အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်
ပါဝင်နေပြီးဖြစ်သည့်အတွက် လုံလောက်သည်ဟု ယူဆသောကြောင့် စုံစမ်းစစ်ဆေးရေး
ကော်မရှင်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက
ဒီဇင်ဘာလ ၃ ရက်နေ့က ၄င်းတို့ရုံးခန်း၌ ပြုလုပ်ခဲ့သော
သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။
''ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်တာဆိုတော့
ဒါကိုအသက်ဝင်အောင်၊ ပြဿနာကို အကောင်းဆုံး၊ အငြိမ်းချမ်းဆုံးနည်းနဲ့
ဖြေရှင်းမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ လုံလောက်ပြီလို့ ယူဆပါတယ်''
ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။
ယခုကော်မရှင်တွင် မပါဝင်သော်လည်း ရရှိနိုင်သော အချက်အလက်များကို
စုဆောင်းပေးပြီး ကော်မရှင်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊
မုံရွာခရီးစဉ်အတွင်း ရွာသားများနှင့် တွေ့ဆုံမှုတွင် အချက်အလက်အသစ်များကို
ရရှိခဲ့ကြောင်း၊ အဓိကအနေဖြင့် ကော်မရှင်သို့ တရားမျတမှန်ကန်သည့်
အချက်အလက်များ ရောက်ရှိသွားရန်သာဖြစ်ကြောင်း၊ ကော်မရှင်ကိုလည်း အပြည့်အဝ
ထောက်ခံသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက
ပြောကြားခဲ့သည်။
''လွှတ်တော်ထဲကိုဝင်မှ နိုင်ငံ့တာဝန်ထမ်းတာ မဟုတ်သလို ကော်မရှင်ထဲကို
ဝင်မှလည်း မဟုတ်ဘူး။ ကော်မရှင်ကို ကြည့်လိုက်တဲ့အခါမှာ လုံလောက်တယ်လို့
ဆိုရမယ်။ ကော်မရှင် အပြင်မှာလည်း ကျွန်တော်တို့ လုပ်စရာအများကြီးရှိတယ်။
ကော်မရှင်ဆိုင်ရာ အစည်းအဝေးတွေ ရှိနေမယ်၊ ညှိနှိုင်းဆောင်ရွက်မှုတွေ
ရှိနေမယ်ဆိုရင် ပြေးရလွှားရတာ အခက်အခဲရှိမှာလည်း စိုးတယ်။ အဓိကကတော့
အချက်အလက်အမှန်တွေ ကျွန်တော်တို့ရဖို့ပါပဲ'' ဟု ကိုမင်းကိုနိုင်က
ဆက်လက်ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏
ဒုတိယမြောက် ကြေညာချက်ကိုလည်း ယင်းနေ့တွင် ထုတ်ပြန်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ
ရဟန်း၊ ပြည်သူများအား ထိရောက်သော ဆေးဝါးကုသမှုပေးရန်နှင့် သံဃာတော်များကို
ဝန်ချတောင်းပန်ရန်၊ စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက် နေမှုများကို
ရပ်ဆိုင်းထားရန်၊ ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ထိန်းသိမ်းထားသူများကို
ပြန်လည်လွှတ်ပေးရန်နှင့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်
စသည့်အချက်များကို တောင်းဆိုခဲ့သည်။
''အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ၀န်ချတောင်းပန်မယ်ဆိုရင်
မထိတထိလုပ်တာမျိုး၊ စိတ်မပါဘဲနဲ့ ပြီးစလွယ် သွားလုပ်လိုက်တာမျိုး
မဖြစ်ဖို့လိုပါတယ်။ သံဃာထုရဲ့ ကျေနပ်မှုကို ဘယ်လိုနည်းနဲ့ ရယူမလဲဆိုတာကို
သက်ဆိုင်ရာ တာဝန်ရှိသူတွေက လေ့လာလျောက်ထားသင့်တယ်။ တုံ့ပြန်တဲ့နေရာမှာ
မာန်မာနကို ချပြီးတော့ အကျအန တောင်းပန်ရပါလိမ့်မယ်'' ဟု ကိုမင်းကိုနိုင်က
ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ
အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သောကြောင့် သံဃာတော်များ အပါအ၀င်
ရာဂဏန်းဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သောကြောင့် ယင်းဖြစ်စဉ်ကို
စုံစမ်းရန် နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး
ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ အဖွဲ့ဝင်အဖြစ် ပါဝင်သော
စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်တွင်
မပါဝင်လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက နာရီပိုင်းအတွင်း
ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြေညာချက်နှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများကို
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့က
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၄င်းတို့က ဆုံးဖြတ်ချက်ကို
အပြည့်အ၀နားလည်သည်ဟု ပြောကြားခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ၏
ပြောကြားချက်အရ သိရသည်။ |
Comments
သပိတ်ကျင်းငလျင်၊ ရခိုင် နဲ့ ကချင်ကဒုက္ခသည်တွေကိုလည်းမမေ့စေချင်။
ရခိုင် နဲ့ ကချင် မှာ စားရေး နေရေး အတိဒုက္ခရောက်နေသူတွေသောင်းဂဏန်းအများကြီးပါ။ အမေ့ခံတိုင်းရင်းသားတွေမဖြစ်စေချင်ပါ။
ကိုမောင်ကောင်းရေ...
