 20:45
အခွန်ဥပဒေ ပြဌာန်းသည် ဆိုသည်မှာ အခွန်ရလိုမှုအတွက်သာဖြစ်သည်။အကောက်ခွန်မှ အရေးယူခြင်းသည် အခြားဌာန ပြစ်မှုများနှင့်မဆိုင်။ အခြားဥပဒေနှင့်အညီ အရေးယူပိုင်ခွင့်ရှိပါသည်။ ပြစ်မှုဆိုင်ရာ အခြားဥပဒေများအရ အရေးယူနိုင်ပါသည်။
 
 +18 #22 NyanHtet 2012-12-03 17:55
အစိုးရ အနေနဲ့ ဒီလို ဥပဒေကို ပေါ်တင် ကျူးလွန်တဲ့ ရွှေသံလွင် ကုမ္ပဏီကို နားလည်မှု ပေးနိုင်ယင်.....
မီးလောင်ဗုံးနဲ့ အဖြိုခွင်းခံခဲ့ ရတဲ့ သံဃာတွေ အပေါ်...ဆေးရုံ တံဆိပ်
တုံးထုတာတောင် ရာဇ၀တ်မှု ဆိုတဲ့ စာသားလေးကို....ဘာဖြစ်လို့
မပြင်နိုင်ရတာပါလဲ....
နိုင်ငံ အုပ်ချုပ် မင်းလုပ်တဲ့ အစိုးရ ဗုဒဘာသာဝင် စစ်စစ်များ ဟုတ်ပါသလား....
အချိန်မရွေး အသက်သေနိုင်တဲ့ သံဃာတွေကို ဒီလောက်တောင် မငဲ့ညာ နိုင်တာ ဘာကြောင့်ပါလဲ....
 
 +32 #21 AUNGSOEOO 2012-12-03 16:02
ခင်ဗျားတို့  ရဲ့ မြန်မာနိင်ငံ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ မှာ
ထမိန်စုတ်ခိုးတဲ့ သူတွေကို ထောင်ချ အရေးယူ ရန် နှင့်  ဒီဇယ် ဆီခိုးသွင်းသော သူခိုးအကြိးစားများအားအကာအကွယ် ပေးရန် လို့ များပြောင်းလဲ ထားသလား ဗျ.....သူခိုး အကြီးစားတွေ .. သ၀ှက်အကြီးစားတွေ နဲ့  ဓမြအကြီးစားတွေ ကြီးဆိုးနေသော တိုင်းပြည် ဖြစ် နေပါပြီဗျာ။။။။
 
+36 #20 Wunna Aung 2012-12-03 13:45
အခွန်ဒေါ်လာသန်းချီရှောင်ပြီးကောင်းစားနေတဲ့သူတွေကတော့ ရွေသံလွင်တို့၊ ဦးပိုင်တို့၊ အခြားခရိုနီများစွာ.....
လုပ်တော့သူတို့....အခုမိပြီ...အရင်လွှတ်ပေးခဲ့တာဒေါ်လာဘီလီယံတောင်ချီခဲ့ပြီလား။ ကောင်းစားချက်ကတော့...
ကဲအခု ဘာဥပဒေ၊ညာဥပဒေဆိုပြီ အသစ်ထွင်ဖို့လုပ်ပြန်ပြီ။....
နောက်ဆုံးတော့ခရိုနီတွေကအဲ့ဒီ့ဥပဒေတွေကိုလှည့်ပတ်ရှောင်လွဲနိုင်ကြမှာပါဘဲ။
သာမန်မိတူဆိုင်လို၊ဆံပင်ညှပ်ဆိုင်လိုအသေးစားလုပ်ငန်းတွေကျတော့ အခွန်ကထပ်ကြပ်မကွာလိုက်နေလိုက်တာ။ အမြတ်နဲ့မကာမိလို့ဆိုင်တွေတောင်ပိတ်နေရပါပြီ။ အခုလည်းလာပြန်ပြီ။ ဒီသန့်ရှင်းလှပါသည်ဆိုသော Clean Government ခင်ဗျား။ ခင်ဗျားတို့ကတံမျက်စည်းလှည်းဖို့လောက်သာ အရည်အချင်းရှိသူတွေလားဆိုတာကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပါဦး။
ခရိုနီတွေရဲ့အပြစ်လူသိရှင်ကြားပေါ်ကာမှ ဖုံးဖိနိုင်ဖို့၊ရှင်လင်းနိုင်ဖို့(တံမျက်စည်းလှည်းဖို့) အခုဘာဥပဒေ၊ညာဥပဒေတွေထုတ်ဖို့လုပ်ကြတယ်။
ပြောမှသိ၊ထိမှနာ၊ပေါ်မှဖုံး၊ရှုပ်မှရှင်း၊ညစ်မှCleanတတ်တဲ့ ဒီပြောင်ပြောင့်အစိုးရကိုတကယ်စိတ်ကုန်ပြီ
 
