Saturday, November 17, 2012

မြန်မာအပါအဝင် အာရှခရီးစဉ် အမေရိကန်သမ္မတအိုဘားမား စတင်


မြန်မာအပါအဝင် အာရှခရီးစဉ် အမေရိကန်သမ္မတအိုဘားမား စတင် 


Planet Myanmar Network ,17 November 2012  —- အမေရိကန်သမ္မတ ဘာရတ်အိုဘားမားသည် ၎င်း၏ အာရှဒေသခရီးစဉ်ကို ဝါရှင်တန်အနီး အင်ဒရူးလေတပ်စခန်းမှ Air Force One လေယာဉ်ဖြင့် ယနေ့ စတင်ထွက်ခွာပြီ ဖြစ်သည်။ ယခုခရီးစဉ်သည် ဒုတိယသမ္မသက်တမ်းအတွက် ထပ် မံရွေးကောက် ခံရပြီးနောက် အိုဘားမား၏ ပထမဆုံးနိုင်ငံရပ်ခြား ခရီးစဉ်လည်းဖြစ်သည်။

သမ္မတအိုဘားမားသည် ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ သွားရောက်မည်ဖြစ်။ နိုဝင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိမည့် ခရီးစဉ်မှာ အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် သမိုင်းဝင်မည်ဖြစ်သည်။ အိုဘားမားသည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ဝါရှင်တန်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း Reuters သတင်းက ပြောကြားသည်။
(ဓာတ်ပုံ – REUTERS/Jason Reed REUTERS)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။