Saturday, November 17, 2012

မြန်မာနိုင်ငံမှရွှေများပြည်ပသို့မှောင်ခိုတင်ပို့မှုရှိနေသော်လည်းတားမြစ်နိုင်ခြင်းမရှိသေး



မြန်မာနိုင်ငံမှရွှေများပြည်ပသို့မှောင်ခိုတင်ပို့မှုရှိနေသော်လည်းတားမြစ်နိုင်ခြင်းမရှိသေး 

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဒသမအကြိမ်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်ဥက္ကဌဦးသူတော်မိန့်ခွန်းပြောကြားနေပုံ
Messenger News Journal, 16 November 2012   —–  မြန်မာနိုင်ငံမှရွှေသတ္တုများကိုပြည်ပနိုင်ငံများသို့နယ်စပ်လမ်းကြောင်းများမှတဆင့် မှောင်ခိုတင်ပို့ကာတနိုင်တပိုင်
သယ်ယူရောင်းချမှုများရှိနေခြင်းကိုသက်ဆိုင်ရာမှသိရှိသော်လည်းယနေ့ အထိ ထိရောက်စွာတားမြစ်နိုင်ခြင်းမရှိသေး
ကြောင်းမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးသူတော်ကဒသမအကြိမ်နှစ်ပတ်လည်အသင်းသားစုံညီအစည်း
အဝေးတွင်ပြောကြားခဲ့သည်။

ယင်းသို့တရားမ၀င်ကိစ္စရပ်များကြောင့်ပြည်တွင်းရှိသယံဇာတများဆုံးရှုံးနစ်နာမှုများရှိလာသဖြင့်သက်ဆိုင်ရာတာဝန်ရှိသူ
များမှထိရောက်စွာတားဆီးသင့် ကြောင်း၎င်းကထပ်လောင်းပြောကြားသည်။


Messenger News Journal, 16 November 2012  —-
သဘာဝသယံဇာတရောင်းရငွေများနှင့်ပတ်သက်၍ သမ္မတအကြံပေး သတိပေးပြောကြာ
“မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အဓိကအချက်တွေထဲကမှ အဓိကကတော့ နိုင်ငံရဲ့အဓိက၀င်ငွေရှာပေးနေတဲ့ gas နဲ့ သဘာဝသယံဇာတ ရောင်းပြီးရတဲ့ငွေကို ပညာရေးမှာပြန်ရင်းနှီးမြုပ်နှံတာပဲ ။ ပညာတတ်တွေမရှိဘဲ နိုင်ငံတိုးတက်အောင်ဘယ်လိုမှလုပ်လို့မရဘူး။ မြေအောက်ကရတဲ့ သယံဇာတတွေကို မြေပေါ်ရောက်အောင် လုပ်ရမယ် ။ ဒီကရတဲ့ငွေတွေကိုဘယ်တွေမှာ သုံးလဲဆိုတာလဲ ပွင့်လင်းမြင်သာမှုရှိရှိဖော်ပြသင့်တယ်” ဟု ယနေ့ပြုလုပ်သော စီးပွားရေးဆိုင်ရာဟောပြောပွဲတစ်ခုတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။