+48 #19 အောင်ဘု 2012-12-03 12:46
"သူခိုးတွေက ခိုးလို့ရတာနဲ့ ဓါးမြကိုထောက်ပံ့တယ်
အဲဒီထောက်ပံ့မျက်နှာကြောင့် ဓါးမြက သူခိုးကို ပြန်အကာအကွယ်ပေးတယ်
မြန်မာပြည် ဆင်းရဲနိမ့်ကျနေတာ အဲဒီ ဓါးမြနဲ့ သူခိုးတွေရှိနေသေးလို့ပဲ"
 
 +53 #18 သုတလွင် 2012-12-03 10:10
အဟား very good လစ်ရင်းခိုးမယ် မိရင်ပြန်ပေးမယ်။ရပ်ကွက်ထဲက သူခိုး ဂျပိုး law အတိုင်းအရေးယူပြီးစီးပါကြောင်း
 
+58 #17 nyi nyi han 2012-12-02 21:45
အစိုးရမင်းများအဆက်ဆက် ပုဂ္ဂိုလ်ကြီးငယ်မဟူ ရှက်တက်ရင် ကြာလှပေါ့ မြန်မာပြည်တိုးတက်တာ....
(အရှက်တရားကို သရုပ်ခွဲမိလို့ပါ)
 
+81 #16 Naing Tun 2012-12-02 19:05
ပြည်ထဲရေးမှ သတင်းထုတ်ပြန်မှုရသည်အထိ
မီဒီယာများ ဝိုင်းဝန်းဆောင်ရွက်စေလိုပါတယ်။။
 
+94 #15 ၂မောင် 2012-12-02 18:57
ငလျှင် အတွက် လေ လှူထားပြီးပြီလေ.. သမတကြီးနဲ့ ဘေး ကလိုက်သွားတာဘဲ . .. ဒီလိုလုပ်လို့ ရပါတယ် ပြဿနာမရှိပါဘူး နောက်တခါ ဆိုရင် အခုကုန်ထားတာတွေ အပြင် အမြတ်တောင် ကျန်အုံးမယ်..
သမတကြီး .. နားမလည်ပါ..
 
 +69 #14 naymyo1992 2012-12-02 18:42
သိန်းစိန်နဲ.ဘောင်းဘီချွတ်/ဘောင်းဘီဝတ်များ + Shwe Thanlwinနဲ.ခရိုနီများ = ၀ါးစေဝေစား
 
+100 #13 Truth Seeker 2012-12-02 17:28
……..ဒီရက်ပိုင်းအတွင်း EMG သတင်းကောက်နှုတ်ချက်……..

(၁)    သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ဆိပ်ခံတံတားတည်ဆောက်ပြီး ဆိပ်ခံတံတား ၀န်ဆောင်မှုပေးမည့် လုပ်ငန်းအား သမ္မတအကြံပေး ကောင်စီဝင်တစ်ဦး၏ KMA Shipping Co.,Ltd လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအရ ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်ရန်အတွက် ကျပ်သန်းပေါင်း ၁၄၇၀၀ ကျော်ဖိုးရှိ ပြည်ပမှတင်သွင်းမည့်ယာဉ်၊ ယန္တရားများအတွက် အခွန်လွတ်ဖြင့် တင်သွင်းခွင့် ရရှိနိုင်ကြောင်း။.....

