Wednesday, December 5, 2012

ဒဏ်ရာသက်သာသည့် သံဃာတော်များကို ဆေးရုံပြောင်း


ဒဏ်ရာသက်သာသည့် သံဃာတော်များကို ဆေးရုံပြောင်း  


The Voice Weekly , 5 December 2012  —  မန္တလေးပြည်သူ့ ဆေးရုံတွင် လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွဲမှု ကြောင့် ဆေးရုံတက်ရောက် ကုသနေသူ များအနက် ရောဂါ သက်သာသည့် ဆရာတော် များကို ၆၂ လမ်း ကုတင် ၃၀၀ဆံ့ သင်ကြားရေး ဆေးရုံ လက်အောက်၊ ကန်တော်နဒီ ဆေးရုံသို့ ယနေ့ ညနေ ၅ နာရီတွင် ပြောင်းရွှေ့ ကုသ ပေးနေကြောင်း သံဃာတော် များက မိန့်ကြားသည်။

ဆေးရုံကြီးတွင် သံဃာတော် ၆၈ ပါး တက်ရောက် ကုသလျက် ရှိရာ လူနာနှင့် နေရာ မမျှသည့် အတွက် သက်သာသည့် သံဃာတော် ၃၇ ပါးကို ပြောင်းရွှေ ကုသပေးခြင်း ဖြစ်ကြောင်း လူမှုရေးရာ ဝန်ကြီး ဒေါက်တာ ဝင်းလှိုင်က ပြောကြားသည်။ ယခင်က သံဃာတော် များက သဘော မတူ သော်လည်း နေရာ အခက်အခဲ မျက်မြင် တွေ့ကြုံရမှုနှင့် ဆရာဝန် များ၏ လျှောက်ထားမှု ကြောင့် ပြောင်းရွှေ့ရန် သဘော တူလိုက်ကြောင်း သံဃာတော် အချို့က မိန့်ကြားသည်။
“သံဃာတော် တွေက များနေတဲ့ အတွက် မီးလောင်ဒဏ်ရာ ကနေ ပိုးကူးစက် လွယ်တယ်၊ ဒါကြောင့် နေရာပြောင်းရွှေ့ ကုသဖို့ စီစဉ်တာပါ၊ ဟိုဆေးရုံ မှာက နှစ်ပါးတစ်ခန်း ထားပြီး ကုသ ပေးမှာပါ” ဟု ဒေါက်တာ ဝင်းလှိုင်က ဆိုသည်။ သက်သာသည့် သံဃာတော်များ ပြောင်းရွှေ့ ကုသ သကဲ့သို့ အရေပြား အစားထိုးရန် သံဃာ တော်ငါးပါး ခွဲစိတ်ခန်း ဝင်နေကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေး အဖွဲ့မှ သိရသည်။
မီးလောင်ဗုံး ဒဏ်ရာများကို ကုသရန် အိန္ဒိပညာရှင်များ ကူညီနိင်ဟု
ကောင်စစ်ဝန် ကမ်းလှမ်း
 
……………………..……………………..……………………..….
The Voice Weekly , 5 December 2012  — လက်ပံတောင်းတောင် ဆန္ဒပြမှု အင်အားသုံး ဖြိုခွင်း ခံရမှုနှင့် ပတ်သက်၍ အရေပြား ဒဏ်ရာများ အစားထိုး ကုသရန် အတွက် အိန္ဒိယမှ ကျွမ်းကျင် ပညာရှင်များ ဖိတ်ခေါ် နိုင်ကြောင်း အိန္ဒိယ ကောင်စစ်ဝန် ရုံးမှ ကမ်းလှမ်းမှု ရှိကြောင်း၊ မန္တလေး ပြည်သူ့ ဆေးရုံရှိ ဆရာဝန် များဖြင့် လုံလောက် နေ သဖြင့် မလိုအပ် သေးကြောင်း ဒေါက်တာ ဝင်းလှိုင်က ပြောကြားသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။