မြွေဟောက် အကောင် ၆ဝဝ တရားမဝင် တင်ဆောင် လာသော ကုန်ကား တစ်စီးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့
ထိုင်းရဲ တပ်ဖွဲ့သည် ကုန်ကား တစ်စီး၏ နောက်ပိုင်းတွင် တရားမဝင် သယ်ဆောင်
လာသော မြွေဟောက် အကောင် ၆ဝဝ ခန့်ကို ရှာဖွေ သိမ်းယူ လိုက်နိုင်ကြောင်း
အာဏာပိုင် များက ပြောကြား ထားသည်။
ရဲတပ် ဖွဲ့သည် အဆိုပါ ကုန်ကား မောင်းသူကို ဗန်ကောက်မြို့၏ တောင်ဘက် မိုင် ၁၃ဝ အကွာတွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ယာဉ်မောင်းက မြွှေများ
တင်ဆောင် လာသည်ကို ဝန်ခံ
ဖြောင့် ချက် ပေးခဲ့သည်။ ၎င်းမြွေများကို လာအို နိုင်ငံသို့ ပို့ဆောင်ရန်
အတွက် မလေးရှား နိုင်ငံမှ သယ်ဆောင် လာဖွယ် ရှိကြောင်း သိရသည်။
ပြီးခဲ့သော လအတွင်း ကလည်း လာအိုသို့ ခိုးထုတ်မည့် ကျားသားပေါက် ၁၆ ကောင်အား ထိုင်းရဲ တပ်ဖွဲ့က ကယ်တင် လိုက်နိုင်ကြောင်း သိရသည်။ ယခု သိမ်းဆည်း ရမိသည့် မြွေများကို တောထဲသို့ ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း အာဏာပိုင် များက ပြောကြား ထားသည်။
ခိုးသွင်း လာသည့် တိရစ္ဆာန် များအားနိုင်ငံတကာ မှောင်ခို ဈေးကွက်သို့ ပို့ဆောင် ရာတွင် ထိုင်းနိုင်ငံသည် အဓိက ဖြတ်သန်းရာ နေရာ တစ်ခု ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm/all-news/international-news/2012-11-15-02-52-58

No comments:
Post a Comment