(၂)    မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားမှ လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောအား ဂျပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ၀င်ရောက်ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းတွင် သတင်းဖော်ပြထားသည်။ အဆိုပါသတင်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီ (စိုးမင်းထိုက်) နဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး" ဟု နိုင်ငံသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်။.....

(၃)    မြန်မာရုပ်သံကုမ္ပဏီဖြစ်သော Sky Net အနေဖြင့် သုံးရာသီစာ ရုပ်သံထုတ်လွှင့်ခွင့်အတွက် ပေါင် ၂၅ သန်း အကုန်ကျခံမည်ဖြစ်ကာ ယခင်ထက်ရာခိုင်နှုန်းအားဖြင့် ၁၂၄၀၀ ခန့် တိုးပေးပြီး အံ့အားသင့်ဖွယ် ငွေကြေးတစ်ရပ်ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပါရှိခဲ့သည်။ Daily Mail သတင်းစာ၏ ဖော်ပြချက်တွင် မြန်မာနိုင်ငံ၌ လူတစ်ဦး တစ်နှစ်ပျမ်းမျှဝင်ငွေမှာ ၈၁၉ ပေါင် ဖြင့် နှိုင်းဆလျှင်Sky Net အနေဖြင့် တစ်ရာသီလျှင် ပေါင်ရှစ်သန်းခန့်အထိ သုံးစွဲခဲ့ရမှုမှာ အံ့အားသင့်ဖွယ် သုံးစွဲမှုတစ်ရပ်ဖြစ်သည်ဟုဖော်ပြထားသည်။.....

(၄)     ရွှေသံလွင်ကုမ္ပဏီပိုင် သင်္ဘောသည် တရားဝင်လိုင်စင်၌ စက်သုံးဆီ ၇၅ တန်သာ စာရင်းပြထားပြီး တစ်ကယ်တမ်း စစ်ဆေးသည့်အခါတွင် ၇၅ တန်အပြင် ၁၁၃ တန်အား တရားမ၀င် ပိုမိုတင်ဆောင်လာကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ရွှေသံလွင်ကုမ္ပဏီမှ လိုင်စင်ပါ ပမာဏထက် စက်သုံးဆီများ တရားမ၀င် ပိုမိုတင်သွင်းမှုအပေါ် ကုမ္ပဏီအား အရေးယူထားခြင်း မရှိကြောင်း၊ ကုန်ပစ္စည်းများကိုသာ အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူထားသည်ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူထံမှ သတင်းရရှိသည်။......

အရင်ကလူတွေလုပ်သွားတာလို့ လက်ညှိုးထိုးလွှဲချနေတဲ့သူတွေ ခုကောဘာများထူးလို့လဲ။ ဒီအရပ်နဲ့ဒီဇာတ်လမ်းပါပဲ။
ဆရာသန်းထွဋ်အောင်နဲ့ စာပေပညာရှင်တွေကို အကူအညီတောင်းပါတယ်။ ဆရာတို့ပဲ တာဝန်ယူထောက်ပြပေးပါအုံး။ ဒီခရိုနီညစ်တွေနဲ့ အာဏာရူး၊ဥစ္စာရူးတွေရဲ့ စားနေကျအကွက်တွေကို ပညာရှင်တွေက နိုင်ငံအရှုံးမပေါ်အောင် ကြည့်ညှိပေးကြပါအုံးဗျာ။ အခွင့်ထူးခံဖြစ်တဲ့ သမ္မတအကြံပေးကုမ္ပဏီရလိုက်တဲ့ အခွန်ကင်းလွတ်ခွင့်ပမာဏကိုကြည့်ပြီး နိုင်ငံဘဏ္ဍာတွေကို နှမြောမိပါတယ်။
တရားဥပဒေစိုးမိုးရေးကော်မတီတွေက လက်တွေ့ထိန်းညှိဆောင်ရွက်လို့မရအောင် အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်ဖိနှိပ်ချုပ်ချယ်ထားတယ်ဆိုပြီး ပြောနေကြပါတယ်။ ဒီလိုကို ဘာမှဝင်မဆောင်ရွက်နိုင်အောင်ရည်ရွယ်ပြီး အဲဒီကော်မတီတွေကို ပြည်ထောင်စုအဆင့်အဖြစ် သမ္မတကိုယ်တိုင်က သတ်မှတ်ပေးဖို့ ငြင်းပယ်ခဲ့တာပါ။ အဲဒီကော်မတီတွေရဲ့တာဝန်က တွေ့ရှိချက်တွေကို လွှတ်တော်ထဲမှာ ပြန်တင်ပြဖို့နဲ့ အရေးယူဆောင်ရွက်ပေးပါရန် အစိုးရကိုတိုက်တွန်းဖို့ပါပဲ။ တိုက်ရိုက်လုပ်ပိုင်ခွင့်မရှိပါဘူး။ အစိုးရက ကော်မတီအကြံပြုချက်တိုင်းကို ကိစ္စတိုင်းမှာလက်ခံမှပဲ ကော်မတီလုပ်ငန်းအောင်မြင်မှာပါ။ ခုပဲကြည့်လေ စိုးမင်းထိုက်ကုမ္ပဏီနဲ့ ရွှေသံလွင်ကုမ္ပဏီကို ဘယ်သူထိရဲလို့လဲ။ ဒီလိုကုမ္ပဏီတွေများမှများ။ ဘယ်မှာလဲ Good & Clean Government.
 
