အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က NDTV သတင်းဌာနနှင့်
အင်တာဗျူးတွင် ရခိုင်အရေး၌
ဘက်မလိုက် ရပ်တည်ခဲ့မှုနှင့် ပတ်သက်ပြီး
ရှင်းလင်းဖြေကြားသွားခဲ့သည်။
ရိုဟင်ဂျာများဘက်မှရပ်တည်မပေးခဲ့ဟု ဝေဖန်ခဲ့မှုများနှင့်ပတ်သက်ပြီး
မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး
''အကြမ်းဖက်မှုတွေဟာ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။
ဒါကြောင့် ကျွန်မအနေနဲ့ ဘယ်ဘက်ကမှ မရပ်တာကို လိုလားပါတယ်။ ပြန်လည်
ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်လိုတာကြောင့်လည်း ပါပါတယ်'' ဟု ဖြေကြားခဲ့သည်။
''နယ်စပ်ကနေ တရားမ၀င် ခိုးဝင်မှုတွေကလည်း အခုထိ အမြောက်အများ
ရှိနေတယ်မဟုတ်လား။ ဒါကိုကျွန်မတို့ ရပ်တန့်ရပါမယ်၊ ဒါမှမဟုတ်ရင် ဒီပြဿနာ
ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း ပြောမယ်။ ဒီလူတွေက
မြန်မာပြည်က လာတာ။ မြန်မာပြည်ကလူတွေကလည်း ပြောမယ် ဒီလူတွေက
ဘင်္ဂလားဒေ့ရှ်ကလာတာလို့လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံ တစ်ခုတည်းနှင့်သာ သက်ဆိုင်သည့်
နယ်ခြားပြဿနာဟု အများစုက ထင်မြင်နေကြသော်လည်း တစ်ကယ်တမ်းတွင်
ဘင်္ဂလားဒေ့ရှ်နှင့်ပါ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သုံးသပ်ခဲ့သည်။
''ဒါဟာ ကြီးကျယ်တဲ့ နိုင်ငံတကာနဲ့ ဆိုင်တဲ့အဖြစ်ဆိုးပါ။ ဒါကြောင့်
ကျွန်မက အစိုးရမှာ နိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့ မူဝါဒ ရှိရမယ်လို့
ပြောတာပေါ့။ ကျွန်မတို့မှာ နိုင်ငံသားဥပဒေ ရှိပါတယ်။ အဲဒါအရ
အကျုံးဝင်တဲ့သူအားလုံးဟာ နိုင်ငံသားဖြစ်ခွင့်ရမှာပါ။ ကျွန်မတို့ ဒီကိစ္စကို
ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ'' ဟု ဒေါ်အောင်ဆန်းစုကြည် က
ပြောကြားခဲ့သည်။
''အခုက အဲဒီဥပေဒအရ ဘယ်လိုလူတွေက နိုင်ငံသားဖြစ်ပြီး ဘယ်လိုလူတွေက
ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းလာတဲ့ လူတွေဖြစ်မလဲဆိုတာ အငြင်းပွားနေကြတာပါ။
အရမ်းစိတ်ဝင်စားစရာ ကောင်းသလို စိတ်ရှုပ်စရာလဲကောင်းတဲ့ ပြဿနာတစ်ရပ်လုံးနဲ့
ပတ်သက်တဲ့အချက်က အများစုက ဒီနယ်ခြားပြဿနာမှာ နိုင်ငံတစ်နိုင်ငံတည်း
ပါဝင်ပတ်သက်နေတာလို့ ထင်နေတဲ့ ကိစ္စပါ။ ဒါပေမဲ့ နှစ်နိုင်ငံ ရှိပါတယ်။
တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်၊ တစ်ဖက်မှာ မြန်မာရှိပါတယ်။ လုံခြုံရေးနဲ့
