Saturday, November 17, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ရောက်ရှိ


နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ရောက်ရှိ 

Printer-friendly versionSend by email


နေပြည်တော် နိုဝင်ဘာ (၁၇)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီးယား  နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ၌ ကျင်းပမည့် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် အဖွဲ့ဝင်များ လိုက်ပါလျက် နိုဝင်ဘာ (၁၇) ရက်နံနက် (၁ဝ) နာရ်ီတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကမ္ဘောဒီး ယားနိုင်ငံ ဖနောင်ပင်မြို့သို့ ထွက်ခွာကြသည်။
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ (၁၂) နာရီ မိနစ် (၄ဝ) တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး H.E.Mr.Khiev Kanharith နှင့်တာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် ဇနီး ၊ စစ်သံမှူး ဗိုလ်မှူးချုပ် ရဲနိုင်မျိုးနှင့် သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
  ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ခေတ္တတည်းခိုမည့် ဖနောင်ပင်မြို့ရှိ Hotel Cambodiana သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။