Wednesday, December 5, 2012
ကုလား၊တရုတ်တွေနဲ့ ဇယားရှုပ်တဲ့တိုင်းပြည်..
by ဖိုး သိကြား on Tuesday, December 4, 2012 at 11:54pm · မကြီးမသေးတိုင်းပြည်လေးပါ..
ဒါပေမယ့် သူ့အထာနဲ့သူ
သူ့သမ္ဘာနဲ့သူ သူ့ရာဇ၀င်နဲ့သူပါပဲ..။
ဒီတိုင်းပြည်လေးက
သမိုင်းစဉ်လှတဲ့ သူရဲကောင်းတွေ
ပေါ်ထွန်းခဲ့ဖူးသလို
နှိုင်းယှဉ်မရတဲ့ သူယုတ်မာတွေလည်း
မွေးဖွားခဲ့ဖူးတယ်..။
ဒီတိုင်းပြည်လေးမှာ..
အောင်ဆန်းဇာနည်ဘာမထီရဲ့
ခေါင်းဆောင်မှုအောက်က
ပြည်သူအပေါ် မိဘအလားသဘောထားတဲ့
တပ်မတော်တရပ်ရှိခဲ့ဖူးတယ်..။
ဒီတိုင်းပြည်လေးမှာပဲ
အာဏာရှင်အုပ်စိုးမှုအောက်
မိုးပေါ်ထောင်မပစ်တတ်လို့ဟစ်ကြွေး
ညစ်ထေးရက်စက်မှုနဲ့အတူ
ပြည်သူကိုတည့်တည့်ပစ်သတ်တဲ့
အာဏာရှင်စစ်တပ်လည်းရှိခဲ့တယ်..။
ရှစ်ဆယ့်ရှစ်နောက်
စစ်တပ်ခေတ်အရောက်မှာတော့
ခေတ်ပျက်သူဌေးတွေ
အလျိုလျိုပေါက်ဖွားခဲ့တာများ
အပ်ချလောင်း..အလားပဲ...။
ခုတော့တိုင်းပြည်လေးမှာ
ကုလားတရုတ်တွေကပါ
ဇယားရှုပ်လာကြပြီလေ..။
ကုလားကထိကပါးရိကပါးလုပ်
တရုတ်ကအချောင်ဝင်တုပ်
ခရိုနီကလက်ဝါးကြီးအုပ်နဲ့
တိုင်းပြည်လေးကယိုင်နဲ့နဲ့ပေါ့...။
ပိုက်ဆံသာပေးလို့ကတော့
ပထွေးလား၊ခွေးလားနားမလည်
အကုန်ခေါ်ထားခဲ့တာများ
ခုဆို နောက်ဖက်ကကုလား
ကြီးထွားလို့ရိုင်းစိုင်းယုတ်ပက်
ကျွေးတဲ့လက်တောင် ပြန်ကိုက်နေပြီ..။
တရုတ်ကရောဘာထူးလို့လဲ
ဦးပိုင်နဲ့ဆက် ခရိုနီနဲ့ပတ်သက်ပြီး
တိုင်းပြည်လေးကို အသေသတ်ကြတယ်..။
တိုင်းပြည်ကိုအုပ်ချုပ်ထား
မင်းစိုးရာဇာအာဏာရှင်များကလည်း
တရုတ်ကိုဆရာတင်
ကျေးဇူးရှင်လို့ပုံလို့မှတ်
တိုင်းပြည်ကိုပေးအပ်
ကျေးဇူးဆပ်ရုံနဲ့အားမရပြန်
သံဃံသရဏံဂစ္ဆာမိအစား
တရုတ်သရဏံဂစ္ဆာမိဖော်ဆောင်လို့
မီးလောင်ဗုံးနဲ့ကထိန်ခင်းကြသတဲ့...။
တရုတ်ကိုကိုးကွယ်
ကုလားကိုဖက်တွယ်လို့
ပြည်သူ့အပေါ်ကျရက်စက်ကြသတဲ့..။
အော်.. သနားစရာတိုင်းပြည်လေးမှာ
ကုလားတရုတ်တွေ ဇယားရှုပ်နေသမျှ..
ခရိုနီအစုတ်ပလုတ်တွေ လက်ဝါးကြီးအုပ်နေသမျှ..
အလကားအစိုးရက မတရားအုပ်ချုပ်နေသမျှ..
ဒီတိုင်းပြည်လေးဟာ အသက်ငင်နေရှာရော့မယ်..။

Credit for photo : Myanmar Journal (https://www.facebook.com/photo.php?fbid=503991989635345&set=a.485595811474963.113499.178970842137463&type=1)
အားလုံးကိုချစ်ခင်လေးစားသော...ဖိုးသိကြား(05/12/2012)
No comments:
Post a Comment