အိုဘားမားနှင့် သမ္မတဦးသိန်းစိန် ရန်ကုန်၌ တွေ့ဆုံမည်
Popular News Journal, 16 November 2012 — မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတတစ်ဦး အနေဖြင့် ပထမဆုံးရောက်ရှိလာမည့် သမ္မတ အိုဘားမား နှင့် သမ္မတဦး သိန်းစိန်သည် နိုဝင်ဘာ ၁၉ ရက်နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၌ တွေ့ဆုံမည်ဟု ၂၁ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တတ်ရောက် သတင်းရယူနေသည့် အမေရိကန်သမ္မတ၏ခရီးစဉ် ရရှိထား သူ ပြည်ပ သတင်းထောက်တစ်ဦးထံမှ သိရသည်။
သမ္မတ အိုဘားမားသည် ရန်ကုန်လေဆိပ်သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး ဦးသိန်း စိန်နှင့်တွေ့ ဆုံပြီး နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည့်နှင့် တက္ကသိုလ်ရိပ်သာလမ်း၊အမှတ် (၅၄) နေအိမ်တွင် တွေ့ဆုံမည်ဟု သိရသည်။
သမ္မတအိုဘားမားသည် ၎င်းနေ့မှာပင် ကမ္ဘောဒီးယားသို့ထွက်ခွာလာကာ ကမ္ဘောဒီးယား
စံတော်ချိန် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ဖနွမ်းပင်မြို့ရှိ Peace Palace
ဟိုတယ် တတိယထပ်ရှိ Champei ခန်းမတွင်ကျင်းပမည့် “စတုတ္ထ အကြိမ်မြောက်
အာဆီယံ-အမေရိကန် ခေါင်းဆောင်များ အစည်းအဝေး” သို့တက်ရောက် မည်ဖြစ်သည်။
ယင်းအစည်းအဝေး မှာ ၇ နာရီ ၂၀ မိနစ်အထိ တစ်နာရီကြာကျင်းပမည်ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံအစည်းအဝေးဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ ၂၁
ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ သမ္မတဦးသိန်းစိန်သည် နိုင်ဝင်ဘာ ၁၇
ရက်တွင် အထူးလေယာဉ်ဖြင့် လာ ရောက်ပြီး ၂၁ ရက်တွင်
ပြန်လည်ထွက်ခွာမည့်ဖြစ်သည်။ နိုဝင်ဘာ ၁၉ရက်တွင်
သမ္မတအိုဘားမားနှင့်တွေ့ဆုံရန် မြန်မာပြည်သို့
သမ္မတဦးသိန်းစိန်ပြန်လာနိုင်မှုရှိမရှိ ကို သတင်းထုတ်ပြန်ခြင်း မရှိပေ။
No comments:
Post a Comment