ဘင်္ဂါလီကိစ္စ ဒေါ်အောင်ဆန်း စုကြည် ဖြေကြား
ရွှေဟင်္သာသတင်းဌာန. ၁၅ရက်နေ့ နိုဝင်ဘာ ၂၀၁၂ —- မုဒိမ်းကျင့် လူသတ် မီးကွင်းပစ် မီးရှို့ နေတဲ့ လူတွေကို ရှင်တို့ လဲ မတတ်နိုင်ပါဘူးလို့  ဒေါ်စုပြောလိုက်ပြီ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကိုရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ကြီး သတင်းစာ တစောင်ဖြစ်တဲ့  ( The Hindu ) နေ့ စဉ်ထုတ် သတင်းစာက တွေ့ ဆုံမေးမြန်းခန်း အင်တာဗျူးပြုလူပ်ခဲ့ တယ် ။
အဲဒီတွေ့ ဆုံမေးမြန်းခန်းမှာ သတင်းစာက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေနဲ့  ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုး တွေနဲ့  မွတ်ဆလင်ကုလား လူမျိုးတွေရဲ့  ပဋိပက္ခဖြစ်ပျက်နေတာကို မေးမြန်းခဲ့ ပါတယ်- သတင်းစာက သုံးနုံးတဲ့  မြန်မာနိုင်ငံမှာ မရှိတဲ့  လူမျိုးကို ဒေါ်အောင်ဆန်းစုကြည်က နာမည်ထုတ်ပြီး အင်တာဗျူး ဖြေကြားတာ မရှိတာကို တွေ့ ရပါတယ် ။
သတင်းစာက ဒီဖြစ်ရပ်တွေနဲ့  ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်ကြောင့်ကြမှုတွေ မရှိဘူးလား ၊ ဒေါ်စုက ဘာကြောင့်များ မပြောမဆိုတာလဲ ဆိုပြီး မေးခွန်းတွေ ထုတ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ကြောင့်ကြတယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ်-ပြီးတော့ ဒေါ်စုအနေနဲ့ ၎င်း ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်အနေနဲ့ ၊ ၄င်း ထာဝစဉ် တရား ဥပဒေ စိုးမိုးရေး ဆိုတာကို ရှိစေရန် လိုတယ် ဆိုတဲ့ အကြောင်း လေးလေး နက်နက် ပြောနေတာဖြစ်တယ် ။
ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေပြီး ခိုးဝင်စိမ့်ဝင်လာတဲ့  လူတွေ ရှိနေတာကြောင့် တနေ့ နေ့ မှာ ဒီပြသနာဟာ ဒီအကြောင်းအရာပေါ် အခြေခံပြီး ဖြစ်လာလိမ့်မယ် ။
ဒါပေမဲ့  ဘယ်သူကမှ တကယ်တမ်းကျရင် လေးလေးနက်နက် အဲဒီလို မတွေးတောခဲ့ ကြဘူး ။ ဘာဖြစ်လို့ လဲဆိုတော့ ပြသနာက မဖြစ်လာသေးဘူးလေ ။
ဒါ့ကြောင့် ကျမအနေနဲ့  တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်ဝပ်ပိပြားရေး လိုတယ် ဆိုတာကို လေးလေးနက်နက် ပြောနေခဲ့ တာဖြစ်တယ် ။
တကယ်လို့ တရား ဥပဒေ စိုးမိုးရေးသာ ရှိနေခဲ့ မယ်ဆိုရင် အနည်းဆုံးဥပဒေရဲ့ ထိမ်းချုပ်မှု အောက်မှာ ထိမ်းထိမ်းသိမ်းသိမ်းတော့ ရှိနေမှာဖြစ်တယ် ။
ဒါပေမဲ့  ဥပဒေနဲ့  ထိမ်းချုပ်မှု ရှိနေသည့် တိုင်အောင် ကျမတို့ ဟာ ဒီလူမျိုးစုနှစ်ခုရဲ့ စိတ်သဘောထားချင်း တူညီမှုတွေကို ကြိုးစားလို့ ရမှာ မဟုတ်ဘူးလေ။ ရှင်တို့ လဲ မတတ်နိုင်ပါဘူး ။ သူတို့ တွေဟာ မီးကွင်းတွေ ပစ်ပြီး မီးရို့ ကြတယ် ။ မိန်းခလေးတွေကို မုဒိမ်းကျင့်ကြတယ် ။ ပြီးတော့ လူတွေကို သတ်ဖြတ်နေကြတယ် ။