အိုးမဲသုတ် တယ် ဆိုရင်လဲ ပိပိရိရိ သုတ် ဗျာ...
ခင်ဗျားဟာက ဒို့တာဝန် အရေးသုံးပါး ကျနေတာဘဲ...
အတုံးလိုက် အတစ်လိုက်ဆိုတော့ အ၀င် မညက်ဖူး ဆရာရဲ့...
၈၈ အရေးအခင်းမှာတုန်းက စစ်ထောက်လှမ်းရေးတွေရဲ့ ပူးသတ်ပြီး
ကောက်ကျစ်ယုတ်မာခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရတဲ့ သူတွေပါ...
အခုလဲ သူတို့ ထောင်က ထွက်လာမကြာသေးဘူးဆိုတာ လူတိုင်းသိကြပါတယ်...
သူတို့ရခဲ့တဲ့ ခါးသီးတဲ့အတွေ့အကြုံတွေအရ ယူနီဖောင်းပဲ ချွတ်ထားတဲ့အာဏာရှင်အစိုးရကို
မယုံကြည်တာ သဘာဝကျပါတယ်... ဘယ်သူ့ကိုမှလဲ သူတို့ ဝေဖန်ပုတ်ခတ် ပြောဆိုနေတာ မဟုတ်ပါဘူး..
လွတ်လွတ်လပ်လပ် စုံစမ်းချင်တယ်.... သူတို့စုံစမ်းတာကိုလဲ ကော်မရှင်ကို မျှဝေပေးမယ်လို့ ပြောထားပါတယ်..
သူတို့ရဲ့ စုံစမ်းဖော်ထုတ်မှုဟာ တခြားသူတွေကို အနှောင့်အယှက်မပေးဘူးဆိုရင်... ကျနော်တို့ ဘာမှ မဝေဖန်သင့်ပါဘူး...
သူတို့မှာလဲ သူတို့အခွင့်အရေးနဲ့သူ လွတ်လွတ်လပ်လပ်ရပ်တည်ခွင့်ရှိပါတယ်...
ဒါဟာ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီ ရဲ့ အနှစ်သာရပဲ မဟုတ်လား...
why didn't U Thein Sein ask 88 first before including them in the commission?
Now, you are in. no, we are not! it is a joke or political play or just plain stupid!
