သံတွဲမှဆရာဝန်တစ်ဦး အစာအဆိပ်သင့်ကာသေဆုံး
ဒေါက်တာရဲလွင်ဇနီမောင်နှံ နှစ်ဦးမှာ နိုဝင်ဘာ ၁၃ ရက်နေ့က သံတွဲမြို့မှအပြန်လမ်းတွင် ဇလွန်ကျေးရွာရှိ ကိုညီလေးစားသောက်ဆိုင်တွင် စားသောက်ခဲ့ကြောင်းသိရသည်။
” သူတို့လင်မယားက သံတွဲသွားပြီး မိုးချုပ်မှ ရောက်တာ၊ သူတို့က အမြဲတမ်း နံနက်၉ နာရီထိ အိပ်တတ်ကြတယ် အဲဒီနေ့က လူတွေက သတိမထားမိကြဘူး၊ ကျောင်းသားလေးတွေ စာသင်ဖို့လာတော့ ဆူညံ့သံတွေကြားတော့မှ လူတွေက သိကြတာ၊ သူ့သားလေးက နိုးတော့ ခေါ်မရတော့မှ ဆေးရုံကိုယူသွားကြတယ်၊ ဆရာဝန်ကတော့ ဆုံးသွားပြီလို့သိရတယ်၊ “ ဟု ကျီးကန်းရဲရွာသူ တစ်ဦးက ပြောသည်။
ဒေါက်တာရဲလွင်တို့ ဇနီးမောင်နှံအား ကျီးကန်းရဲရွာမှ သံတွဲဆေးရုံသို့ နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ယူဆောင်ခဲ့ရာ ဦးရဲလွင်မှာ ဆေးရုံသို့မရောက်မှီ လမ်းတွင်သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူမှာ သတိပြန်ရနေပြီဖြစ်ကြောင်းသိရှိရသည်။
ဒေါက်တာရဲလွင်ဦးသည် ဂျာမနီနိုင်ငံမှ အင်ဂျီအို တစ်ခု၏ ထောက်ပံ့ချက်ဖြင့် ကျီးကန်းရဲရွာတွင် ပရဟိတ လုပ်ငန်းကို လုပ်ကိုင်ကာ အခမဲ့စာသင်ကြားခြင်း၊ အခမဲ့ဆေးထိုးခြင်းလုပ်ငန်းကို လုပ်နေကြောင်းသိရသည်။
Written by ဇင်ကီး
No comments:
Post a Comment