နယ်စပ်လုံခြုံရေးအတွက် နှစ်နိုင်ငံလုံးမှာ တာဝန်ရှိပါတယ်'' ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
''အခုအခိုက်အတန့်မှာ လူတိုင်းကထင်နေကြတာက ဒီနယ်ခြားဟာ မြန်မာက
လုံးဝတာဝန်ယူရမဲ့ကိစ္စ လို့ပါ။ အားလုံးထဲမှာ ပထမဆုံးလုပ်ရမှာက
တရားဥပဒေစိုးမိုးမှု အတည်တကျ ဖြစ်အောင်ပါ။ အကြမ်းဖက်မှုတွေ နောက်ထပ်
ထပ်မဖြစ်အောင် လုပ်ရမယ်။ ဒါက လိုအပ်တဲ့ လုံခြုံရေး ထားရှိရမယ်ဆိုတဲ့
သဘောပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Ref:NDTV, DailyTimes, Times of India |
Comments
လိုအပ်ရင်နိုင်ငံသားတိုင်းဟာနိုင်ငံကိုကာကွယ်ဖို့ဝန်မလေးပါဘူး
ဒါပေမဲ့  ဥပဒေနဲ့  ထိမ်းချုပ်မှု ရှိနေသည့်တိုင်အောင် ကျမတို့ ဟာ ဒီလူမျိုးစုနှစ်ခုရဲ့ 
စိတ်သဘောထားချင်း တူညီမှုတွေကို ကြိုးစားလို့ ရနိုင်မှာမဟုတ်ဘူးလေ။ ရှင်တို့ လဲ
မတတ်နိုင်ပါဘူး ။ သူတို့ တွေဟာ မီးကွင်းတွေပစ်ပြီး မီးရို့ ကြတယ် ။ မိန်းခလေးတွေကို
မုဒိမ်းကျင့်ကြတယ် ။ ပြီးတော့ လူတွေကို သတ်ဖြတ်နေကြတယ် ။
ရှင်တို့ အနေနဲ့  သူတို့ တွေကို အတူတကွထိုင်စေခိုင်းပြီး စကားပြောကြမယ်။
သဘောထားချင်း ကိုက်ညီအောင် လုပ်ပေးကြမယ် ဆိုတာက ဒီလို ပြသနာတွေ
ကွဲပြားခြားနားနေတဲ့  လူမျိုးစုနှစ်စုကို ဘယ်လို လုပ်လို့ ရပါ့မလဲ ။
ဒီတော့ ကျမလေးလေးနက်နက် ပြောနေတာက တရားဥပဒေစိုးမိုးရေး ရှိနေဖို့ လိုတာပါဘဲ ။ ကျမသေသေချာချာပြောနေတာက အဲဒီနေရာဒေသတွေမှာ ပေါက်ကွဲမှုတွေ မရှိရအောင် လုပ်ကြရမှာဖြစ်တယ် ။
သူတို့ နှစ်ဖက်စလုံးဟာ ကျမကို တဖက်ဖက်က ၀င်ရောက်
ပါဝင်စေချင်တယ် ။ လူမျိုးစုနှစ်စုစလုံးဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရလို့ ဘဲ ဖြစ်တယ် ။ ဒါ့အပြင် ရခိုင်လူမျိုးတွေကို ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက လူ့ အခွင့်အရေးချိုးဖေါက်မှုတွေ ပြုလုပ်ခဲ့တာတွေရှိနေတယ် ။
တကယ်လို့ တရားဥပဒေစိုးမိုးရေးသာရှိနေခဲ့ မယ်ဆိုရင် အနည်းဆုံးဥပဒေရဲ့ 
ထိမ်းချုပ်မှုအောက်မှာထိမ်းထိမ်းသိမ်းသိမ်းတော့ ရှိနေမှာဖြစ်တယ် ။ နေရာဒေသတွေမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိဖို့ 
လိုအပ်နေပါတယ် ။
……..မုဒိမ်းကျင့်လူသတ်မီးကွင်းပစ်မီးရှို့ နေတဲ့ လူတွေကို ရှင်တို့ လဲ မတတ်နိုင်ပါဘူးလို့  ဒေါ်စုပြောလိုက်ပြီ (ေ၇ွှမြန်မာ သတင်း )…….