+129 #12 arluuma 2012-12-02 17:02
တကယ်တမ်းကိုင်မယ်ဆိုရင် အခုလွှတ်တော်မှာ မိန့်မိန့်ကြီးထိုင်ပြီး ကြောင်သူတော် ကြွက်သူခိုး လူကောင်းယောင်ဆောင်နေတဲ့ ရွှေမန်းနဲ့သားများကုမ္ပဏီက စကိုင်ရမှာဘဲ။ စနစ်တကျမရှိတဲ့ အခွန်ဥပဒေနဲ့ အကျင့်ပျက်ခြစားနေတဲ့ အခွန်ဝန်ထမ်းတွေ ကြီးစိုးနေတဲ့ နိုင်ငံမှာ ဘယ်နိုင်ငံခြား ရင်းနီးမြှုပ်နှံမှုမှလာမှာ မဟုတ်ဘူး။ အခုဘပြောင်တို့အဖွဲ့ ဖင်လျက်ခေါင်းလျက်နဲ့ မျက်နှာချိုသွေးဖိတ်ခေါ်နေတာတောင် ဘယ်လောက်လောက်လားလား နိုင်ငံခြားရင်းနီးမြုပ်နှံမှုက ၀င်လာလို့လဲ။ မဖြစ်စလောက် တို့ကနန်း ဆိတ်ကနန်းဟာလေးတွေရယ်၊ ရှိသမျှသယံဇာတ အကုန်အမြစ်ပြုတ်အောင် တူးယူမယ့် တရုတ်၊ကုလားနဲ့ ထိုင်းလောက်ဘဲ လာကြတယ် မဟုတ်လား။ တကယ်ဆိုရင် မြန်မာနိုင်ငံမှာ လုပ်စရာအများကြီးရှိတယ်။ တနှစ်တနှစ်ကို ဘီလီလျံ ရာနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရမှာ။ အခုက တယောက်လာလဲ သန်းဂဏန်း၊ နောက်တယောက်လာလည်း သန်းဂဏန်း ဆင့်ပါးစပ် နှမ်းပက်သလိုဘဲ။
ရွှေသံလွင်ဆိုတာ ရှမ်းကြီးခရီးစဉ်နောက်လိုက်ပြီး ကွန်ပြူတာတွေလိုက်လှုတဲ့ကုမ္ပဏီ မဟုတ်လား။ နိုင်ငံရဲ့ စီးပွားရေးကို တကယ်တိုးတက်စေချင်ရင် အဲဒီလို အလျော်အစားတွေ မလုပ်ပါနဲ့တော့။ လုပ်ငန်းရှင်တွေဆီက ဟိုဟာဒီဟာ အလှူခံတာတွေကိုရပ်ပါ။ သူတို့ဆီက အခွန်ငွေ သေသေချာချာ ကောက်ပါ။ ရတဲ့အခွန်ငွေကိုမှ စနစ်တကျ ပြန်ပြီးသုံးပါ။ မဟုတ်ရင် ၀န်ထမ်းတွေကိုရော၊ လုပ်ငန်းရှင်တွေကိုပါ အကျင့်ပျက်စေပါတယ်။
ဝန်ထမ်းတွေ လာဘ်စားလို့ရမယ့် အခွင့်အလမ်းတွေကို အစိုးရကိုယ်တိုင်က ဖန်တီးပေးနေတာတွေ ရပ်ပါတော့။ သူတို့အခုလစာတွေလည်း အပြင်လုပ်ငန်းတွေနဲ့ အတူတူရနေပါပြီ။ နောင်ကိုလည်း ဒီထက် အဆများစွာ ထပ်ထပ်တိုးပေးပါ။ ဒါပေမယ့် အစိုးရရဲ့ဝင်ငွေကို ၀န်ထမ်းတဦးတယောက်ရဲ့ အိပ်ကပ်ထဲ မရောက်သွားအောင် စနစ်တကျ ကာကွယ်ပါ။
နောက်ပြီး လွှတ်တော်ကနေပြီးတော့ ဥပဒေတွေကို ကိုယ်ထင်ရာ မြင်ရာတွေ မပြဌါန်းပါနဲ့။ အထူးသဖြင့် အရေးကြီးတဲ့ နိုင်ငံခြားရင်းနီးမြှုပ်နှံမှု ဥပဒေလိုဟာမျိုး၊ အခွန်ဥပဒေလိုဟာမျိုးတွေကို international law firms တွေငှားပြီး consult လုပ်ပါ။ စင်ကာပူ ကုမ္ပဏီလောက်နဲ့ မလုပ်ပါနဲ့။ ဥရောပကိုလာပါ။ အမေရိကားက ရှေ့နေကုမ္ပဏီတွေနဲ့ တိုင်ပင်ပါ။ ဒါမျိုးကို ဒေါ်လာ သန်းရာနဲ့ချီပြီး သုံးစွဲဖို့ မနှမြောပါနဲ့။ ကောင်းကောင်းသုံးမှ ကောင်းကောင်းရမယ်။
"If you pay peanuts, you get monkeys" ဆိုတဲ့ စကားပုံကို ကြပ်ကြပ်စဉ်းစားပါ။
 