တောင်းဆိုတာတွေကလဲ အကြမ်းဖက်မှုနဲ့ ပိုပြီးပတ်သက်တဲ့ တောင်းဆိုမှုတွေပါ။
တယုတ်ကြောက်အောင်မင်းက ပါဖို့ထပ်စည်းရုံးတာ ကြည့်ရင် အကြံအစည်တခုခု ရှိတာ သေချာပါတယ်။ အကြမ်းဖက်မှုစစ်ဆေးဖို့ ပယ်ဖျက်လိုက်တာပဲကြည့်ပါ ။(သိန်းစိန်ကတော့ ကိုယ့်တာဝန် ကိုယ်ယူရဲတဲ့၊ ပြသနာဖြစ်ရင် ရှေ့ထွက်ရဲတဲ့ ယောက်ကျားမဟုတ်ပါဘူး)
၈၈ နှစ်ယောက်လုံးထွက်လိုက်တဲ့အတွက် ကော်မရှင်အားနည်းသွာတာတော့ အမှန်ပါပဲ။ ဒါပေမဲ့သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ ဝန်းရံနေမှာလို့တော့ ယုံကြည်ပါတယ်။
နောက်ပြီး အကြမ်းဖက်မှုအပေါ် ပိုပြီး အာရုံစိုက် တောင်းဆိုသွားလိမ့်မယ်လို့ ယူဆရပါတယ်။
ဒါကြောင့် မီဒီယာတွေအပါအဝင် ပြည်သူအားလုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရော၊ ၈၈ မျိုးဆက်တွေကိုပါ အပြည့်အဝ ယုံကြည်အားပေးကြဖို့ လိုမယ်ထင်ပါတယ်။
အရေးကြီးပြီ သွေးစည်းကြပါ။
ပြီးခဲ့တဲ့အပတ်က စစ်ကိုင်းတိုင်းဒေသကြီးကရဲမှူးနဲ့ ရဲတပ်သားတွေရဲ့ 
သြဝါဒခံယူပွဲဆိုလား..ဝန်ချတောင်းပန်ပွဲဆိုလားလုပ်သွားပါတယ်
အဲဒီပွဲမှာတွေ့ ရတဲ့ ရဲမှူးဆိုသူရဲ့ မျက်နှာထားက...သူ့ ပထွေး
တွေက စစ်တုရင်ကစားရင် နယ်ရုပ်တွေကိုထိုးကျွေးသလိုမျိုး..
မင်းတို့ တွေသွားတောင်းပန်လိုက်စမ်းကွာဆိုပြီး အမိန့် ပေးလိုက်လို့ မလုပ်ချင်လုပ်ချင်နဲ့ လုပ်ရတဲ့အထာကြီးနဲ့ 
တွေ့ ရတာ..အောက်ကလည်းနေသေးရဲ့ ဟာရီးကလည်းမလျှော့
ဆိုတဲ့စကားပုံကိုတောင်သွားသတိရမိသေးတယ်...
ပိုမိုတောက်ပလာကြမယ် လိုမြင်ပါတယ်
ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်
ဒါဟာ ဘာကိုဖေါ်ပြသလဲဆိုတော့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်တဲ့
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့
လေ့လာ တွေ့ရှိ သုံးသပ် ကောက်ချက်ချ အကြံပေး
အစီရင်ခံစာ ကို သူတို့ အလိုကျ ပြင်ဆင်ပီး ဖြစ်နေဘီ ဆိုတာကိုပါဘဲ။
ကြံ့ဖွံ့ နဲ့ ကာလုံ ကို Ideology အရ ယှဉ်ပြိုင်နိုင်တာ ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပီးရင် ၈၈ မျိုးဆက်ကျောင်းသား အုပ်စု ဘဲ ရှိတယ်။
ကျန်တဲ့ လူတွေကို ကြံ့ဖွံ့ နဲ့ ကာလုံ က ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ထင်တာ မဟုတ်ပါ...
စုံစမ်းရေး ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ထည့်တယ် ဆိုတာကလဲ ကြံ့ဖွံ့ နဲ့ ကာလုံ က အံစာတုံး လှိမ့်ရာမှာ တစ် ကနေ ခြောက်အထိ တန်းစီ အော်သလိုမျိုး ပါဘဲ...
အမေစုကို ၀န်းရံကြ ၀န်းရံကြဆိုတာ သူ့ဘေးက လက်ချင်းချိတ်ပြီး ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀လုပ်ကြလို့ ဆိုလိုတာ မဟုတ်ဘူးဆိုတာကို မငယ်တော့တဲ့ ကျောင်းသားအိုများ သဘောပေါက်ဖို့လိုတယ်နော်။
[quote ...............“.စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက် နေမှုများကို ရပ်ဆိုင်းထားရန်၊.”....................
