ဆင်းကတ်ပျက်စီးမှု တစ်နေ့ ၃၀၀ ခန့်ရှိနေ
မိုဘိုင်းဖုန်း ဆင်းကတ်ပျက်စီးမှု လျှောက်ထားသူ တစ်နေ့လျှင် လူ ၃၀၀ နီးပါး ရှိနေသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ယင်းသို့ ကတ်ပျက်စီးခြင်း လျှောက်ထားရာတွင် ဂျီဖုန်းအများဆုံး ပါဝင်ပြီး ဖုန်းစတင် ရောင်းချပေးသည့် ကာလမှစ၍ ယနေ့အချိန်အထိ ကတ်ပျက် လျှောက်ထားမှု ပုံမှန်ရှိနေကြောင်း ၎င်းကဆက်လက် ပြောသည်။ “ဆင်းကတ် အရည်အသွေးကြောင့်လား၊ သုံးစွဲသူတွေ စည်းကမ်းမရှိလို့လား ဆိုတာတော့ မသိဘူး။ အနည်းဆုံး နေ့တောင် ၃၀၀ လောက်ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက မည်သို့သော အကြောင်းကြောင်းကြောင့် ကတ်ပျက်စီးမှုဖြစ်စေ ဆက်သွယ်ရေးအနေနှင့် ကတ်လဲလှယ်ခြင်း ကို နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးကြောင်း ပြောသည်။
“လျှောက်လွှာဖိုးတော့ ကုန်တယ်။ ကျန်တာတော့ ဘာမှ မပေးရဘူး။ လူများလို့ တန်းစီတဲ့စနစ်နဲ့ လဲလှယ်ခဲ့ရပါတယ်” ဟု တာမွေမြို့နယ်မှ ကတ်ပျက်စီးမှု လျှောက်ထားခဲ့သူ မတင်တင်မော်က ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်း ဆင်းကတ်များ ပျက်စီးမှုကို နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးနေသော်လည်း ကတ်ပျောက်ဆုံးမှုကို နှစ်သောင်း ကျပ်နှုန်းဖြင့် နှစ်ပတ်မျှ အချိန်ယူ ဆောင်ရွက်ပေးပြီး ဆက်သွယ်ရေးမှ ရောင်းချသည့် ဖုန်းတစ်မျိုးသာ ရွှေဂုံတိုင်ရုံးတွင် လျှောက်ထား ခွင့်ပြုကြောင်းသိရှိရကြောင်း ဆိုပါသည် ။
FROM:[_Popular New_]
(မောင်ကျောက်ခဲ အဖွဲ့)
No comments:
Post a Comment