 
+82 #11 ကျောက်ဆည်သား 2012-12-02 16:36
သမ္မတကြီးရယ် သမ္မတကြီးအစားရှက်လို့ပါအပြောနဲ့လည်းမညီဘူးclean ဆိုတာငွေပေါတဲ့သူတွေအတွက်သမ္မတကြီးဦးဆောင်ပြီးလမ်းရှင်းပြီးသာပါတဲ့မှတ်ထားနောင်လာနောင်သားတွေ
 
+102 #10 ကျောင်းသားကြီး 2012-12-02 16:16
EMG ရေ ဒီကိစ္စမျက်ခြေမပြတ်လေး တင်ပြပေးပါဗျာ။ အစိုးရဘယ်လောက် အကျင့်ပြောင်းလာလဲ သိချင်လို့ ပါ။ မကြာခင် EMG တဖွဲ့ လုံးကို လဲရွှေသံလွင်က ထမင်းဖိတ်ကျွေးလိမ့်မယ်ဗျ သတိထားပါ။ သူတို့ ကအဲလိုပဲ ပါးစပ်ပေါက်လျောက်ပိတ်ခဲ့တာ။
 
+59 #9 ကျောင်းသားကြီး 2012-12-02 16:13
Quoting SANAYMAUNG:
The Customs officer who told to Eleven Media regarding Shwe Than Lwin case was not completed. The Customs must take action and confiscate by Sea Customs Act 167 (37) not only the cargo but also the carrier of Shwe Than Hlyan vessel which carried illegal goods or excess goods more than Import License allowance. This case should not be allowed to clear with Redemption Fine by Sea Customs Act 183 and should be nationalized the cargo and carrying vessel as an example to other cronies.
ဒေါ်စု ရဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့ ကို တိုင်စာရေးရမယ်။ အဲတော့မှ အခွန်ကလူတွေ စားပြီး ဘက်လိုက်ထားတာတွေ ကို ပါ အရေးယူရမယ်။ အကုန်ဖြုတ်ထုတ်သတ်လုပ်ရမယ်။ မကောင်းတဲ့ သောက်ကျင့်ဆိုးတွေ နဲ့ ပြည်သူ့ ဝန်ထမ်းမလုပ်နဲ့ ။ မှတ်ချက် (ပြည်သူ့ဝန်ထမ်း အစိုးရ၀န်ထမ်းမဟုတ်ဘူး.ဒါကို ၀န်ထမ်းတွေ အားလုံးနားလည်ရမယ်။
 
+114 #8 Sora 2012-12-02 14:20
နိုင်ငံတကာမှာ အခွန်ရှောင်ရင် အခွန် ပြန်ပေးယုံနဲ့ မပြီးပါ။ မှောင်ခို ဆိုပစ္စည်းသိမ်း၊ ဒဏ်ကြေးရိုက်တာအပြင် ထောင်ပါချပါတယ်။
နိုင်ငံခြားသွားလို့ ၃လ ထက်၁ရက် ပိုသွားတောင် (even with tourist visa) $၁၀၊ ၁၅ကို အသေအကြေ မရမက တောင်းတဲ့ အကောက်ခွန်ဦးစီးဌာနနဲ့ ပြည်ထဲရေး ၀န်ကြီးဌာန တို့ဒီတခါ ဘာမှ မလုပ် ရင်တော့ ပြည်သူတွေ ခင်ဗျား တို့ကို ပြန်လုပ်လိမ့်မယ်။ ပါးစပ် ကသာ clean, good, rules of law....., လက်ကတော့ $, FEC, kyats, လက်ဆောင်ခြင်း၊ ပုန်း တွေချည်းပဲ။
 