သတ္တုတူးဖော်ရင် ရှိနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုရှာဖို့၊ ဘာဓာတုစွန့်ပစ်ပစ္စည်းတွေထွက်လဲဆိုတာစစ်ဖို့၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဘယ်လောက်ရှိလဲတိုင်းတာဖို့၊ လုပ်ထားတဲ့အကာအကွယ်နည်းစနစ်တွေ လုံလောက်မှုရှိမရှိသိနိုင်ဖို့ဆိုရင် လုပ်ငန်းလုံးဝရပ်ထားရင်း စုံစမ်းလို့ရနိုင်မဲ့နည်းလမ်းရှိလားဆိုတာ ပညာရှင်တွေကို သေချာမေးကြည့်ပါအုံးဗျာ။ ပညာရှင်တွေရဲ့ အကြံဥာဏ်ယူပြီး သေချာစုံစမ်းပြီးရင် ပြည်သူတွေကိုရှင်းပြကြပါ။
စီမံကိန်းရဲ့ လိုအပ်ချက်တွေ၊ ဆိုးကျိုးတွေကို စစ်ဖို့ဆိုရင် လုပ်ငန်းလည်ပတ်ပြမှ စစ်လို့ရမယ်မှန်း အကိုတို့သဘောပေါက်ရင် ပိုကောင်းပါတယ်။ အကိုတို့ ကြေငြာချက်ထဲမှာ စစ်ဆေးနေတုန်းလုပ်ငန်းရပ်ထားရမယ်လို့ပါနေသလားလို့။ အကိုတို့ကြေငြာချက်နဲ့ ရပ်တည်ချက်က စစ်ဆေးရေးလုပ်ကိုင်ရမဲ့ လုပ်ငန်းစဉ်အမှန်တရားနဲ့ဆန့်ကျင်သွားရင် ပြည်သူတွေနဲ့ အန်တီတို့ကော်မရှင်လုပ်ငန်းနဲ့ နားလည်မှုလွဲအောင်လုပ်မိသလိုဖြစ်သွားမှာစိုးလို့ပါ။
အန်တီစုကို အကောင်းဆုံးကူညီမှုပေးနိုင်ပါစေ။
စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရခြင်းအပေါ်မှာ အမှုမှန် ထွက်ပေါ်လာရေးအတွက် အရည်အချင်း၊ အတွေ့အကြုံရှိသူများ လိုအပ်တယ် ဆိုတာ အမှန်ဖြစ်ပါတယ်။ အစိုးရ၏ အကြမ်းဖက်နှိမ်နင်းခြင်းအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကော်မရှင်ဖွဲ့ပြီး စစ်ဆေးခွင့်ပြုရာမှာ အများပြည်သူ ကျေနပ်လက်ခံတဲ့ မှန်ကန်တဲ့ အဖြေတစ်ခုရရှိဖို့ ဆိုတာ အောက်ခြေမှာ လိုက်လံရှာဖွေစစ်ဆေးမှုပြုလုပ်ကြမယ့်သူများနဲ့ အထူးသက်ဆိုင်နေပါတယ်။
အဲ့ဒီအပေါ်မျာ အရည်အချင်းရှိ၊ အတွေ့အကြုံရှိပြီး ပြည်သူ့ အကျိုး ဖြစ်ထွန်းရေးကို အမှန်တကယ် လိုလားတဲ့သူများဖြစ်တဲ့အဖွဲ့၊ ရဲဝန်ထမ်းတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိပြီး ပြောဆိုဆက်ဆံနိုင်စွမ်းရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ယခုလို စုံစမ်းစစ်ရေးကော်မရှင်အဖွဲ့တွင်း ပါဝင်လိုခြင်းမရှိ နုတ်ထွက်သွားရခြင်းနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး စုံးစမ်းဖော်ထုတ်ရာမှာ များစွာအားနည်းသွားစေတယ်လို့ မြင်မိပါတယ်။
အဖွဲ့အစည်းဆိုတဲ့အပေါ် မိမိဆုံးဖြတ်ချက်ကို အခြေခံပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့် မရှိသည့်တိုင်အောင် မိမိဆန်ဒကို လှစ်လှုရှု့ပြီး အမှုမှန်ပေါ်ပေါက်ရေးကို ဦးစားပေးသည့်အနေဖြင့် အရည်အချင်းရှိသူများ ကိုယ်တိုင်ကိုယ်ကျပါဝင်လက်တွဲသင့်တယ်လို့ သုံးသပ်မိပါတယ်။
Good idea! Carry on. We fully support all of you.