ဒေါက်တာအေးမောင် ကို ပြည်ထောင်စုလွှတ်တော် နာယက သတိပေး
ဒေါက်တာအေးမောင် ကို ပြည်ထောင်စုလွှတ်တော် နာယက သတိပေး
by mmnewshub
The Voice Weekly , 16 November 2012 —- ယနေ့ ပြုလုပ်သော
ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လူထု က
တိုက်ရိုက် ရေးဆွဲခြင်း ဟုတ် ၊ မဟုတ် နှင့် တပ်မတော်သား ကိုယ်စာလှယ် ၂၅
ရာခိုင်နှုန်း ပါဝင်သည့် ကိစ္စ နှင့် ပတ်သက်၍ မေးခွန်း ထုတ်ခဲ့သည့်
ဒေါက်တာအေးမောင် ကို ပြည်ထောင်စု လွှတ်တော် နာယက က ဥပဒေကြမ်း တွင်ပါရှိသော
နိုင်ငံတော် သမ္မတ ၏ သဘောထား မှတ်ချက်ကိုသာ ဆွေးနွေး ရန် သတိပေးခဲ့ကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက် က သတင်းပေးပို့သည်။
နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက် နှင့် အတူ ပြန်လည်ပေးပို့ လာသော
၂၀၁၂ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေကြမ်း နှင့် အမျိုးသား
လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း အပေါ် နိုင်ငံတော် သမ္မတ ၏ သဘောထား
မှတ်ချက်ပြုခြင်း နှင့် စပ်လျဉ်း၍ ဆွေးနွေးခွင့် ရသည့်
လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး အနက် ဒေါက်တာအေးမောင် တစ်ဦးသာ
သတိပေးခံခဲ့ရသည် ဟု The Voice Weekly သတင်းထောက် က သတင်းပေးပို့သည်။
No comments:
Post a Comment