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကိုရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ကြီးသတင်းစာတစောင်ဖြစ်တဲ့  ( The Hindu ) နေ့ စဉ်ထုတ်သတင်း စာက တွေ့ ဆုံမေးမြန်းခန်း အင်တာဗျူးပြုလူပ်ခဲ့ တယ် ။
အဲဒီတွေ့ ဆုံမေးမြန်းခန်းမှာ သတင်းစာက ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ 
ဖြစ်စဉ်တွေနဲ့  ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတွေနဲ့  မွတ်ဆလင်ကုလား လူမျိုးတွေရဲ့  ပဋိပက္ခဖြစ်ပျက်နေတာကို မေးမြန်းခဲ့ ပါတယ်- သတင်းစာက သုံးနုံးတဲ့  မြန်မာနိုင်ငံမှာ
မရှိတဲ့  လူမျိုးကို ဒေါ်အောင်ဆန်းစုကြည်က နာမည်ထုတ်ပြီး အင်တာဗျူး ဖြေကြားတာ မရှိတာကို တွေ့ ရပါတယ်။
သတင်းစာက ဒီဖြစ်ရပ်တွေနဲ့  ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိုး
ရိမ်ကြောင့်ကြမှုတွေ မရှိဘူးလား ၊ ဒေါ်စုက ဘာကြောင့်များ မပြောမဆိုတာလဲ ဆိုပြီး မေးခွန်းတွေထုတ်ပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်ကစိုးရိမ်ကြောင့်ကြတယ်ဆိုတဲ့ အကြောင်း ပြောပြပါတယ်-
ပြီးတော့ ဒေါ်စုအနေနဲ့ ၎င်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ၊ ၄င်း ထာဝစဉ် တရားဥပဒေစိုးမိုးရေးဆိုတာကို ရှိစေရန် လိုတယ်ဆိုတဲ့ အကြောင်း လေးလေး
နက်နက်ပြောနေတာဖြစ်တယ် ။
ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေပြီး ခိုးဝင်စိမ့်ဝင်လာတဲ့ 
လူတွေ ရှိနေတာကြောင့် တနေ့ နေ့ မှာ ဒီပြသနာဟာ ဒီအကြောင်းအရာပေါ်
အခြေခံပြီး ဖြစ်လာလိမ့်မယ် ။
ဒါ့ကြောင့်ကျမအနေနဲ့  တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်ဝပ်ပိပြားရေးလိုတယ်ဆိုတာကို လေးလေးနက်နက်ပြောနေခဲ့ တာဖြစ်တယ် ။
.......''အခုက အဲဒီဥပေဒအရ ဘယ်လိုလူတွေက နိုင်ငံသားဖြစ်ပြီး ဘယ်လိုလူတွေက ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းလာတဲ့ လူတွေဖြစ်မလဲဆိုတာ အငြင်းပွားနေကြတာပါ။ အရမ်းစိတ်ဝင်စားစရာ ကောင်းသလို စိတ်ရှုပ်စရာလဲကောင်းတဲ့ ပြဿနာတစ်ရပ်လုံးနဲ့ ပတ်သက်တဲ့အချက်က အများစုက ဒီနယ်ခြားပြဿနာမှာ နိုင်ငံတစ်နိုင်ငံတည်း ပါဝင်ပတ်သက်နေတာလို့ ထင်နေတဲ့ ကိစ္စပါ။ ဒါပေမဲ့ နှစ်နိုင်ငံ ရှိပါတယ်။ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်၊ တစ်ဖက်မှာ မြန်မာရှိပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် နှစ်နိုင်ငံလုံးမှာ တာဝန်ရှိပါတယ်။ 'အခုအခိုက်အတန့်မှာ လူတိုင်းကထင်နေကြတာက ဒီနယ်ခြားဟာ မြန်မာက လုံးဝတာဝန်ယူရမဲ့ကိစ္စ လို့ပါ။..............
....ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံ တစ်ခုတည်းနှင့်သာ သက်ဆိုင်သည့် နယ်ခြားပြဿနာဟု အများစုက ထင်မြင်နေကြသော်လည်း တစ်ကယ်တမ်းတွင် ဘင်္ဂလားဒေ့ရှ်နှင့်ပါဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သုံးသပ်ခဲ့သည်။................
......အားလုံးထဲမှာ ပထမဆုံးလုပ်ရမှာက တရားဥပဒေစိုးမိုးမှု အတည်တကျ ဖြစ်အောင်ပါ။ အကြမ်းဖက်မှုတွေ နောက်ထပ် ထပ်မဖြစ်အောင် လုပ်ရမယ်။ ဒါက လိုအပ်တဲ့ လုံခြုံရေး ထားရှိရမယ်ဆိုတဲ့ သဘောပါ''.................
......ရိုဟင်ဂျာများဘက်မှ ရပ်တည်မပေးခဲ့ဟု ဝေဖန်ခဲ့မှုများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး ''အကြမ်းဖက်မှုတွေဟာ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ကျွန်မအနေနဲ့ ဘယ်ဘက်ကမှ မရပ်တာကို လိုလားပါတယ်။ ပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်လိုတာကြောင့်လည်း ပါပါတယ်'' ဟု ဖြေကြားခဲ့သည်။................
......''နယ်စပ်ကနေ တရားမ၀င် ခိုးဝင်မှုတွေကလည်း အခုထိ အမြောက်အများ ရှိနေတယ်မဟုတ်လား။ ဒါကိုကျွန်မတို့ ရပ်တန့်ရပါမယ်၊ ဒါမှမဟုတ်ရင် ဒီပြဿနာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း ပြောမယ်။ ဒီလူတွေက မြန်မာပြည်က လာတာ။ မြန်မာပြည်ကလူတွေကလည်း ပြောမယ် ဒီလူတွေက ဘင်္ဂလားဒေ့ရှ်ကလာတာလို့လေ'..................