ရှင်တို့ အနေနဲ့  သူတို့ တွေကို အတူတကွ ထိုင်စေခိုင်းပြီး စကားပြောကြမယ်။ သဘောထားချင်း ကိုက်ညီအောင် လုပ်ပေးကြမယ် ဆိုတာက ဒီလို ပြသနာတွေ ကွဲပြားခြားနားနေတဲ့  လူမျိုးစုနှစ်စုကို ဘယ်လို လုပ်လို့ ရပါ့မလဲ ။
အဲဒါဟာ တကယ်တော့ လက်တွေ့ ကျတာမဟုတ်ပါဘူး ။ ကျမသေသေချာချာ ပြောနေတာက အဲဒီနေရာဒေသတွေမှာ ပေါက်ကွဲမှုတွေ မရှိရအောင် လုပ်ကြရမှာဖြစ်တယ် ။
ဒီတော့ ကျမလေးလေးနက်နက် ပြောနေတာက တရားဥပဒေစိုးမိုးရေး ရှိနေဖို့ လိုတာပါဘဲ ။ သူတို့ နှစ်ဖက်စလုံးဟာ ကျမကို တဖက်ဖက်က ၀င်ရောက်ပါဝင်စေချင်တယ် ။
လူမျိုးစု နှစ်စုစလုံးဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရလို့ ဘဲ ဖြစ်တယ် ။ ဒါ့အပြင် ရခိုင် လူမျိုးတွေကို ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက ကမ်းကုန်အောင် အလွန်အမင်း လူ့ အခွင့်အရေး ချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့ တာတွေရှိနေတယ် ။
ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာက ဒီပြသနာကို ဘယ်လိုအဖြေရှာ ဖြေရှင်းနိုင်မလဲလို့  ထပ်မေးတော့ ဒေါ်စုက ခုလို ဖြေခဲ့ ပါတယ် ။
ပထမဦးစွာ အနေနဲ့  နေရာဒေသတွေမှာ တရား ဥပဒေ စိုးမိုးရေးဆိုတာ ရှိဖို့ လိုအပ်နေပါတယ် ။ ကျမအနေနဲ့  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုဆိုတဲ့  စကားကို မုန်းတီးသူဖြစ်တယ် ။
ဘာကြောင့်လဲဆိုတော့ -၁၉၈၈-ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ တဲ့ အခါက အဲဒီနာမည်နဲ့  အစိုးရလုပ်ခဲ့ တာလေ။ သူတို့ က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ နဲ့  အစိုးရလို့  ခေါ်ခဲ့ တယ် ။
ခုတော့လဲ ကျမတို့ အနေနဲ့  တရားဥပဒေစိုးမိုးရေးအတွက် ပိုမိုပြီး လိုလိုလားလား ပြောရမယ်ဆိုရင် ဒီဟာကိုဘဲ ပြောရမှာဖြစ်ပါတယ် လို့  ဒေါ်အောင်ဆန်းစုကြည်ကဖြေကြားသွားပါတယ် ။
ဒီတော့ခါ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ခုလို ဖြေကြားပြောဆိုလိုက်တာဟာ ဗုဒ္ဒဘာသာဝင် လူမျိုးများအနေနဲ့  အထူးလေးစား ထောက်ခံရမဲ့  အကြောင်းအရာလို့  ပြောရတော့မှာ မဟုတ်ပါလား ။
ဘာဖြစ်လို့ လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဘယ်သူကမုဒိမ်းကျင့်ပြီး ဒီပဋိပက္ခကို စတင် ဖန်တီးခဲ့ တာလဲ ၊ လည်လှီး သတ်ဖြတ်တာတွေကို ဘယ်သူက ပြုလုပ်ခဲ့ တာလဲ ။
ဒါကို ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံရဲ့  နာမည်ကြီးသတင်းစာ တစောင်ကို ဖြေကြားလိုက်တာဖြစ်ပါတယ်။
Written byေ၇ွှမြန်မာ သတင်း
No comments:
Post a Comment