အာဆီယံစီးပွားရေးရင်းနှီးမြုပ်နှံဆိုင်ရာ ဆွေးနွေးမည်
Popular News Journal, 16 November 2012 — အာဆီယံ စီးပွားရေးဆိုင်ရာ အကြီးတန်းအရာရှိများ၏ အကြိုညှိနှိုင်း အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဆိုဖီတယ်ဟိုတယ်၌ ယနေ့ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပလျှက် ရှိသည်။
အာဆီယံ နိုင်ငံရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်ဝန်ကြီးများအပါအ၀င် အာဆီယံ အထွေထွေ အတွင်းရေးမှုး ချုပ်တို့ လည်း ယနေ့ အာဆီယံ ထိပ်သီးအစည်းအဝေး သို့ ရောက်ရှိလာမည် ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ထို့အပြင် ယနေ့ညနေ ၆ နာရီ၌အာဆီယံနိုင်ငံများမှ ထိပ်တန်းအရာရှိများ၏ အာဆီယံစီးပွားရေးရင်းနှီးမြုပ်နှံ ဆိုင်ရာ အစည်းအဝေးကိုလည်း ဆိုဖီတယ်ဟိုတယ်တွင် ညနေ ၆ နာရီ၌ ကျင်းပမည်ဖြစ်သည်။
၂၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုနိုဝင်ဘာ ၁၅ ရက်မှ စတင်ကျင်းပလျှက်ရှိပြီး ၂၀ရက်နေ့ တွင် ပြီးဆုံးမည်ဖြစ်သည်။
အာဆီယံခေါင်းဆောင်များမှ လူ့အခွင့်နှင့် ပတ်သက်၍ကြေညာချက် ထုတ်မည်
အာဆီယံခေါင်းဆောင်များမှ လူ့အခွင့်နှင့် ပတ်သက်ပြီးကြေညာချက် တစ်စောင်ကို နိုဝင်ဘာ ၁၈ ရက်တွင်ထုတ်ပြန်ရန် စီစဉ်နေကြောင်းသိရသည်။
ယင်းထုတ်ပြန်ချက်ကို အာဆီယံ လူ့ အခွင့်အရေးကော်မရှင်က ရေးသားထားခြင်းဖြစ်ပြီး ” လူသားဂုဏ်သိက္ခာ ကို အပြည့်အ၀အသိအမှတ်ပြုရေးနှင့် အာဆီယံပြည်သူများ၏ ဘ၀အရည်အသွေး ပိုမိုမြင့်မားရေး” ဦးတည် သည်ဟု အေပီသတင်းတစ်ရပ်တွင်ဖော်ပြထားသည်။
နိုင်ငံတကာမှ လူ့အခွင့်အရေးစောင့်ကြည့်သူများမှ ကြေညာချက်အပေါ် ဝေဖန်သုံးသပ်ကြသောလည်း အာဆီယံ အဖွဲ့ဝင်သံတမန်တချို့က ယခုကြေညာချက်သည် သမိုင်းဝင်ဖြစ်ပြီး မြန်မာကဲ့သို့ ပြုပြင်ပြောင်းလဲနေဆဲနိုင်ငံ များအပေါ်တွန်းအားတစ်ခုဖြစ်စေမည်ဟု သုံးသပ်ကြသည်။
No comments:
Post a Comment