.....''ဒါဟာ ကြီးကျယ်တဲ့ နိုင်ငံတကာနဲ့ ဆိုင်တဲ့အဖြစ်ဆိုးပါ။ ဒါကြောင့် ကျွန်မက အစိုးရမှာ နိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့ မူဝါဒ ရှိရမယ်လို့ ပြောတာပေါ့။ ကျွန်မတို့မှာ နိုင်ငံသားဥပဒေ ရှိပါတယ်။ အဲဒါအရ အကျုံးဝင်တဲ့သူအားလုံးဟာ နိုင်ငံသားဖြစ်ခွင့်ရမှာပါ။ ကျွန်မတို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ''။...............
( ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ရှိပြီးသားဥပဒေဆိုတာ ဟိုတလောက လွှတ်တော်မှာ လက်ရှိအတိုင်းပဲထားဖို့ ရခိုင်အမတ်တွေ ထောက်ခံဆွေးနွေးထားတဲ့ ၁၉၈၀ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေကိုပြောတာပါ။ ဘင်္ဂါလီတွေက အဲဒီဥပဒေကိုပြင်ချင်ကြတယ်။ ရခိုင်တွေနဲ့ ကျန်တဲ့သူတွေက ဒီအတိုင်းပဲ ရှိစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှိပြီးသားအတိုင်းပဲဖြစ်ရမယ်လို့ဖြေလိုက်ပါတယ်။ )
ဘယ်ဟုတ်မလဲ သူတို့အစိုးရကိုယ်တိုင်က သူ့နိုင်ငံကအခြေအနေမဲ့ ဆင်းရဲမွဲတေနေသူတွေကို ဒုက္ခသည်စခန်းနောက်ပေါက်ကနေ မသိမသာသွင်းနေတာဖြစ်ပါတယ် မြန်မာပြည်က ဖမ်းဆီးနှိပ့်စက်လို့ ထွက်ပြေးလာသူများအဖြစ် နိုင်ငံတကာက အမြင်မှားအောင် အကွက်ဆင်လိမ်ညာပြီး သူ့နိုင်ငံတွင်းပြဿနာတွေကို ဒီနည်းနဲ့ဖြေရှင်းနေပါတယ် ယနေ့ဘင်္ဂလားမှာ နိုင်ငံစီးပွါးရေး အကျယ်အဝန်းနဲ့ မမျှတအောင် လူဦးရေအဆမတန် ပေါက်ကွဲထွက်နေပါတယ်
ရသမျှနည်းပေါင်းစုံနဲ့ ဒေသတွင်းနိုင်ငံတွေဆီကို ခိုးဝင်နေကြတာကို သတင်းတွေမှာ သိမြင်နေကြမှာပါ မြန်မာ ထိုင်း မလေးရှား အင်ဒိုနီးရှားနဲ့ သြစတေးလျှားအထိရောက်ပါတယ် ရောက်တဲ့အရပ်မှာ သူတို့အစိုးရရဲ့ နောက်ကွယ်ကလမ်းညွန်မှု့အရ မြန်မာပြည်ကလာတဲ့ ဒုက္ခသည်တွေပါဆိုပြီး လုပ်တယ် နယ်မြေခြင်းထိစပ်နေတဲ့ ကျွန်တော်တို့ဆီမှာ အများဆုံး အဆိုးဆုံးပဲ ဖမ်းမိရင် မလေးရှားဖက်သွားမလို့ပါဆိုပြီး တဖက်လှည့်ပြောတယ် မြန်မာပြည်လွတ်လပ်ရေးမရခင်ကတည်းက ဒေသခံတိုင်းရင်းသားတွေ အင်အားနည်းလာအောင် ဆက်လက်မနေရဲအောင် အုပ်စုဖွဲ့ ဆူပူသောင်းကျန်း မီးရှို့သတ်ဖြတ်လာကြတာ အခုဆိုရင် ၇ ကြိမ်ရှိပြီ အဲဒီလိုနဲ့လုပ်လာတာ ယနေ့ ရခိုင်ရွာတွေနည်းလာနေပြီ ကိုယ်ဒေသကိုယ်မနေရဲတဲ့ ဘဝရောက်နေပြီ ဒီတိုင်းဆက်ထားလို့မဖြစ်တော့ဘူး
ရမလားလို့ အကြံနဲ့အကွက်ဆင်ပြီး ရိုဟင်ဂျာ တိုင်းရင်းသားပါဆိုပြီးလုပ်တယ် အခြေအနေမဟန်တော့ ၁၉၈၂ နိုင်ငံသားဥပေဒကို ပြင်ဆင်ဖို့လိုတယ်ဆိုပြီး နောက်တမျိုးလာပြန်ပါပြီ နိုင်ငံသားအဖြစ် လက်ခံသင့်သတဲ့
ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး ခိုးဝင်ကျူးကျော်လာသူတွေကို ကမ္ဘာ့ဘယ်နိုင်ငံမှာမှ လက်ခံတာမရှိပါဘူး
ဒါဟာ ခေတ်သစ်နယ်မြေချဲ့ထွင် ကျူးကျော်သိမ်းပိုက်မှု့ဖြစ်ပါတယ် အစ္စလာမ်မစ်နယ်မြေဖြစ်အောင် ချဲ့ထွင်လာခြင်းဖြစ်တယ် OIC ဆီလိုအဖွဲ့အစည်းတွေက နောက်ကွယ်ကနေ ထောက်ပံ့ကူညီအားပေးနေကြတယ် UN အဖွဲ့အစည်းတွေထဲမှာ ထိုးဖေါက်စိမ့်ဝင်ပြီး ဟန်ချက်ညီ လှုပ်ရှားနေကြတယ် ရှေ့ဆက် ပါ့ပေါ့မနေကြဖို့ အလွန်အရေးကြီးပါတယ် အားလုံးကိုအချိန်ယူပြီး ဥပဒေနဲ့အညီ မောင်းထုတ် ရှင်းလင်းပစ်ကြရပါမယ်
ဒါဟာ ပြည်ထောင်စုအရေး အမျိုးသားရေးဖြစ်လို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ် အခုကတည်းက တိတိကျကျမဖြေရှင်းရင် နောင်တချိန်မှာ ရှင်းလို့မရနိုင်လောက်အောင်ကို ပြဿနာပိုကြီးလာပါလိမ့်မယ် တိုင်းပြည်အတွက် အင်မတန်အန္တရာယ်ကြီးပါတယ်
နိုင်ငံတိုင်းမှာ အချုပ်အခြာအာဏာပိုင်ဆိုင်မှု့နဲ့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကိုယ်ပိုင်ပြဋ္ဌါန်းထားတဲ့ ဥပဒေတွေရှိပါတယ် မည်သူမှ ဝင်ရောက်စွက်ဖက် ခြယ်လှယ်ပိုင်ခွင့် မရှိပါဘူး တိုင်းရင်းသားများ အားလုံးညီညွတ်ရင် ဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံတွေရဲ့ဖိအားပေး အကြပ်ကိုင်မှု့တွေကိုမှ ဂရုစိုက်စရာမလိုပါဘူး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်
ကျွန်မတို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ
အရမ်းစိတ်ဝင်စားစရာ ကောင်းသလို စိတ်ရှုပ်စရာလဲကောင်းတဲ့ ပြဿနာတစ်ရပ်လုံးနဲ့ ပတ်သက်တဲ့အချက်က အများစုက ဒီနယ်ခြားပြဿနာမှာ နိုင်ငံတစ်နိုင်ငံတည်း ပါဝင်ပတ်သက်နေတာလို့ ထင်နေတဲ့ ကိစ္စပါ။ ဒါပေမဲ့ နှစ်နိုင်ငံ ရှိပါတယ်။ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်၊ တစ်ဖက်မှာ မြန်မာရှိပါတယ်။
ဒီနေ့ NLD ဥက္ကဌ ဟာ မနက်ဖြန်မှာ နိုင်ငံခေါင်းဆောင်လုပ်နိုင်မယ့် ရင့်ကျက်မှု ရှိနေပြီလို့ မြင်နိုင်ပါပြီ
http://www.youtube.com/watch?v=wZTQylcnjF8
နောက်ကြောင်းပြန်လှည့် နိုင်သော အကြောင်းတရား တခု ဖန်တီးနိုင်သောကြောင့် အကူအညီသဘောမျိုး မေတ္တာ၇ပ်မေးမြန်းရခြင်းဖြစ်ပါသည်။
အကယ်၍ နောက်ပြန်လှည့်ခဲ့ လျှင် နောက်ဘက်တွင် ဂျောက်ကြီးသာရှိ၍ မြန်မာသည် လူညာဟုသတ်မှတ်ခံရကာ ဂျေက်ြကြီးထဲသို့ကျရုံသာ ရှိလိမ့်တော့မည်ထင်ပါသည်။