Wednesday, December 5, 2012

မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် မူဝါဒနှင့် စည်းမျဉ်းများ ရှင်းရှင်းလင်းလင်းဖြစ်ရေးမှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်သူများ မဲပေးရွေးချယ်


မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် မူဝါဒနှင့် စည်းမျဉ်းများ ရှင်းရှင်းလင်းလင်းဖြစ်ရေးမှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်သူများ မဲပေးရွေးချယ်   PDF Print
Wednesday, 05 December 2012 22:29
AddThis Social Bookmark Button

အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း

thn-6-12-1မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် မူဝါဒနှင့် စည်းမျဉ်းများ ရှင်းရှင်းလင်းလင်းရှိရေးမှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သော (၉) ကြိမ်မြောက် အာဆီယံ ခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မဲပေးရွေးချယ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် အဓိက ဦးစားပေး ပြုပြင်ရမည့် အချက်များကို တက်ရောက်လာသူများက မဲပေးရွေး ချယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအနက် မူဝါဒနှင့် စည်းမျဉ်းများ ရှင်းရှင်းလင်းလင်း ရှိရေးကို ၅၇ ရာခိုင်နှုန်းဖြင့် အဓိက ဦးစားပေးအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ပညာရေးနှင့် ကျွမ်းကျင်မှုများတွင် ရင်းနှီးမြှုပ်နှံရေးနှင့် ကောင်းမွန်သည့် အခြေခံ အဆောက်အဦ များရှိရေးတို့ကို ၂၁ ရာခိုင်နှုန်းစီ မဲပေးခဲ့ကြပြီး အခြားမှာ နှစ်ရာခိုင်နှုန်းဖြင့် မဲပေး ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် တက်ရောက်လာသူများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များတွင် ရင်း နှီးမြှုပ်နှံရန် မဲအများဆုံးပေးခဲ့ပြီး ခရီးသွားလာရေး၊ ပညာရေးနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်ရေး စသည့် ၀န်ဆောင်မှုကဏ္ဍများတွင် ဒုတိယဦးစားပေးအနေနှင့် ရင်းနှီးမြှုပ်နှံလိုကြောင်းနှင့် တတိယ ဦးစားပေးအနေနှင့် အခြေခံ အဆောက်အဦကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စတုတ္ထဦးစားပေးနှင့် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလိုမှုမှာ အနည်းဆုံးဖြစ်ကြောင်း မဲပေးဆန္ဒပြုခဲ့ကြသည်။
ထို့အပြင် အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာ့စီးပွားရေးနှင့် စပ်လျဉ်းသည့် ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများကို အမီလိုက်နိုင်ရန် အားထုတ်ကြိုး ပမ်းလျက်ရှိကြောင်း၊ ဗဟိုချုပ်ကိုင်သည့်စနစ်ကို လျော့ချလျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ နောက်ကြောင်းပြန်လှည့်မည်မဟုတ်ကြောင်းနှင့် ရှေ့သို့ဦးတည်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက မြန်မာ့စီးပွားရေးနှင့်ပတ်သက်သည့် ဦးစားပေးဆောင်ရွက်ရမည့် အချက်များကိုလည်း အကြံပြုပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေသည့် မြေယာဈေးကစားမှုကို ကိုင်တွယ် ဖြေရှင်းရန်လိုအပ်ကြောင်းနှင့် အလုပ်အကိုင်များ ဖန်တီးရန်အတွက် စက်ရုံများတည်ဆောက်ရန် စက်မှုဇုန်များ၏ မြေကွက်ဈေးနှုန်းကို ရင်းနှီးမြှုပ်နှံသူများ လုပ်သာကိုင်သာရှိမည့် ဈေးနှုန်းသို့ ရောက်ရှိလာရေးနှင့် ယင်းကိစ္စများကို နိုင်ငံရေးသမားများက ရဲရဲရင့်ရင့် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့အတူ အစိုးရများနှင့် ထိပ်တန်းကုမ္ပဏီကြီးများ၏ အကြံပေးပုဂ္ဂိုလ်နှင့် The Competitiveness Institute ၏ တည်ထောင်သူ ဒါရိုက်တာ ပါမောက္ခ မိုက်ကယ်အင်ရိုက် ကလည်း ''မြန်မာနိုင်ငံမှာ ဆင်းရဲချမ်းသာကွာဟမှုနဲ့ မြို့ပြနဲ့ ကျေးလက် ကွာဟမှုတို့ကို ပထမ ဦးစားပေး ဆောင်ရွက်ဖို့လိုပါတယ်'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ်ကျင်းပသော ၂၀၁၂ ခုနှစ် အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲ(ASEAN 100 Leadership Forum) သို့ အာဆီယံနိုင်ငံများ၏ စီးပွားရေး အဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ စုစုပေါင်း ၁၈၀ ခန့် တက်ရောက်ခဲ့ကြသည်။
ယခုနှစ်ကျင်းပသည့် ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ လျင်မြန်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့် အချိန်ကာလအတွင်း ရောက်ရှိနေသလို နိုင်ငံတကာအသိုင်းအ၀ိုင်းသည်လည်း ကမ္ဘာ့စီးပွားရေးအကျပ်အတည်း၏ ရိုက်ခတ်မှုများမှ ရုန်းထွက်နေရဆဲ အချိန်ကာလဖြစ်သည်။ ယခုနှစ်ဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်မှာ Turbulent World. Rising Asia. Where do we go from here? ဖြစ်ပြီး အဖွင့် မိန့်ခွန်းကို မလေးရှားတော်ဝင် အိမ် ရှေ့မင်းသား Raja Nazrin Shah က ပြောကြားခဲ့သည်။
 

Comments 

 
+20 #1 အောင်ဘု 2012-12-06 06:47
စစ်အစိုးရလက်ထက် မိမိလုပ်ငန်းတာဝန်ကို အလွဲသုံးစားလုပ် နောက်ကွယ်က လဘ်သိပ်ထိုး နီးစပ်ရာသူများကို လုပ်ပိုင်ခွင့်ချထား ပြည်သူလူထုအသိမခံ ခြေပုန်းခုတ်အမြတ်ထုတ် မတရားအခွင့်ရေး ရယူထားသူများကို ပြန်လည်စီစစ်ဖေါ်ထုတ်ကြရမည်
ပွင့်လင်းမြင်သာသော စီးပွါးရေးယှဉ်ပြိုင်လုပ်ကိုင်မှု့များဖန်တီးပြီး တိုင်းပြည်၏အဖက်ဖက်က ဆုတ်ယုတ်နိမ့်ကျနေမှု့များကို မြှင့်တင်ကြရမည်ဖြစ်သည်
မိမိကိုယ်ကျိုးတစ်ခုတည်းကြည့်ပြီး ယနေ့ ပြုပြင်ပြောင်းလဲနေမှု့များကို နှောက်ယှက်ပိတ်ပင် တားဆီးနေသူများကို
ရှာဖွေဖေါ်ထုတ်ကြပါ
ကျွန်တော်တို့ တိုင်းပြည်ပြန်လည် တိုးတက်ရေးအတွက် မိမိတို့တက်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီကြပါစို့
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။