+36 #7 SANAYMAUNG 2012-12-02 14:18
The Customs officer who told to Eleven Media regarding Shwe Than Lwin case was not completed. The Customs must take action and confiscate by Sea Customs Act 167 (37) not only the cargo but also the carrier of Shwe Than Hlyan vessel which carried illegal goods or excess goods more than Import License allowance. This case should not be allowed to clear with Redemption Fine by Sea Customs Act 183 and should be nationalized the cargo and carrying vessel as an example to other cronies.
 
 
+27 #6 yan naing myo 2012-12-02 13:25
Tax evasion is a criminal act in many countries. Put the boss of Shwe Than Lwin behind the bars to show an example of clean government and good governance. Otherwise, whatever U Thein Sein's administration has said about clean government will be assumed as mere rhetoric and an act of water cannon.
Lincoln's concept of government - for the people, of the people, by the people.
Thein Sein's concept of government - for the cronies, of the cronies, by the stooges of cronies.
 
+120 #5 Snipher 2012-12-02 13:17
ရန်ကုန်ဝင်ပေါက်ကနေတောင် မှောင်ခိုလုပ်လို့ ရနေတယ်ဆိုတော့
တခြားဂိတ်ပေါက်က ဆိုရင် ပြောနေစရာတောင်မလိုတော့ပါ။ နှစ်နဲ့
ချီပြီး ရန်ကုန်ဝင်ပေါက်ကနေ ကုမ္မဏီများ မှောင်ခိုခိုးထုတ်ရဲနေကြ တာကတော့ ယခုလက်ရှိဆိပ်ကမ်းအာဏာပိုင်များနှင့် ပြည်ထဲရေး လုပ်စားအထက်အရာရှိ အာဏာပိုင်များရဲ့ လာဘ်ပေးလာဘ်ယူ မှုကြောင့်ဆိုတာ ရှင်းရှင်းကြီး ပေါ်လွင်နေပါတယ်။ အနာပြည်ပေါက်ကို တွေ့တာတောင်မှ
ဖောက်ထုတ်လို့ မရဖြစ်နေတာကတော့ လက်ရှိအစိုးရရဲ့ လိုတစ် မျိုး မလိုတစ်မျိုး ကိုင်တွယ်မှုပျော့ညံ့မှုတွေ့ကြောင့် ဖြစ်ပါတယ်။ အဲဒီတော့ သူတို့တွေ့ ရေးထားတဲ့ အခြေခံဥပဒေဆိုတာကြီးလည်း
မြောင်းထဲရောက်သွားတာပါပဲ။
 
