သမ္မတဦးသိန်းစိန် အာဆီယံထိပ်သီးအစည်းအဝေး လေးရက်ကြာ တက်ရောက်မည်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် စတင်ကျင်းပလျက်ရှိသော အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာသမ္မတ ဦးသိန်းစိန်တက်ရောက်ရန်ရှိ
သမ္မတသည် အထူးလေယာဉ်ဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့နံနက် ၁ဝ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်ဟု အစီအစဉ်တွင်ပါရှိသည်။
အလားတူ မြန်မာဝန်ကြီးများဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒေါက်တာကံဇော်နှင့် ကျန်းမာရေးဝန်ကြီး တို့လည်း နိုဝင်ဘာ ၁၆ ရက်နေ့ ၁၂ နာရီအချိန်တွင် ရောက်ရှိလာမည်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီတွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
ထိပ်သီးအစည်းအဝေးသို့ အာဆီယံ ၁ဝ နိုင်ငံမှ ခေါင်းဆောင်များအပါအဝင်၊ သြစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလတ်၊ တရုတ် ဝန်ကြီးချုပ် တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၊ တောင်ကိုရီးယား လီ မြောင်ဘတ်၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီး၊ ရုရှ သမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဘားရတ် ဟူစိန် အိုဘားမား တို့လည်း နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရောက်ရှိလာမည်ဟု အစီအစဉ်တွင် ဖေါ်ပြထားသည်။
နိုဝင်ဘာ ၁၅ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ ၁ဝ ထပ်အမြင့်ရှိ Vikmean Santepaep အဆောက်အဦးတွင် ကျင်းပခြင်းဖြစ်သည်။ အစည်းအဝေးသို့ တက်ရောက်သတင်းယူမည့် သတင်းထောက်များအတွက် စားပွဲတင် ကွန်ပျူတာ ၃ဝဝ ထားရှိပြီး အိတ်ဆောင် ကွန်ပျူတာများအတွက် အင်တာနက်ကေဘယ်လ် ၁ဝဝ ထားရှိသည်။ သို့သော်လည်း လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏကြုံတွေ့နေကြရသည်။
မျိုးသန့်
No comments:
Post a Comment