Wednesday, December 5, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု မြန်မာ့စီးပွားရေးဦးပိုင် ပြောကြား


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု မြန်မာ့စီးပွားရေးဦးပိုင် ပြောကြား   PDF Print
Thursday, 06 December 2012 03:01
AddThis Social Bookmark Button
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မုံရွာကြေးနီစီမံကိန်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

''နိုင်ငံတော်အစိုးရက ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါ့ကြောင့် ဒီကော်မရှင်အဖွဲ့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု မြန် မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မုံရွာကြေး နီစီမံကိန်းဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတဖွဲ့စည်းပေးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍  ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်/မသင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဖွဲ့ဝင်၁၆ ဦးပါဝင်သောအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ပံတောင်းတောင် စီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီဖြစ်သည့် Myanmar Wanbao Mining Copper Limited တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments  

+1 #4 USaytanar 2012-12-06 09:26
For me.....
I would only say "Oo Paing should not be existed anymore".


Note: Oo Paing existed only to serve the generals. The properties of Oo Paing should be handed over to the ministries.
 
+11 #3 Khun July 2012-12-06 08:13
Quoting Zawtika:
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့
လေ့လာ တွေ့ရှိ သုံးသပ် ကောက်ချက်ချ အကြံပေး
အစီရင်ခံစာ ကို သူတို့ အလိုကျ ပြင်ဆင်ပီး ဖြစ်နေဘီ ဆိုတာကိုပါဘဲ။
ကျွန်တော့်ရဲ့ အမြင်ကတော့ ... ဒေါ်စုက ကော်မတီရဲ့ အစီရင်ခံစာကို ဦးပိုင်အလိုကျ ပြောင်းခွင့် ပြင်ခွင့်ပေးမှာ မဟုတ်လောက်ပါဘူး။ ရေရှည်အကျိုးကို မျှော်ကိုးပြီး တိုင်းပြည်အတွက် အဓိကထား စဉ်းစားမယ် ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ခင်ဗျာ။
 
+11 #2 shyat_sayagyi 2012-12-06 07:18
Quote:
''နိုင်ငံတော်အစိုးရက ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါ့ကြောင့် ဒီကော်မရှင်အဖွဲ့ရဲ့ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု မြန် မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မုံရွာကြေး နီစီမံကိန်းဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
မျက်လုံးကိုမှေးး...ထားပြီး အပြုံးတစ်ဝက်နဲ့ ပြောတယ်လို့မြင်ပါတယ်.... :-*
 
+22 #1 Zawtika 2012-12-06 05:54
ကျွန်တော့ Commment အဟောင်းလေးပါ။

#9 Zawtika 2012-12-04 05:59
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ကိုယ်ကျိုးရှာ လုပ်ကိုင်နေတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် က၊
သမ္မတဖွဲ့ပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ် လို့ နတ်သံပစ် နေပါတယ်။
ဒါဟာ ဘာကိုဖေါ်ပြသလဲဆိုတော့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်တဲ့
လက်ပံတောင်းတောင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့
လေ့လာ တွေ့ရှိ သုံးသပ် ကောက်ချက်ချ အကြံပေး
အစီရင်ခံစာ ကို သူတို့ အလိုကျ ပြင်ဆင်ပီး ဖြစ်နေဘီ ဆိုတာကိုပါဘဲ။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။