ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ
စစ်ဆေးခဲ့ရာတွင် ရိုဟင်ဂျာဟု တောင်းဆိုနေမှုများကြောင့် စစ်ဆေးမှုများ
နှောင့်နှေးနေခဲ့ရကြောင်း သတင်းရရှိပါသည်။
စစ်ဆေးရာတွင် အသက် ၁၈ နှစ် ပြည့်သူ ဘင်္ဂါလီများ၏ ဘိုးဘွားများ၊
အဖေအမေများ၏ မွေးရာဇာတိ၊ လုပ်ကိုင်ခဲ့သော အလုပ်အကိုင်၊ သေဆုံးခဲ့သောနေရာ
အစရှိသည်များကို မေးမြန်းခြင်းသာဖြစ်ပြီး ယင်းမေးမြန်းချက်များကို
လ၀ကအဖွဲ့မှ မှတ်တမ်းတင် ရေးသားခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။
သို့ရာတွင် ဘင်္ဂါလီများသည် ၈၂ ဥပဒေအတိုင်း မျိုးဆက်သုံးဆက်အထိကို
စစ်ဆေးမည်ဖြစ်သဖြင့် လက်မှတ်မထိုးဘဲ ရိုဟင်ဂျာဟုသာ
လက်မှတ်ရေးထိုးပေးရန်နှင့် မှတ်တမ်းတင်ပေးရန်
တောင်းဆိုမှုများရှိခဲ့ကြောင်းလည်း သိရသည်။
ပေါက်တောမြို့နယ်အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသူများကိုသာ
စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ခိုးဝင်ဘင်္ဂါလီများ ရှိ/မရှိကို
လေ့လာရဦးမည်ဖြစ်ကြောင်း သိရသည်။ စစ်ဆေးချက်များသည်
အရေးယူရန်စစ်ဆေးခြင်းမဟုတ်ဘဲ အားလုံးကို စစ်ဆေးပြီးမှသာ
ခိုးဝင်ဘင်္ဂါလီများရှိပါက အရေးယူသွားမည်ဟု သိရသည်။
ပေါက်တောမြို့နယ်အတွင်း စစ်ဆေးရာတွင် မကြာသေးမီရက်များက
စစ်ဆေးခြင်းများကို ရက်အနည်းငယ်အကြာ ရပ်တန့်ခဲ့ပြီးနောက် ဆက်လက်
စစ်ဆေးနေခြင်းဖြစ်ကြောင်း စစ်တပ်မှ လုံခြုံရေးတာဝန်ယူပေးထားသော
ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ပြောပါသည်။
စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့စီတွင် နစက၀န်ထမ်းလေးဦး၊
ရခိုင်ကိုယ်စားလှယ်နှစ်ဦး၊ ဘင်္ဂါလီကိုယ်စားလှယ်နှစ်ဦး၊ ရပ်ကွက်နှင့်
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ တပ်မတော်သား
သုံးဦးနှင့် လ၀က၀န်ထမ်းနှစ်ဦး စုစုပေါင်း ၁၈ ဦး ပါဝင်ကြောင်း
သိရှိရပါသည်။ နိုင်ငံတော်အစိုးရမှ မြန်မာနိုင်ငံအတွင်း
ရိုဟင်ဂျာမရှိကြောင်း ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် ထိုသို့
စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ စစ်ဆေးရာတွင် ဘင်္ဂါလီများအနေဖြင့်
ရိုဟင်ဂျာဟု ရေးသားဖော်ပြရန် တောင်းဆိုမှုများလည်း ရှိခဲ့သော်လည်း ယနေ့ထိ
လက်ခံခြင်းမရှိသေးကြောင်း သိရသည်။
ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်ပြီး ပေါက်တောမြို့နယ်အတွင်း
စစ်ဆေးနေရာတွင် နိုဝင်ဘာလ၂၀ ရက်နေ့အထိ အိမ်ထောင်စု ၃၇၀၀ ကျော်အား
စစ်ဆေးပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၂၃၀၀၀ ကျော်ကို
စစ်ဆေးခဲ့ပြီဖြစ်ကြောင်းလည်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏
သတင်းထုတ်ပြန်ရေးမှ သိရသည်။ ရခိုင်ပြည်နယ်အတွင်း
ဘင်္ဂါလီများပျံ့နှံ့နေထိုင်ရာတွင် မောင်တောမြို့နယ်၊
ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့သည် အများဆုံးဖြစ်ပြီး
ထိုမြို့နယ်များကို စစ်ဆေးရာတွင်
အင်အားတိုးချဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ |
Comments
ပြည်ထဲရေးက အခုမှ ကြောင်သူတော်လာလုပ်နေတယ် ထွီ
မင်းတို့ လိပ်လို အချိန်စွဲစစ်နေတာနဲ့ပဲ ဟိုမှာ တပြွတ်ပြွတ်နဲ့တိုးပွါးနေလောက်ပြီ။
ပြောရင်လဲ အောင်မင်းလွန်ရာကျအုန်းမယ်။ ကိုယ့်အကျိုးစီးပွါးမဟုတ်ရင် ဂရုမစိုက်တဲ့ သောက်သုံးမကျတဲ့ ===။ ထွီ ထွီ ထွီ
ဘင်္ဂလီဆိုရင်တော့ဘယ်တုန်းကရောက်လဲ ဘိုးဘွားဘယ်တုန်းကနေခဲ့လဲ သက်သေ ခိုင်လုံရင် နိုင်ငံသားဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။
ရိုဟင်ဂျာဆိုရင်တော့ ဒါမြန်မာပြည်နဲ့ လုံးဝမပတ်သက်တဲ့ လူသစ်တွေဖြစ်မယ်။
ဓလေ့ထုံးစံ၊ကိုယ်ပိုင်စာပေ၊အနုပညာနဲ့ရှည်လျားတဲ့သမိုင်းလမ်းကြောင်းတွေအခိုင်အမာရှိတယ်အထောက်အထားခိုင်လုံတယ်၊
အခုရိုဟင်ဂျာလို့ကိုယ့်ကိုယ်ကိုသတ်မှတ်ချင်တဲ့လူတွေမှာဒါမျိုးတွေရှိရဲ့လား၊အနဲဆုံးအယင်ကမျိုးဆက်(၃)ဆက်လောက်အထိ tracking လိုက်ကြည့်ပါအယင်မျိုးဆက်တွေဘယ်နေရာကလာရောက်လာသလဲ၊သူတို့ရောက်လာတဲ့
မူရင်းဒေသမှာရိုဟင်ဂျာလူမျိုးစုရိုဟင်ဂျာစကားဆိုတာရှိနေလား၊ပြောဆိုသုံးစွဲနေသလားဖြေပေးနိုင်ရမယ်၊အထောက်အထားပြနိုင်ရမယ်၊ အဲဒီမေးခွန်းတွေအကုန်လုံးကိုဘဲမှန်ကန်အောင်အရင်ဖြေကြည့်ပါ...
အဲဒီ စစ်ဆေးတဲ့ကိစ္စတွေကို အရှိန်အဟုန်မြှင့်ပြီး အမြန်ပြီးစီးစေချင်မိပါတယ်။ အိမ်အနောက်တံခါး မလုံတော့ အိမ်သားအားလုံးအတွက် ကျောချမ်းစရာပါပဲ။