+136 #4 pstmynt 2012-12-02 12:32
သာမန်မှောင်ခိုလုပ်စားတဲ့ ကုန်သည်လေးတွေကျတော့
ကုန်ပစ်စည်းကိုသိမ်း..လူကိုထောင်ချ..စီးပွားပျက်..ဘ၀ပျက်..
သူတို့ လို မျိုးတွေကျတော့.....အင်း........

GOOD GOVERNMENT
CLEAN GOVERNMENT
NASTIEST GOVERNMENT
PITS GOVERNMENT
GHASTLY GOVERNMENT
DIRE GOVERNMENT
 
+127 #3 wintnaung 2012-12-02 12:26
ပြည်ထဲရေးဝန်ကြီး ဘာလုပ်မယ်ဆိုတာပြည်သူတွေအကုန်လုံးစောင်ကြည်နေပါတယ်။
ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးတဲ့နော်၊၊၊၊၊။။။//???????
ဟိုတနေ့က ဦးသိန်းစိန် ငလျင်ခရီးစဉ်မှာ အလှူငွေတွေ ရွှေသံလွင်က လှူထားတယ်နော်။
 
+146 #2 soranotomo 2012-12-02 11:31
အင်း.... မြန်မာနိုင်ငံက သန့်ရှင်းသော အစိုးရဲ့ ဥပဒေဆိုတာ ဒါမျိုးကိုး......
အဲလို သဘောပေါက် နားလည်လိုက်ပါတယ်...
ကြည့်ရတာ အဲလို သူခိုးကြီးတွေကို ဘယ်ဌာနကမှ တရားမစွဲဝံ့ဘူး ထင်တယ်
 
+142 #1 mgmm 2012-12-02 11:29
Quote:
''လိုင်စင်ပါ ပမာဏထက် ပိုတင်သွင်းလာတဲ့ စက်သုံးဆီတွေကိုတော့ အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ အရေးယူပါတယ်။ ကုမ္ပဏီကို အရေးယူတာကတော့ ကျွန်တော်တို့ဌာနနဲ့ မဆိုင်ပါဘူး။ ပြည်ထဲရေးက အရေးယူရမယ့်အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ အပိုတင်ဆောင်လာတဲ့ ပစ္စည်းရဲ့ကုန်းပေါ်အရောက်တန်ဖိုး CIF တန်ဖိုးရဲ့ တစ်ဆ၊ နှစ်ဆ စသည်ဖြင့် တပ်ရိုက်မယ်၊ ဒါကို ကုမ္ပဏီကလက်ခံရင် ဒဏ်ကြေးပေးပြီး ပစ္စည်းပြန်ထုတ်ယူလို့ရတယ်။ အကောက်ခွန်ရဲ့ လုပ်ထုံးလုပ်နည်းအရကိုက ဒီလိုပဲလုပ်ရတာပါ။ တစ်ကယ်လို့ ဒဏ်ကြေး တပ်ရိုက်တာကို မကျေနပ်ရင် အခွန်အယူခံရုံးကို တက်နိုင်ပါတယ်။ နောက်ဆုံးပစ္စည်းကို ပြန်ရွေးမရွေး ကုမ္ပဏီကို အကြောင်းကြား၊ ကုမ္ပဏီက အတိအကျ အဖြေသိရရင် ပြန်ရွေးမယ်ဆို ရွေးပေါ့။ မဟုတ်ရင်တော့ ပစ္စည်းကို လုပ်ထုံးလုပ်နည်းအတိုင်း လေလံတင်မှာပါ''ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်ထဲရေးရေ ..... အကောက်အခွန်ကတော့ ပြောလိုက်ပြီ .... ဘာဆက်လုပ်မှာလဲ ...... ပြည်သူတွေစောင့်နေကြပြီနော် ...
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။